Tuesday, October 18, 2016

လည်ရာပြန်စားရေး...

မဂၤလာပါရွင္~~~
တခါလောက်မြန်မာပြည်ပြန်သွားရင် ဟိုကကျွေး ဒီကကျွေးနဲ့ အလည်ခဏရောက်သူတွေကို ဧည့်ခံကြတာ
ကိုယ်တို့ရဲ့ ချစ်လှစွာသော ဓလေ့ထုံးစံတခုပေါ့နော်..။ မယ်ငီးလည်း ၂ဝ၁၅ က ၂ခါကြီးများတောင်သွားလည်
ပတ်ထားတာ စားခဲ့တာများ..ခုထိပြန်စမြုံပြန်နေရတုံး..ဟီး..တချို့ဟာတွေလည်း ရေးဖူးပါတယ်..။ အဲ့ထဲက
စဉ်းစားမိတိုင်း မျက်ရည်ဝိုင်းသည်..အဲ့လေ..သားရေယိုစရာလေးတွေ ကျန်ခဲ့တာလေးတွေ၊ ပြန်ပြီး စမြုံပြန်မ
လို့ဗျု့ိ....။

မယ်ငီးရဲ့ပထမဦးဆုံး ဓါတ်ပုံရူ့ ပိတ်သတ်ကြီး..အဲ့တုံးက မြန်မာစာမနှိပ်တတ်သေးဘူးလေ..အဟဲ စာဖတ် ပိတ်သတ်ကြီး မိုးဦးစပယ် ဆိုတဲ့ အမျိုးတူ အင်းစကူးညီမလေးက အင်းယားလမ်း Happy ခေါက်ဆွဲဆိုင်
ခေါ်ကျွေးတယ်။ မယ်ငီး သူငယ်ချင်း တယောက်တောင်အဆစ်ပါလိုက်သေး..။
ခေါက်ဆွဲတော့ ခေါက်ဆွဲဘဲမှာလိုက်တာ ဘာခေါက်ဆွဲမှန်းတောင်မမှတ်မိဘူး..ဆိုင်လေးကသပ်ရပ်ပြီး
နိုင်ငံခြားသားတွေ အများကြီးတွေ့ခဲ့တယ်..။ စားလို့ကောင်းတယ်..မဆိုးဘူး..။
 ညီမလေးကတော့ ပုန်းရည်ကြီးထမင်းနဲ့ ကြက်ကြော်တဲ့..။
ရှမ်းခေါက်ဆွဲထုံးစံ သားရေပွကြော်တို့ ဝက်ခေါက်ကြော်တို့ မုန်ညှင်းချည်တို့ပါတာပေါ့...
မြန်မာပြည်အနယ်နယ်အရပ်ရပ်ကခေါက်ဆွဲမျိုးစုံရနိုင်တယ်...ကျိုင်းတုံ ခေါက်ဆိန့်ကျန်(ဝက်အူခြောက်)နဲ့
လည်းရတယ်။ ဈေးနူန်းလည်း မဆိုးဘူး...။
 ညီမလေး မိုးဦးစပယ်ရဲ့ အလုပ်ကုမ္မဏီနေရာ..
နောက်ပြီး အင်းပိုးထမိန်တထည်လက်ဆောင်ပေးတယ်။ဘယ်လောက်ချစ်စရာကောင်းသလဲဆိုတာ..မပြော
တော့နဲ့.. ညီမလေးကဘုရားတရားကိုင်းရိူင်းပြီး စင်ကာပူကုမ္မဏီတခုမှာ ရာထူးအကြီးကြီးနဲ့ဗျ..

သူငယ်ချင်းအခန်းမှာအိပ်တော့( သူကရုံးခန်းလည်းဟုတ် အိမ်လည်းလုပ်ဆိုတဲ့နေရာမှာလေ..ဟီး) ဘယ်မှ
မသွားတဲ့အချိန် သူ့နောက်ကို လိုက်ပြီးစားရတာပေါ့ရှင်..ကျမသူငယ်ချင်းကအစားမက်တယ်။ တချိန်လုံးစား
မှနေသာထိုင်သာရှိပါတယ်ဆိုတဲ့ လူတန်းစားထဲကပေါ့ရှင်..။ အိမ်ကမြို့လည်ခေါင်နေရာ အရမ်းဟန်ကျဘဲ
မနက်ဆိုရင် ဆူးလေဘုရားနားက ပန်းခြံသွားလေ့ကျင့်ခန်းလုပ် ပြီးတနေကုန်စားပေါ့..အဟဲ...။
တခါမှ ဗန္ဓုလပန်းခြံထဲမရောက်ခဲ့ဖူးဘူး..မယ်ငီးရဲ့ရှားရှားပါးပါးအတွေ့အကြုံထဲကတခု...
သူငယ်ချင်းကတောင်ငူသူဆိုတော့ တောင်ငူမုန့်ဟင်းခါး လုပ်ကျွေးပါတယ်။ အသုပ်သဘောမျိုး အပြင်ကနေ
ဆန်လှော်မုန့်တွေ ခရမ်းချဉ်သီးတွေနဲ့သုပ်စားရတာ ဟင်းရည်ကသပ်သပ်ဗျ.. မယ်ငီးတော့ကြိုက်တယ်..။
သူငယ်ချင်းကရုပ်ရှင်လောက ထုတ်လုပ်ဖြန့်ချီသူတွေဆိုပါတော့။ သူ့မိတ်ဆွေကလည်း မယ်ငီးကိုခင်လို့ လိုက်ကျွေးမယ်တဲ့ ရှမ်းရိုးမ ဆိုတဲ့ဆိုင်ခေါ်သွားပါတယ်။ ဒီဆိုင်က Happy ထက်ဈေးကြီးပြီး မယ်ငီးတော့
လုံးဝမကြိုက်ဘူးဆိုပါတော့။ ရှမ်းဝက်သားချဉ်ကို လာချထားပေးတာ ရေခဲသေတ္တာကထုပ်ပြီး ဒီအတိုင်းဘဲ။
အေးစက်မာခဲနေတာ..အံသြပါ့ရှင်...လိုက်ကျွေးတဲ့သူတွေကိုအားနာလို့ အရိုးများလေး ချေးခါးလေးမပြောရဲ ဘူးရှင့်..။ အိုးး..ကောင်းထှာ ကောင်းထှာ...နဲ့ဘဲပေါ့...ဒါက ယဉ်ကျေးမူ့လေ..နော်..
သူငယ်ချင်းတော့ စီလုတ်ပီပီ.. ဒင်းဆမ်းအရမ်းကြိုက်ဘဲ..မနက်မနက်လေ့ကျင့်ခန်းသွားယူရင်းအတူတူတွဲ
ဖြစ်တဲ့ သူ့မိတ်ဆွေတွေ တရုတ်အဖွားကြီးတွေပါ တယောက်က ဒီဆိုင်ပိုင်ရှင်တဲ့။ ကျမရှိတုံး ထိုဖူးတုံး တစ်
တုံးလက်ဆောင်လာပေးတာ..အိုး..၃ရက်စားလည်းမကုန် ကြီးမားလှတဲ့ ထိုဖူး..။တကဲ့ သူဋ္ဌေးတွေဆိုတာ
အနေအထိုင်လည်း ပပလွှားလွှားမရှိကြဘူး..။
နေ့တိုင်းသွားလည်းစားနိုင်သူကြီးတသိုက်ကို တားယူရတယ်..ဟယ်..တခြားဟာလေးစဉ်းစားပေးပါလား..
လို့...တခါသွားလည်ရင် အဲ့ဆိုင်ကြီး ၃ခါလောက်လိုက်စားရတယ်..တကယ်ဘဲ..မိုင်သူငယ်ချင်းရေ..
ငယ်သူငယ်ချင်းတယောက်နဲ့မမျော်လင့်ဘဲ သွားတွေ့တာ။သူကပါလာတဲ့ ဧည့်မြောင်..အဲလေ ဟုတ်ပါဘူး
အဲ့ဒါလည်း သူငယ်ချင်းပါဘဲ..သူတို့က တောင်ငူသားတွေဆိုတော့ အချင်းချင်းရေပက်မဝင်ပြောကြတာ.. မယ်ငီးကဘေးကနေထိုင်ပြီး ဟိုငေးဒီငေးနဲ့ သူတို့ခေါ်ရာနောက်တအိမ်ကိုရောက်သွားပါရောလား...။ အဲ့..
အိမ်ကလည်းပြောလိုက်စပ်လိုက်တော့ ကလောက အကို့သူငယ်ချင်းအိမ် အရင်ကမယ်ငီးနေခဲ့တဲ့ ရန်ကုန်
တိုက်ခန်း(အစောင့်အနေနဲ့ သူငယ်ချင်းကဂျပန်မှာ) သူတို့နဲ့အရမ်းခင်ပြီး မယ်ငီးသွားလည်ဖူးတဲ့အိမ်..တဲ့။
အခုဟာကအိမ်သစ်..ခေတ်တွေလည်းပြောင်း..အချိန်တွေလည်းပြောင်း..သံသာရာကြီးက ပြန်ပြန်တွေ့နေ
တာဘဲ..သူတို့ကျွေးတဲ့ထမင်းပွဲကြီးကမှ မိုက်ထှာ...။
အဲ့ဒီ မန်းကျီးရွှက်သုပ်ကို ကလှော်ကလှော်ပြီးထဲ့စားတာ  ၃ခါလောက်ဆိုကုန်သွားရော..အိမ်ရှင်နောက်တပွဲ
ထပ်ချပေးရတယ်..အဟီး..အားလည်းနာတယ်ခင်လည်းခင်တယ်...ဒီ့ထက်မက ချမ်းသာပါစေ... 😎

နောက်လသာ၂ ဘော်ဒါဆောင်ကသူငယ်ချင်းတွေနဲ့ ငွေဆောင်ရောက်ခဲ့သေးတယ်။ ပြန်ခါနီးကျ အတင်း
ခေါ်ပြီး ထပ်ကျွေးလိုက်ပါသေးတယ်..။ ထိုင်းကလာဖွင့်တဲ့ဆိုင်ခွဲတဲ့...ထိုင်းမှာတော့ အဲ့ဆိုင်ခဏခဏ
စားဖြစ် ပါတယ်။
သူငယ်ချင်းတွေလည်း တကဲ့ ဟဲဗီးကြီးတွေ သားသမီးတွေကြီးကုန်လို့ ဘဝမှာ အောင်မြင်မူ့တွေနဲ့ပြည့်စုံ
နေတဲ့ မပြောင်းလဲတဲ့ ငယ်သူငယ်ချင်းတွေပါ..။ မယ်ငီးစာရေးတာတောင် တယောက်လောက်ဘဲသိပြီး..
ဒီမှာတိုးတိုးတိတ်တိတ်လေး..လာပြောပြတာ..အဟဲ..။
ဒါကတော့ ညီမ၂ဝမ်းကွဲက မယ်ငီးနဲ့သူ့အမအမေရိကားကလာတာရယ်၊ နောက်သူ့အမျိုးသား သဘောၤ
ကပ္ပတိန်ဖြစ်တာရယ် အထိမ်းအမှတ်တွေနဲ့ကျွေးပါတယ်...ဆွေတော်မျိုးတော်တသိုက်ဆုံကြ ပျော်ကြစားကြ
နဲ့ လမ်းမုန်းတောင်ကလိုက်ပါသေးတယ်..။
ခလေးတွေက ဖုန်းဘဲပွတ်နေကြတာ အစားလည်းကောင်းကောင်းမစားဘူး...အဲ့တာတော့ တကယ်ဘဲ စိတ်ပျက်စရာ..။
 အစားအသောက်တွေ လုံးဝအရာမယွင်းပါဘူးဆို...
လူကြီးပွဲကတော့ မယ်ငီး အမေရဲ့အမဝမ်းကွဲနဲ့ မယ်ငီး အမ ၂ ဝမ်းကွဲတွေ အကိုတွေပေါ့...။
စားတဲ့အထဲမှာ အမြင်မလှပေမဲ့ ခံတွင်းတွေ့တဲ့ ဟင်းတပွဲကတော့ ခေါက်ဆွဲအကျွတ်ကြော် ကော်ရည်ဆမ်း
ဆိုလားဘဲ...။

ကိုင်း...တာတာလုပ်ချိန်တန်ပြီ...ဒီအမေရိကားမှာလည်း လသာ ၂ကျောင်းသူဟောင်းတွေ gathering
လုပ်ကြတယ်တဲ့ LA ဖက်မှာ....သွားချင်ပါတယ်..အခြေအနေမပေးလို့..ဟွန့်...😏

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~~
မီးမီး

Tuesday, October 4, 2016

မဟာဒုတ်အလှုနဲ့အင်းသားဟင်း..

မင်္ဂလာပါရှင်~~~
ဝါခေါင်လဆိုရင် မဟာဒုတ်စာရေးတံမဲပွဲကို နေရာတော်တော်များများကျင်းပကြပါတယ်။ မယ်ငီးရဲ့ ကျိုင်းတုံ
ဈေးတန်းကြီးရပ်ကွက်မှာလည်း အစဉ်အဆက်ကျင်းပလာတာပေါ့။ ကျိုင်းတုံမှာက လူမျိုးပေါင်းစုံဆိုတော့
ဘုန်းကြီးကျောင်းတောင် ဂုံရှမ်းကျောင်း ရှမ်းကျောင်း ဗမာကျောင်း ..အိုး..စုံပါ့ဗျား..။ ကိုယ်တို့ဈေးတန်းကြီး
ရပ်ကွက်က ကျောင်းမောက်မယ်ဆိုတဲ့ ဘုန်းကြီးကျောင်းက ဂုံကျောင်းမဟုတ် ရုမ်းကျောင်းမဟုတ် ဗမာ မဟုတ်တဲ့ ရပ်ကွက်သားတွေရဲ့ဘုန်းကြီးကျောင်းတကျောင်းဆိုပါတော့။ ခုတော့ ကောင်းမူခမ်းကျောင်းတဲ့
နံမည်ပြောင်းသွားပြီ..။ကျောင်းလည်းအများကြီးပြောင်းလဲသွားတယ်။ ထားပါလေ..ပြောပြချင်တာက အ တိတ်ကဇာတ်လမ်းကောင်းလေးတွေအကြောင်းပါ...။
ဘုန်းကြီးကျောင်းမှာလူစုနေကြတာ ဘုရားပေါက်တဲ့အိမ်ကိုဘုရားပင့်ပြီးသွားပို့
ဘုန်းကြီးကျောင်းရဲ့သာရေးနာရေးကိစ္စအဝဝကို ဦးစီးတာက အင်းသားတွေလေ..ဒီတော့အင်းသားအငွေ့အ သက်မကင်းတဲ့ ဘုန်းကြီးကျောင်းပေါ့.။ရပ်ကွက်ထဲမှာလည်း အင်းသားတွေများခဲ့တယ်။ ခုတော့ သိပ်မရှိကြ
တော့ပါဘူး။ ဆုံးပါးသွားတာ နေရာဒေသတွေ ပြောင်းကုန်ကြတာနဲ့ နဲနဲလက်ကျန်ထုံးတမ်းစဉ်လာနဲ့ဆက်ပြီး
ချီတက်နေဆဲပါဘဲတဲ့။ အကြိမ်ပေါင်း ၄ဝ ရှိပြီတဲ့..။ ကိုယ်တို့ခလေးဘဝကတဲကပါဆို...။
ဘုရားပင့်
အဲ့ဒီအထဲမှာ ဝါခေါင်လ မဟာဒုတ်အလှုဆိုရင် အရမ်းပျော်စရာကောင်းတာပေါ့။ ဘယ်အိမ်က သံဃာတော် ဘယ်နှစ်ပါး ပင့်မလဲဆိုတာစာရင်းပေး၊ ပြီး လိုအပ်တဲ့သံဃာအရည်အတွက်ရအောင် တခြားဘုန်းကြီး
ကျောင်းမှာ ပင့်ဖိတ်ခဲ့ကြတာပေါ့။ဘုန်းကြီးကျောင်းမှာမဲတွေနိူက်တယ်။ ဘုရားမဲ၊ ရှင်ဥပကုတ္တမဲ နဲ့ ရှင်သီဝ လိမဲ ဒီလိုသတ်မှတ်ထားပြီး အလှူရှင်နံမည်ကို မဲလိပ်လုပ်ပြီး မဲနှိုက်ကြတာ..။ကိုယ်ရည်စူးတဲ့ သံဃာအရည် အတွက်ကသတ်သတ် သတ်မှတ်ထားတဲ့ မဲသုံးမဲကနေ တစ်မဲပေါက်ဖို့ကံစမ်းရတယ်။ကိုယ့်နံမည်ခေါ်သံ
ကြားရရင် ကံထူးပြီသာမှတ်ပေတော့..။
ဈေးတန်းကြီးရပ်ကွက်သူတွေရဲ့ဝတ်စုံ

ခုတော့ တချို့လူတွေကတခြားရပ်ကွက်တွေကိုပြောင်းသွားပေမဲ့လည်း ဒီအလှုမှာပါလို့
ဘုရားမဲပေါက်တာနဲ့ အဲ့ဒီအထိရပ်ကွက်သားတွေကတပျော်တပါးသွားပို့ကြတယ်





ဘုန်းကြီးကျောင်းတခုလုံး စာသင်တိုက်ကသံဃာတွေ ကိုရင်ငယ်လေးတွေနဲ့ ဝါထိန်ပြီး ရူပ်ယှက်ခပ်နေတာ
အရမ်းပျော်စရာကောင်းတာဘဲ။ တချို့လည်း အိမ်ကိုမပင့်တော့ဘဲ စုပေါင်းအလှူသဘောမျိုးလုပ်ပြီး စုပေါင်း အလှူငွေထဲ့ ဘုန်းကြီးကျောင်းမှာဘဲ စုပေါင်းချက်ကြပါတယ်။ တရပ်ကွက်လုံး အိမ်တိုင်းနီးပါးဆွမ်းကပ်ကြ
တာပေါ့။ ကိုယ့်ဆွေမျိုးအပေါင်းအသင်းတွေဖိတ်ကြနဲ့ တလမ်းလုံး အဝင်အထွက်တွေများပြီး ပွဲတော်လိုစည်
ကားနေတာပေါ့ရှင်..။ အဟင်း...ပြောစရာမလိုအောင် မယ်ငီးတို့အိမ်က အင်းသားဟင်းပေါ့...။စပယ်ရှယ်
အဖေ့လက်ရာ ဝက်သားနီချက် ငါးအစပ်ချက် ပဲပုပ်စေ့ကြော် ထိုဖူးခေါက်ကြော် ဂျုးမြစ်သုတ် အစိမ်းကြော်
အကြီးဆုံးအိုးကတော့ ငါးရံ့ဆန်လှော်ဆေးခါးပေါ့ရှင်...။
သွားဖို့အစဉ်သင့်တဲ့..
 လမ်းထဲက အဖေ့အမျိုးတွေ မိတ်ဆွေတွေ အမေ့အမျိုးတွေ အထူးသဖြင့် ဦးကြီးတွေ အဖိုးကြီးတွေပေါ့။ "ဟယ်..အယ်ဆိမ်းမောင် ဆေးခါးဟင်းချက်ရင် ငါ့အိမ်တခွက်လာပို့လှဲ့"ဆိုတဲ့ သူတို့အင်းသားစကားနဲ့ပြော
ဆိုထားပြီးသား အမိန့်ချထားပြီးသားလေ။ "ကျမအဖေနံမည် "သိန်း"ဆိုတာ အင်းသားအသံထွက်နဲ့ဆိုဆိမ်းတဲ့..ဟိ.😁 ပြီးခဲ့တဲ့အပတ်က အိမ်မှာ မဟာဒုတ်အလှုလုပ်တာ သံဃာ ၅ပါးယူတယ်တဲ့။ အဖေရှိတုံးကဆို ၇ပါး ၉ပါး ဒီလိုယူတတ်တယ်။ တခါတလေလည်း ၅ပါးပေါ့...။ လူအားလည်းများတော့လုပ်နိုင်တယ်လေ..။ ခုတော့ တူမလေးနဲ့ အမေတို့ရဲ့မွေးစားသမီးဘဲချက်တာ..။ အမနဲ့ တူမအမျိုးသားကသူတို့မိတ်ဆွေတွေလည်းဖိတ်ချင်တယ်ဆိုလို့ ဖိတ်ချလာတာ စုစုပေါင်းလူ ၅ဝ လောက်ဖြစ်သွားတယ်တဲ့။အမေကအရမ်းပျော်နေတာတွေ့ရတော့ ဝမ်းသာကြည်နူးမိတယ်။
နောင်ဖာဆိုတဲ့ရပ်ကွက်အသွား..
ဘုန်းကြီးကျောင်းကဓါတ်ပုံတွေကိုတော့ တော်လည်းရမတော်လည်းရ ဆွေမျိုးနီးစပ် အင်းသားမျိုး စာသင်
ပေးခဲ့ရတဲ့တပည့်မလေးတယောက် (သူကတော့ ကျျိုင်းတုံမှာသူဋ္ဌေးမကြီးဖြစ်နေပြီတဲ့)ရဲ့ fb ကဓါတ်ပုံကို သုံးထားတာပါ။ ကဲ..မယ်ငီးအိမ်ဖက်က ဟင်းတွေသွားချောင်းကြည့်ရအောင်လေ...
 ပဲပုပ်စေ့ကြော်နဲ့နမ့်ဖစ်(ခရမ်းချဉ်သီးပဲပုပ်ထောင်း)
 အချိုပွဲကတော့ အဆန်းမဟုတ်ပါဘူး..နေရာတိုင်းရနိုင်တဲ့မုန့်တွေအသီးတွေပါ..
ဝက်သားနီချက်(ကြက်သွန်ဖြူနဲ့ချက်ပြီးကြက်သွန်နီကိုအလုံးလိုက်ထဲ့တာ) သူတို့ကတော့ မယ်ငီးလိုသား သားမြင်တာနဲ့ သားရေတမြားမြား ဓါတ်ပုံတွေမရိုက်တတ်ရှာဘူးလေ..အဟီး.....(ကိုယ့်ကိုကိုယ်ဖော် မသူတော်ကြီးလေ..)တို့စရာနဲ့ ငါးချိုချဉ်..
ဂျုးမြစ်သုပ်ဓါတ်ပုံကမွဲချက်ဗျာ...ကိုယ့်ရဲ့အကြိုက်ဆုံးဟင်းထဲကတခွက်ပေါ့..ဂျုးမြစ်ကို ဆနွမ်း မကျဉ်းသီးမှည့် နဲ့အရင်ဆုံးပြုတ်အကြာကြီးမဟုတ်ဘူး..ခဏလေးပါဘဲ။ ပြီးရေစစ်ထား လက်နဲ့သေသေချာချာညှစ် ရေ မပါ
အောင် နှမ်းမဲလုံးလှော်(နမ်းအပြားမျိုးမဟုတ်) မညှက်တညှက်ထောင်း ဆီချက် ခရမ်းချဉ်သီးမီးဖုတ် ကြက် သွန်နီကြော် ဆား ငရုတ်သီးအထောင့်လှော်ထောင်းနဲ့သုပ်တာ ဂျုးမြစ်ရဲ့ ဆတ်တောက်တောက် ကြွပ်ကြွပ်
လေးချိုချဉ်စပ်ငံ အရသာကို ဆေးခါးဟင်းစိမ့်စိမ့် ခါးသက်သက်လေးသောက်ပြီး မျိုချလိုက်ရင်ကို တကယ်
ဆွေမျိုးမေ့သွားပါလိမ့်မယ်..။
ငါးရံ့ဆန်လှော်ဟင်းကတော့ နဲနဲကရိကထနိုင်ပါတယ်။ ပထမဦးဆုံး ဆန်လှော်ပါ မီးအေးအေးလေးနဲ့ မတူး
အောင်၊ အရောင်လေးနီညိုရောင်ဖြစ်လာရင် မီးပေါ်ကနေချပါ။ ကိုယ်တို့တုံးကတော့ လက်နဲ့လှည့်တဲ့ ကြိတ်စက်ရှိတယ်လေ အဲ့တာနဲ့ လှည့်ရတာ ညှက်နေမှကောင်းတယ်။ ဒါတွေက မယ်ငီးတို့ရဲ့အလုပ်လူကြီး
တွေခိုင်းတာလုပ်ရတယ်ပေါ့လေ..။ ပြီးမှ ပူစီနံ နံနံပင် ပါးပါးလေးတွေလှီးပြီး အဲ့ ဆန်မူန့်ထဲထည့်ပြီးရော 
ဖွဖွလေးနယ်ထားတယ်။ပြီးရေပြုတ် ရေဆူမှာ ရေဆေးပြီး ဆား ဆနွမ်းနယ်ထားတဲ့ငါးရံ့ထည့်။ ငါးအရောင်
လေးပြောင်းလို့ ကျက်ပြီဆိုရင် ပြန်ဆယ် အသားထွင်ပြီး အသားအားလုံးအိုးထဲပြန်ထဲ့ပါတယ်။ အရိုးကိုသံဆုံ
ထဲထည့်ထောင်းပြီးရေစစ်နဲ့ အရိုးရည်စစ်ထဲ့ပါတယ်။ ပြီးမှ အိုးထဲ ခရမ်းသီးတလုံးလောက် ခရမ်းချဉ်သီး
တစိတ်လောက် ထဲ့ပါ။ ဆား ငရုပ်သီးမူန့်လေးနဲနဲ ငရုပ်ကောင်း ဆီတပေါက်လောက် ထည့်၊ ဆူလာရင် 
ပူစီနံနဲ့ဆန်မူန့်အရောထည့် ကြက်သွန်ဖြူ နဲ့ ဂျင်းသေး ခပ်များများ အိုးချခါနီးမှ ညှက်နေအောင်ထောင်းပြီး
ထည့်၊ ဆူဗွက်လာရင် ဆားလေးမြည်းအပေါ့အငံ ငံပြာရည်လောင်းတစက်လောက်ချပြီးရင်.. အိုကေပြီ.
တအိမ်လုံးလည်း မွှေးကြိုင်နေ ပါပြီ။ ဆေးခါးကတော့ ဇွန်းဖျားနဲ့ဘဲထည့်တာပါ မခါးပါဘူး။ စားပွဲပေါ်မှာ
တော့ဗူးလိုက်ထားရတယ်။ကြိုက်တဲ့သူ ကိုယ့်ဟင်းရည်ပုဂံထဲ ကိုယ်ထည့်ပေါ့..။
 
 ဒီတခါအိမ်မှာ ဘုန်းကြီး ၁ပါး ကိုရင်၄ပါးကြွလာတယ်တဲ့။
ကျမအမကကျောင်းဆရာမဆိုတော့ သူ့ကျောင်းကဆရာဆရာမတွေဖိတ်ပြီးကျွေးတယ်..။
သူတို့ပို့လာပေးတဲ့ပုံကိုကြည့်ပြီး ခဏခဏဂလုဂလု တံတွေးမြိုချရနဲ့ အားကျမခံထပြီးသုပ်ပါတယ်..
တကဲ့ ဗမာဟင်းပါ...ဘာအသုပ်လို့ထင်ပါသလဲမိတ်ဆွေများ....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး