မင်္ဂလာပါရှင်~~~
နောက်လဆိုရင် ကျမတို့နိုင်ငံ ရန်ကုန်အပါအဝင် ဘာတွေဘယ်လိုပြောင်းအလဲဖြစ်မယ်ဆိုတာ ခန့်မှန်းရ ခက်တာအမှန်ပါဘဲ။ ဒီတော့ မယ်ငီး ဧပြီလတုံးက တွေ့ခဲ့တဲ့ရန်ကုန်ကို ရင်တုန်ပမ်းတုန်လေး အမှန်အကုန် ဖွင့်ပြလိုက်အုံးမှ...အဟဲ...
ဒီတခါပြန်တာကတော့ အပြင်ကိုထူးထူးထွေထွေသွားတာသိပ်မရှိပါဘူး...။ ငယ်သူငယ်ချင်းတွေတွေ့လိုက်
ဆွေမျိုးတွေတွေ့လိုက်နဲ့ စားလိုက်သောက်လိုက်ပါဘဲ..။ ကျမအတွက်ထူးခြားတာတခုကတော့ ကျိုင်းတုံပြန် ဖို့လေယာဉ်လက်မှတ်ကို ထိုင်းကနေ ပုဂ္ဂိလကလေကြောင်းလိုင်းတွေကို ဘွတ်ကင်တင် အွန်လိုင်းကနေ ဝယ်ဖို့ကြိုးစားတာ ဘယ်ခွေးတကောင်ကြောင်တမြီးမှအဖက်လုပ်ပြီး အီးမေးမပြန်လို့ ဝယ်မရပါရှင်။ ဒါနဲ့ ဟိုမေးဒီမေးအမြဲလည်းသူများတွေကဝယ်ပေးနေကြဆိုတော့ ကိုယ်တိုင်မဝယ်ဖူးဘူးလေ။ သိပ်အခြေအနေ မဟန်တာနဲ့ကဲလာစမ်း..မပုတင်တို့ ဘာတို့ပိုက်ပြီး မြန်မာ့လေကြောင်းလိုင်းကို တက်စီကြီးနဲ့ တပွေထဲ လိမ့် တာပေါ့..။
(ပုဂ္ဂိလကလေကြောင်းလိုင်းတွေကိုစိတ်နာလို့ မြန်မာ့လေကြောင်းကို ဒိုးတာပေါ့)ဆူးလေစေတီကို ပန်းခြံထဲကနေပထမဆုံးဖူးရတာပါဘဲ... |
အဝင်ဝမှာ လူတွေ သိပ်မရှိတော့ ပိတ်ရက်များလားဆိုပြီး တိုက်ပတ်ချာလည် ပတ်ကြည့်နေမိသေးတယ်..။အော်..တကဲ့တောသား မြို့ရောက်ပေါ့..နောက်တော့ တံခါးတွန်းဖွင့်ဝင်သွားတာ..ကိုယ်တသက်လုံး..မြင်ဖူးခဲ့တဲ့ ကောင်တာ ရှေ့မှာ ထောက်ခံစာ မှတ်ပုံတင်တွေ စာရွက်တပုံတခေါင်းကြီးကိုင်ပြီး တိုးဝှေ့နေကြတဲ့လူ
အုပ်မရှိတော့ဘူးဗျ...။ စားပွဲကုလားထိုင်နဲ့ မင်္ဂလာပါလို့ နူတ်ဆက်နေကြတာက ဝန်ထမ်း ဆယ်ယောက်လောက်ရှိမယ်။ စားပွဲပေါ်မှာလည်း ကွန်ပူတာကြီးခန့်ခန့်ညားညားနဲ့..ဖယားဖယား..ကော်ီဖျော်သောက် ဖို့တောင်ရှိတယ်ဗျား...တကယ်ဆိုရင် ပတ်ချာလည် ဒါတ်ပုံလေးဘာလေးနဲ့မှတ်တမ်းတင်ထားရမှာ... အံသြ
လို့ပါးစပ်ဟပြီးမေ့နေခဲ့တာလေ..။ ဘယ်ခရီးစဉ်အတွက်လည်း အသွားအပြန်လား တကြောင်းထဲလား !!!ခရီးစဉ်ပြောင်းလို့ရတဲ့လက်မှတ်လား ဘာလားညာလား အိုး..မိုင်ဂေါ့..အရင်ဆုံးပြောပါရစေချစ်စရာကောင်းလှတဲ့ မြန်မာ့လေကြောင်းလက်မှတ်ရောင်း..အသက် ၅ဝ ကျော်မှ ပထမဆုံးမြင်ဖူးတာ...(ပြောလက်စနဲ့ ပြောချင်တာရှိသေးတယ်။ ဘန်ကောက်-ရန်ကုန်လက်မှတ်က ရန်ကုန်-ကျိုင်းတုံ လက်မှတ် ထက်ဈေး သက်သာတာအမှန်ဘဲ။ ပြည်တွင်းခရီးစဉ်ဖြစ်ပြီး မတရားကြီးယူထားတယ်။ ဒါကြောင့် နိုင်ငံခြားနေမြန်မာပြည်သားများ ခဏတဖြိုတ်အလည် ပြည်တော်ပြန်ရင် နယ်စပ်ကနေဝင်ကြတာ၊ ပြည်သူတွေဥပဒေကို
ချိုးဖေါက်တာ ဘာကြောင့်လဲဆိုတာလေး နဲနဲလောက်ပြန်ဆန်းစစ်ကြဖို့ကောင်းတယ်နော့်ကိုယ့်ကိုယ်ကပ်ထဲပြန်ထဲ့တဲ့လူတွေကြတော့ ဘာဥပဒေမှ မရှိဘူး...အသက်ထွက်ခါနီးမှ နားလည်စာနာတတ်လာကြလေမလားဘဲ
ကဲပါလေ...မြင်မြင်သမျှပြောစရာကြီးဖြစ်နေရာ့..အကုသိုလ်များတယ်နော့်...
မြို့ထဲကို ထမိန်စောင်းစောင်းကြီးပတ်လို့ (သူငယ်ချင်းဆီကဌားဝတ်တာလေ)
ဦးထုတ်နဲ့နေကာမျက်မှန်နဲ့ ရေဗူးတဖက်ကကိုင်ပြီး ဆူးလေပတ်ဝန်းကျင်က တူးဆွထားတဲ့ရေမြောင်းဘေးလည်းရောက်ခဲ့ပါတယ် ။ ရေမြောင်းတူးပြီး ဒီအတိုင်းပစ်ထားတာက အချိန်အတော်ကြာပြီဆိုဘဲ..။လူသန်းပေါင်းများစွာနေတဲ့မြို့ကြီးတခုရဲ့ မြို့လည်ခေါင်မှာ လုပ်ချင်သလို လုပ်နိုင်ကြတဲ့ မြို့တော်စည်ပင်ကိုလည်း ပိုထူးပြီး မအံသြမိတော့ပါဘူး။ အန့ံ့ကဆိုး.. ရပ်ထားတဲ့ကား သွားနေတဲ့ကား လမ်းလျောက်နေရတဲ့သူ လမ်းဘေးဈေးရောင်းနေတဲ့ပုံတွေကိုမိတ်ဆွေများ ကိုယ်ပိုင်အတွေးနဲ့ဘဲ ပုံဖော်ယူကြပါ...။ "ကျွန်တော်တို့လည်းလုပ်နေကြပါတယ်"ဆိုတဲ့လူတွေကိုသိပ်ရီချင်တာဘဲလို့ပြောချင်တာတခုဘဲရှိပါတယ်။ လူတွေကိုပြောမရဘူးဆိုရင် ဥပဒေနဲ့ အုပ်ချုပ်ပါ။ အဲ့ဒီဥပဒေကိုထုတ်လုပ်သောလူကြီးမင်းများကလည်း အရင်ဆုံးလိုက်နာဆောင်ရွှက်ကြမယ်ဆိုရင် ဒီအချိန်မှာ
ဗျာပါသောကများနေစရာ နေရာထိုင်ခုံအတွက်ပူစရာမလိုပါဘူး..။
နောက်တခုက ဗန္ဓုလပန်းခြံထဲ မနက်ပိုင်း အားကစားမျိုးစုံလုပ်လို့ရပြီ။ အရင်ကပိုက်ဆံပေးမှဝင်ရတဲ့ပန်းခြံခေတ်ကုန်သွားပြီနဲ့တူတယ်။ ကျမက မြို့လည်လောက်ကျတဲ့ သူငယ်ချင်းတိုက်ခန်းမှာတည်းတာပါ။ ဒီတော့မနက်ဆိုရင် သူ့နဲ့လိုက်ပြီး ပန်းခြံမှာ ခြေဆန့်လက်ဆန့်လေ့ကျင့်ခန်းလေးဘာလေး လိုက်လုပ်ခွင့်ရခဲ့ပါသေး တယ်။
ပန်းလေးဝယ်ပေးပါအုံးလို့ပြောတဲ့ခလေးလေးက ပြောရင်းနှပ်တွေလှေကြီးပြုတ်ကျလာလို့..မျက်စိမှိတ်ပြီးသူ့ဆီကအမြန်ဝယ်လာလိုက်ရတယ်..
တံမြက်စီးလှည်းအသင်း..ဒီလိုလုပ်ရင်တော့ အသင်းနံမည်ပြောင်းရမယ်နဲ့တူတယ်..ကြမ်းတိုက်အသင်း.လို့
ကဲ..ဆုတောင်း..ဆုတောင်း...အားလုံးတောင်းကြတဲ့ဆုနဲ့ပြည့်ဝကြပါစေလို၏။
ဒီတခါတော့ အွန်လိုင်းပေါ်တွေ့ပြီးအပြင်မှာ တကယ်ခင်စရာကောင်းတဲ့ ခလေးလင်မယား(ခဏခဏရန်ဖြစ် လို့နံမည်အသစ်ပေးလိုက်မယ်)ကိုရင်က ကျမရန်ကုန်ရောက်တော့ လေဆိပ်မှာ လာကြိုပေးတယ်။
သူတို့ရဲ့ကော်ဖီ....
ကဲ..ခလေးတွေနဲ့အမှတ်တရ...ဆိုင်လေးကတကယ်ချစ်စရာကောင်းတယ်..
အတင်းဘဲ ဓနုဖြူဒေါ်စောရီဆိုင်ကို လိုက်ကျွေးတယ်..။
ကြိုက်တာပြော အားလုံးမှာပေးတယ်..ဘာစားရမှန်းတောင်မသိဘူး များလွန်းလို့...
ဖြစ်ချင်တော့ ဧည့်သည်က၂ယောက်ဖြစ်နေတာ..တခြားဧည့်သည်လူငယ်လေးတော့ ပြုံးပြုံးလေးနဲ့အေးအေးလေး..
ကဲ..အားပါးတရဆွဲကြတယ်..နောက်တဆိုင်လည်း လိုက်ပို့သေးတယ်..မြစ်ကြီးနားခေါက်ဆွဲဆိုင်ဆိုလား...ဓါတ်ပုံတော့မရိုက်မိဘူး..
သူ့ဖာသာသူကြော်စားတဲ့ဘယာကြော်တဲ့..စားချင်စရာလေးမွှေးနေတာဘဲ...
သူငယ်ချင်းတွေခေါ်လို့ သူတို့နေတဲ့ လိူင်သာယာအင်းစိန်ဖက်သွားပြီး ပြန်အလာမှာအဲ့ဒီလမ်းက အရင်တုံး က အလယ်မှာတုံးတားတာမျိုးမရှိပါဘူး..ခုတော့တုံးတားပြီးခါမှ ကားလမ်းတွေအရမ်းကြပ်လာတယ်တဲ့။ ဟိုဖက်ကအပြန်လမ်းပေါ့..ဒီဖက်ကိုလည်း ခပ်တည်တည်ပြောင်းပြန်မောင်းလာတာတွေ့ရတော့လန့်သွား တာဘဲ...ထိပ်ဖက်ရောက်မှ ကိုမော်တော်ပီကယ်ကြီးက လမ်းသိပ်ကြပ်နေရင်တလိုင်းယူပြီးလွှတ်ပေးတာ တဲ့.......အဟဲ...ပြောပြောကစောရော့ပေါ့..ဒီက အပြတ်ပြောမယ်ဆိုပြီးမောင်းတင်ထားတာ....ကဲ...ဒီလိုနားလည်မူ့အပေါင်းခညောင်းနေတဲ့ ကိုယ်တို့ရွှေပြည်ကြီးပါကွယ်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ...
မီးမီး