Friday, August 18, 2017

စော်ဘွားဈေးနေ့(ကတ်ကောင်-ဈေးဟောင်းနေ့)

မင်္ဂလာပါရှင်~~~
မယ်ငီးလောကမှာ အရသာအရှိဆုံးက ကိုယ့်မွေးရပ်မြေအကြောင်းရေးရပြောရတာပါဘဲ..။အဲဒီထဲမှာမှ...
ဈေးထဲကစားစရာသောက်စရာတွေဆိုရင်တော့ဖြင့်..အိုး...ဘယ်ပြောကောင်းလိမ့်ပါ့မလဲရှင်....ကဲ...
သွားကြည့်ရအောင်..ကျိုင်းတုံက စိုင်းလုံတို့တသိုက်ဘာတွေစားသောက်ကြလဲလို့... 😁😆😋
( March လတုံးက ကြုံခဲ့တာ ခုမှပြန်ရေးတင်ရတာပါ)
ထုံးစံကိုယ်ကသမိုင်းအကြောင်းမပြောချင်..(အဲလေမပြောတတ်တာလည်းပါပါလိမ့်မယ်..ဟီး)။ 
အတိုချုပ်မှတ်ဖို့က အရင်စော်ဘွားခေတ်ကတဲက ဈေးလုပ်တဲ့နေရာဟောင်းလေးကို တနှစ်တခါ ပြန်လည်ကျင်းပတာလို့ဘဲ..မှတ်ယူကြပါရန်.. (ကိုင်း..ပြောင်မြောက်လှတဲ့သမိုင်း..အနှစ်ချုပ်.. 😍😜)
ဒီလိုကတ်ကောင်ဈေးနေ့မှာဈေးရောင်းရင် တနှစ်ပတ်လုံးရောင်းကောင်းတယ်လို့လည်းမှတ်ယူကြတယ်...
ညကတဲက လူပ်ရှားနေကြတာ..ကိုယ်လည်း.တခါလောက်...စနဲစနာထွက်ရသေး..ဗျား..ပါလျှံမြို့တံခါး
ဟောင်းကို ညရူခင်းနဲ့မမြင်ဖူးရင်..ကြည့်ကြပါ...
အိမ်နားတဝိုက်လည်း လင်းလို့ထိန်လို့...၁၉၈၉ ကတဲက မကြုံဖူးခဲ့တဲ့ ဈေးနေ့ပါ...နှစ်ပေါင်း ၃ဝကျော်..
ဖယား ဖယား..အချိန်ကုန်မြန်လိုက်တာ...မနေ့တနေ့ကလိုပါဘဲလား...
မနက် ၃-၄ နာရီကတဲကအသံတွေကြားနေရတာ..၅နာရီတောင်ထိုးသေးဘူး..အားလုံးခင်းကျင်းပြီးသွားပြီ ဆိုဘဲ...
မနက်၅နာရီခွဲမှာ ဒီလိုပါ..ရောင်းသူအဆင်သင့်..ဗမာစော ရှမ်းတောပြန်ဆိုတဲ့ စကားပုံက အလကားပြော
တာဟုတ်ဘူးနော့်..😁
ကိုင်း..သူတို့ရောင်းတာတွေ သွားလည်ကြည့်ကြရအာင်လေ...မုန့်ကျွပ်ကို ငရုပ်သီးပဲပုပ်တွေနဲ့သုပ်လိမ်းပြီး
ကင်တာတဲ့တော့်...စပ်လွန်းလို့..နဲနဲဘဲစားနိုင်ခဲ့တယ်..
ငယ်ငယ်တုံးကဖရဲသီးဆိုတာ ရန်ကုန်တောင်ကြီးရောက်မှ စားရတာ..အပြန်လေယာဉ်ပေါ်ပိုက်ပြီးဘယ်လာ
ကြတာ ကျိုင်းတုံသူတွေရဲ့အလုပ်ပေါ့ရှင်...
 ဟော...အီကြာကွေး..ထိုဖူးနွေးနဲ့လွေးမယ်..
ပါဆယ်လား..ထိုင်စားလား...ကိုယ်တို့ဆီကတော့ အသားမထဲ့ဘူး..ထိုဖူးနွေးကိုအသားနဲ့ထည့်စားတာ မြင်ခါစက အရမ်းအံသြလို့ပါ..ဆို...
မယ်ငီး..မမက ဖက်ထုပ်ဆီချက်ဘဲစားချင်တာတဲ့..ကဲပါလေ..သူခေါ်ရာလိုက်ရတာပေါ့...ရွှေရေကန်ရှေ့က
သူ့ဖေါက်သည်ကြီးတဲ့...

သူကအရည်နဲ့ကိုယ်ကတော့ ဆီချက်ဂျုံခေါက်ဆွဲ...
ပြီးရင် ဈေးတပတ်ပတ်အုံးမယ်...ကိုယ်တော့ ၂ခါဘဲပတ်ဖြစ်တယ်..လူကဆန့်ငင်ဆန့်ငင်နဲ့လေ...ပြောရင်
အရစ်ရှည်တယ်..ခင်ခင်ရှည်တာဝန်ယူထားတာ တာဝန်မကျေမှာစိုးလို့..တဖက်ကိုငဲ့လိုက်တာနဲ့ ကိုယ့်ရဲ့
နှစ်ပေါင်း၃ဝ ကျော်မှတခါပြန်ရောက်လာရတဲ့အချိန် အပြည့်အဝမပျော်နိုင်ခဲ့တာ သူများကိုလည်း အပစ်မတင်
နိုင်ပါ..ကိုယ့်ဖာသာကိုယ်ဘဲ အပြစ်မြင်ပါတယ်...ရှည်ချင်အုံးဟဲ့ ပါးစပ်...နောက်ဆုံးတော့ ကိုယ်ဘဲအပြော
ဆိုခံရတာ....မှတ်ပလား....
မုန်ညှင်းချဉ် ဂျုးမြစ်ချဉ် မုန်လာချဉ်...ထိုဖူးချဉ်...ဝက်သားတောက်တောက်စင်းနဲ့ကြော်စား..အားကီးကောင်း လယ်..သူငယ်မတွေရယ်...
သူတို့ဘာရောင်းလဲမသိ..သေသေချာချာမရိုက်ခဲ့မိဘူး...
ဆလပ်ရွတ် ပါလာထူးငါးနဲ့မုန့်ဟင်းခါးဖတ်(ခေါက်ဆိန့်ပိ) အချဉ်ရည်ပေးတယ် စားလို့ရမ်းကောင်းပေါ့..
ထိုင်းဟင်းချက်အနှစ်နဲ့ ငါးချဉ်... သူ့ငါးချဉ်အရမ်းမိုက်စ်...
အထုပ်လေးတွေက ပဲပုပ်ချဉ်..ရေညှိ(တောင်း) ရေညှိကို ကိုးရီးယား ဂျပန်ဘဲစားကြတယ်လို့ထင်တာမှားမယ်
ငီးငီးတို့ဂုံရှမ်းတွေတအားစားဘဲရှင်...ကြော်စာ ကင်စား...ပေါ့
ပလပ်စတိတ်ထဲက မုန်ညှင်းအစိမ်းကိုအချဉ်တည်ပြီး ပေါင်းထားတာ. ပျော့ဗြဲနေတာပါ( အင်း..ဒီနေရာမှာ
မယ်ငီးမှားကောင်းမှားပါလိမ့်မယ် ရမ်းသမ်းရွှီးချတာလေ..ဟီး)
ဒါတွေက တကဲ့ဂုံရှမ်းတောအစားအစာတွေပါ အရမ်းကြိုက်ဘဲ လုပ်တတ်ဘူး..စားဘဲစားတတ်တယ်ရှင့်..
ဒါက ထိုင်းအစားအစာပါ...ဝက်သားနဲ့ကြာဇံ တချို့ကထမင်း..ဝက်အူထဲသွပ်ပြီးကင်တာ ဂျင်းစိမ်းပါးပါး
လှီးထားတာနဲ့ကုလားအော်သီး အတူတူတွဲစား..တော့ဆွေမျိုးမေ့မှာပေါ့...
မာလော့...(ဗမာအခေါ်မသိပါ) ချဉ်တယ်..အချဉ်စိမ် ပဲပုပ်နဲ့ ငရုပ်သီးနဲ့ကြံသကာရည်နဲ့..ငယ်ငယ်ကအရမ်း
စားခဲ့ဖူးတယ်..
 ခေါက်ဆွေသည်..ထမင်းနဲ့ကြံရည်လတ်လတ်ဆပ်ဆပ်..
 အကြော်စုံ..
ရွှေဆိုင်လည်းဖွင့်...
တူမလေးက မီးတွင်းထဲမှာ ဈေးရုံဆင်းခါစ အဲ့တာဈေးရောင်း သူတို့တွေအလုပ်ရူပ်နေတော့ ၂နှစ်သားမြေး
ထိန်းမဲ့သူမရှိ.. ဈေးထဲပတ်တာသူ့ချီသွားရတယ်..လူကြားထဲလမ်းမလျောက်ချင်လို့တဲ့။ကိုယ်ကတော့အိမ်ရှေ့မှာရောင်းတဲ့ ဝါးအစ်လေး (ကောက်ညှင်းထဲ့ဖို့) ဝယ်ခဲ့တယ်..ဆွဲချင်းက သေတ္တာထဲထဲ့မရလို့ အရမ်း
လိုချင်တာ..ဘုန်းကြီးကျောင်းတက်ရင် ဆွဲချင်လို့...
 သူတို့အခေါ် ကွန်ပြူတာပန်းထိုး..တဲ့..
 ကိုယ်တော့ ချည်သားစစ်စစ်ဘဲကြိုက်တာရှင့်...
ရွှေညောင်ပင်လို့လည်း လူသိများတဲ့ ညောင်ပင်အောက်က အဆောက်အဦထဲမှာတော့ လူတွေရှိခိုးကြ အလူလုပ်ကြတာတွေ့ရတယ်..

ဒီလွှိုင်ရှမ်းလင်မယား..အရမ်းချစ်ဖို့ကောင်း...ရွှေညောင်ပင်ကိုတိုင်တည်ဆုတောင်းနေတယ်..ကျမကတနှစ်
လုံးရောင်းကောင်းအောင်အတင်းဆုတောင်းနေလားလို့စလိုက်တာ..ပြုံးနေတာဘဲ...
ညောင်ပင်ပတ်လည်မှာ ဌက်တွေရောင်းကြတယ်
ဌက်လေးတွေအလှုလုပ်လွှတ်ဖို့ရောင်းတာလေ..

တနှစ်တခါ လူအများအတွက်စော်ဘွားသချို ၤးဖွင့်ပေးတယ်..(ခုမှဖွင့်တာပါ) ကိုယ်လည်းဝင်ခဲ့ရတယ်..
တသက်နဲ့ တကိုယ်ပထမဦးဆုံးဝင်ဖူးခြင်းပါ.. စော်ဘွားကြီးဂူရှေ့မှာ ကန်တော့ကြတယ်..
အထွက်မှာတန်းစီလို့...တောင်းစားသူများ..ယဉ်ယဉ်ကျေးကျေးပြောချင်ရင် အလူခံပုဂ္ဂုလ်ပေါ့...ပေးသူယူသူ
၂ဦး၂ဖက်သဘောတူညီမူ့ရှိရင်လောကကြီးဟာ အရာရာလှပနေပါတယ်...

ခပ်မြန်မြန်လေး...ပြန်စဉ်းစားချိန်မပေးဘဲ...ရေးချွတ်ရလို့..အမှားပါရင်လည်း..မျက်စိမှိတ်သာကျော်သွားကြ
ပါလေ..တလနေမှတပုဒ်တလေတောင်မတင်ဖြစ်ရလေခြင်း..ဆိုတာမျိုး ရှောင်ချင်တာနဲ့..သုတ်သုတ်ကလေး
နှင်လို့ ခါတိုင်းလို့ ဇရပ်မင်းစည်းစိမ်မျိုးနဲ့မရေးနိုင်တာအမှန်ပါ....ရှင်😙😛😚

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~~
#meemeenage

Friday, August 11, 2017

တရေးလန့်နိုးလို့ထကြည့်မိတဲ့အခါ..

မင်္ဂလာပါရှင်~~~
(ကျော်ဟိန်းလေသံဖြင့်ဖတ်ရန်)
လူသားအားလုံးကိုလေးစားပါတယ်...ဗျာ😆😁😂
ဘုတ်အုပ်ထဲကရောအပြင်ဘဝမှာရော

မနက်မိုးလင်းခါနီး အိမ်မက်ကနေရုတ်တရက်လန့်နိုးလာရင် ကိုယ့်ကိုယ်ကိုဘယ်ရောက်နေပါလိမ့်လို့
ပထမဆုံးစဉ်စားခန်းဖွင့်လို့ မျက်စိပေကလပ်လေးနဲ့ အိပ်ယာကထခဲ့ဖူးတယ်..။ တကယ်ဆိုရင် အိမ်မက်
ထဲမှာ လူဆိုးတွေလိုက်တာ ပြေးလွှားမောဟိုက်နေတာ လေပေါ်ဝဲပျံနေတာတွေက တကယ်မှမဟုတ်ဘဲဟာ။ အိမ်မက်ပါဆို...ရေတခွက်လောက်သောက်ပြီး..အော်..အိမ်မက်ဆိုတာ တကယ်မှမဟုတ်ဘဲ၊ကိုယ့်ကိုယ်ကို
ဖြေသိမ့်လို့ရတယ်။ အိမ်ကိုသတိရရင် အဖေ အမေ အကို ၂ယောက် တယောက်ယောက်ဆီဖုံးဆက်လိုက် 
ရီစရာလေးပြောလိုက်နဲ့..။ တခြားတိုင်းပြည်မှနေထိုင်ပင်ပန်းတာတွေ ပျောက်သွားသလိုပါဘဲရှင်...။ 
ဟော..ခုလည်း တရေးနိုးထကြည့်တာ..တယောက်မှမရှိတော့ပါလား..သွားကြကုန်ပြီ...။
I'm going to be 54 years!!!(OMG) I feel like 0nly 25 💪😲😝
ကျားကျားလက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားမိနေတယ်...။ မိသားစုထဲက အငယ်ဆုံးတယောက်ရဲ့စိတ်
ခံစားချက်ကို မိတ်ဆွေနားလည်ကြမှာပါ..။ ဘာမှနားမလည်ဘဲနဲ့ ကျောင်းသာပြီးသွားခဲ့တယ်..။အရာရာအား
လုံး အကို၂ယောက် အမတွေလိုက်လုပ်ပေးလို့၊ တကယ်ဘုမသိဘမသိဘဲနဲ့ အသက် ၂ဝကျော်သွားတယ်။
ဟိုယောင်ယောင် ကြောင်တောင်ပေါင်တောင်နဲ့ ထိုင်းရောက်သွားတယ်။ ပြန်လာတယ်။ရန်ကုန်မှာ အလုပ်မျိုးစုံလုပ်ကိုင်ခဲ့တယ်..။ ယောင်နောက်ဆံထုံးပါလို့ အနောက်ကမ္ဘာပြန်ရောက်သွားတယ်...။ တမျိုးပြီးတမျိုး တမြို့ပြီးတမြို့ နေရာဒေသပြောင်းလဲသွားလိုက်တာ..ကဲ..ပြီးခဲ့တဲ့အပတ်က အိမ်ထပ်ပြောင်းပြန်ပြီရှင့်။
၅ဝ ကျော်ကာလ ၂၇ အိမ် ၉မြို့မှာ ၅နိုင်ငံ ပြောင်းပြီးသွားပြီ..😁😆😎 တခါတလေကိုယ့်ဖာသာကိုယ်အိမ်
မက်မက်နေသလိုဘဲထင်နေတာ..အော်...အဲ့တာက ဘဝဘဲလေ...။ တကယ့်မယ်ငီး ဘဝရှင့်..။ တကယ်ဆို
လူဆိုတာ ကိုယ့်ကိုယ်ကို ဘာကောင်လည်းလို့ သိနားလည်ထားရင် အားလုံးအဆင်ပြေသွားမှာပါ...လေ။
ခုတော့ မယ်ငီးက ဟိုမရောက်ဒီမရောက်ရှင့် 😛😆😋😜
ကြိုးတံတားဆိုတာလည်းလျောက်လှမ်းခဲ့ဖူးပါတယ်...လေ


ဟော...သြဂုတ်လရောက်ပြန်ပြီ..အရင်ကမွေးနေ့ဆိုရင် အကိုအငယ်(ညီညီ)နဲ့အမေက တနေရာစီမှာအ
လှုတွေလုပ်ပေးလေ့ရှိတယ်။ ကိုယ်က အဝေးကနေသာဓုခေါ်ယုံဘဲ..။ သူတို့က မွေးနေ့ကိုမှတ်မိတယ်။
ကိုယ်တိုင်ကျတော့ ဘာမှလုပ်လေ့မရှိပါဘူး...။ ခုတော့မွေးနေ့ကိုသိပ်လည်းရင်မခုန်တော့ပါဘူး..။ 
လိုအပ်တဲ့နေရာတွေမှာ တတ်နိုင်တဲ့အလှုလုပ်ဖို့ ငွေဘဲလွဲပေးနိုင်တဲ့အဆင့်ပါဘဲ။ အမေပြောဖူးတဲ့ လမပြည့်ဘဲ
မိုးတွေတအားရွာတဲ့အချိန်မှာ ဗိုက်မနာဘဲနဲ့ မွေးထွက်လာတဲ့မယ်ငီးပါ..မွေးကတဲက အမေ့ကိုလည်း မနာကျင်စေခဲ့ဖူးတဲ့..။ခုလည်း မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးမောင်နှမ အားလုံးကို ဒုက္ခမပေးလိုပါ။ ကိုယ့်ဖာသာကိုယ် လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် သူများဆီအကူအညီတောင်းဆိုတာ အပြောလွယ် အလုပ်လွယ်ခဲ့ဖူးတယ်။ ဒီတော့ ဆွမ်းတော်တင် ဘုရားရှိခိုး တရားထိုင်..ကဲ..ဘာလိုသေးလည်းကြုံရင်အလှုလုပ်မလုပ်နိုင်သေးရင်တိတ်တိတ်နေပေါ့နော့်...။

အမတယောက်ထဲကျန်တော့တာ...။ နွေရောက်ရင် ပြန်နေကျ၊ ခုတော့ ပြန်ရမလိုလို မပြန်ရမလိုလိုနဲ့..။
ဒါပေမဲ့လည်း..သိပ်စိတ်ဓါတ်မကျဖို့ ကိုယ့်ဖာသာကိုယ်အားပေးပါတယ်။ အမေတို့ရှိရင်လည်း အရင်လို
မယ်ငီး..အတွေ့အကြုံတွေပြောပြလိုက်ရီလိုက်နဲ့ တက်ကြွနေတာ သူတို့မြင်ချင်ကြမှာပါလေ..။
နေပူလွန်းလို့ပုဝါခြုံတာလေတိုက်လို့ တခြမ်းစောင်းသွားလေရော...
အင်း..ဘာလိုလိုနဲ့ လူကြီးဘဝထဲခြေစုံပစ်ဝင်နေတာတောင် လူက သူငယ်နာမစင်ချင်သေးဘူး။ (ခုလည်း
ကြည့် ကိုယ့်ပုံတွေချည့်ဘဲလိမ့်တင်ပြီး သူငယ်ပြန်နေတာ..အဟဲ) ဘာဘဲဖြစ်ဖြစ် အားတင်းပြီး ကျန်တဲ့
အချိန်တွေကို အကျိုးရှိအောင်အသုံးချရမယ်လေ...။ ဟုတ်လား...။ ဒီတော့ အိမ်သိမ်းနေတဲ့အချိန် တွေ့မိတဲ့
ဌက်ပျော်သီးမှည့်ရွဲနေတာ မပစ်ချင်တာနဲ့ ပျားရည် သံလွင်ဆီရောပြီး ဆံပင် မျက်နှာ နူတ်ခမ်းပါမကျန် 😜
ဟင်းဟင်း..တကိုယ်လုံးပေါင်းတင်ပစ်လိုက်တယ်...။ အမည့်လွန်လည်း သုံးတတ်ရင် အသုံးကျပါတယ်လေ။
လှတပတလေးပြင်လို့ ရှေ့ဆက်ရမဲ့အနာဂါတ်ခရီးအတွက် ရုန်းလိုက်အုံးမယ်နော်..။လူလည်းလှအောင်ပြင်
စိတ်လည်းလှအောင်ထားလို့ လုပ်ရမဲ့အလုပ်တွေပြန်စကြတာပေါ့။ တရေးနိုးလို့အကြံပေါ် ပေါ်တဲ့အကြံပြန်
မအိပ်ပါဘူးနော်...။

ခရီးသွားဇာတ်လမ်းတွေ ကျိုင်းတုံက စော်ဘွားဈေးနေ့ ဂုံရှမ်းထုံးစံ အလှုအဒါန်းတွေ မင်္ဂလာဆောင်တွေ လာပါအုံးမယ်လေ...တနေ့နဲနဲပေါ့ရှင်....(ဒီတခေါက်တော့နဲနဲမျက်စိနောက်သွားရင် အဖွားအိုလေးအတွက် တခါလောက် ခွင့်လွှတ်ပေးပါနော်..) 😉

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage