မဂၤလာပါရွင္~~~
ဒီနှစ်သင်္ကြန်မှာတော့ ကမန်းကတန်းစီစဉ်ပြီး ထိုင်းနိုင်ငံ ဖူးခက်ကျွန်းလေးကို သွားလည်ခဲ့ပါတယ်။ ခုနောက် ပိုင်းမှာတော့ မြန်မာခရီးသွားများလည်း အလွန်များပြားလာတာကိုတွေ့ရပါတယ်။ ဖူးခက်ကိုသွားလည်ချင်
ကြသူများအတွက် ကျမပေါချောင်ကောင်းနည်းလမ်းသုံးပြီး လည်ခဲ့တာတွေပြောပြရပါအုံးမယ်။

ပထမဦးဆုံးတော့ လေယာဉ်လက်မှတ်ပေါ့။ လေကြောင်းလိုင်းကနေတိုက်ရိုက်ဝယ်ရင်တော့ သိကြတဲ့ အတိုင်းဈေးကြီးမိတာပေါ့။ အင်တာနက်ထဲကနေ သွားချင်တဲ့ခရီးစဉ်ကိုရိုက်ရှာပြီး ဈေးနူန်းတွေ ယဉ်ကြည့်
လို့ရတာဘဲ...။ အိမ်နဲ့နီးတဲ့ သုဝဏ္ဏဘူမိလေဆိပ်မှာဘဲ စီးချင်လို့ smile Thai ဘဲဝယ်လိုက်တယ်။
ဟော်တယ်ဆိုရင်လည်း သိပ်အညံ့မဟုတ် သိပ်အကောင်းမဟုတ်တဲ့ 3 Star လောက်ဆိုရင်တော့ရပါတယ်။
ညအိပ်ဖို့တခုဘဲရှိတာဘဲဟာ..။တနေကုန်လည်ပတ်ကြမှာတော့ အသေအချာဘဲ။ ကျမတော့ ဘတ် ၂ဝဝဝ
ကျော်ကို Taxပါပြီး ဘတ်၉ဝဝ လောက်နဲ့ရခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ဘွတ်ကင်တင်ပြီး 7/11 မှာပိုက်ဆံ
ချေတာပါ။ အဲ့လိုဆိုရင် အရမ်းကြီးကိုဈေးချပေးတယ်။

လေဆိပ်အကြိုကိုတော့Tour company နဲ့ဘဲစီစဉ်လိုက်ပါတယ်။ ဟိုတယ်မရောက်ခင် ငါးလေးဘာလေး စားချင်တာနဲ့ လမ်းမှာရပ်ပြီးထမင်းစားကြတယ်..အရမ်းကောင်းတဲ့ ငါးပဲငံပြာရည်ပေါင်းပါ....

အဲတာကြီးကတော့...တည်းတဲ့ဟိုတယ်ပေါ့..

ညကျတော့ FantaSea သွားပါတယ်။ အဲ့တခုကိုတော့ တကယ်သွားကြည့်စေချင်ပါတယ်။ အပန်းလည်းဖြေ
တဖက်ကလည်းဒီလိုပွဲမျိုး ကိုယ်တို့ဆီမှာရှိစေချင်တဲ့ အတွေးမျိုးလေးတွေ ရှိလာစေချင်တာ။ အာရှစတိုင်
ဒစ်ဒနီအသေးစားလေးဆိုပါတော့။ လာတဲ့လူတွေကြည့်ပြီး ဂဏန်းပေါင်းစက်ကိုင်ပေါင်းကြည့်တာ မျက်စိ
ကိုပြူးသွားတာပါဘဲ။ ပွဲတခါပြရင် လူ၃ထောင်လောက်ဆန့်ပါတယ်တဲ့။ ကျမတို့ကြည့်တဲ့နေ့ကလူများလို့ ၂ပွဲ
ပြရတယ်..ဆိုဘဲ..။ တယောက် ၂ဝဝဝ တချို့က၂၅ဝဝ ပေးဝယ်လာရတာလည်းရှိတယ်။ ထားပါလေ...
လူ ၅ဝဝဝ နူန်းနဲ့ဘဲတွက် ..ဖယားဖယား..တညကိုဝင်ငွေဘတ် ၂သန်းရှိတယ်..။


ဂိုက်ကြီးကလက်ဖမိုးလေးစကင်ဖတ်ဝင်သွားတာတွေ့တော့မယ်ငီးစပ်စုပြီးဒါတ်ရိုက်ထားတာပါ။
သူ့လက်ဖမိုးထိပ်မှာတံဆိပ်တုံးကြီးတွေ့လား..ဒီအတိုင်းကြည့်ရင်မမြင်ရဘူး..။မီးရောင်အောက်မှာမှမြင်ရတာ


ကဲ..ဘူဖေးမှာကြိုက်တာစားပေတော့ အလျှံပယ်ပါဘဲ..

ဒီငါးခေါက်ဆွဲကိုစားဖို့တော့မမေ့ကြနဲ့နော့..ဘဲဒီးဂွတ်ပါဆို...

စားပြီးတော့ ရိူးပွဲမစခင် ပတ်ဝန်းကျင်လေ့လာရေးပေါ့..အီကိုယ်တို့ကတော့ window shopping ပါ း)))

ဒီလိုတိရစ္ဆာန်အကောင်တွေနဲ့ရတနာကတကယ်ဆိုCartier ဒီဇိုင်းတွေကိုတကမ္ဘာလုံးကူးချကြတာပါဘဲ။
အဲဒီ ကုမ္မဏီကဒီဇိုင်းနာက အာဖရိကမှာလည်းနေဖူးပြီးကျားသစ်တို့ကျားတို့သိပ်ချစ်တယ်တဲ့။

ဒီတော့ သူ့ဒီဇိုင်းတွေက ကျားသစ်ခေါင်းတွေနဲ့ပေါ့..အဲဒါနဲ့ဘဲကမ္ဘာကျော်ဒီဇိုင်းတွေဖြစ်သွားလေရော့...တဲ့..
ပုံပြင်လေးကဒါပါဘဲ..ကွယ်..(ဟီး..ကြားဖူးနားဝရွှီးကြည့်တာ)

ဒီလို အမှတ်တရဆိုင်တွေမှာ လူတွေလည်း ကြိတ်ကြိတ်တိုးဝယ်ကြပါသေးတယ်။

တိရစ္ဆာန်ရုံလည်းရှိသေးဗျား...ကျားဖြူ၂ကောင်...

ရှေ့ကဇာတ်ရုံကြီးပေါ့နောက်ခံအရောင်ကလည်းတမျိုးပြီးတမျိုးပြောင်းတာ..မယ်ငီးကလိမ္မော်ရောင်လေးကြိုက်
လို့သွားရပ်ပြီးရိုက်တာဘဲ..ထွက်လာတော့ ခရမ်းရောင်တဲ့... း)))


အဟမ်း.ဘာအခန်းလို့..ထင်ကြပါသလဲ...တပြိုင်နက် မယ်ငီး အလုပ် ၂ခုလုပ်ခဲ့တာလေ...။

ပြင်ဆင်ပြီး လုပ်ထားတဲ့ပုံစံလေးကြိုက်လို့ပါ..ရေအိမ်တဲ့...

မနက်ကြတော့ ဖီဖီကျွန်းသွားကြတာပေါ့.. ရေငုပ်မဲ့သူတွေတော့ အဲ့ယက်ခြေထောက်တွေတစုံဘတ် ၁ဝဝ
မယူမဖြစ်ယူရမယ်နော်...

အဲ့လို Speed boat နဲ့သွားကြတယ်.. သင်္ဘောကြီးနဲ့သွားလည်းရတယ်။ ဈေးတောင်ပိုချိုသေး..ဒါပေမဲ့လူတွေ
နဲ့ရူပ်ပြီးမတိုးနိုင်လို့ အသေးရွှေးပြီးသွားတာပါ။
ဖူးခက်မှာ နိုင်ငံခြားသားတွေထဲက အများဆုံးကတော့ ရှရှားတွေတဲ့...
ရီရတာက မော်တော်လေးများရပ်ရင် မယ်ငီးတို့ ဟော့ဂလိုလေး အပြင်ကမ္ဘာကိုမော့ရတယ်ဗျ 😂
ကပ်ရပ်မော်တော်က မမ ကိုကိုတသိုက်ကိုလည်း လက်လှမ်းမီလို့ မှတ်တမ်းလေးတင်ပေးရတာပါ @_@
မျောက်ကျွန်းမှာတကယ်ဘဲ မျောက်တွေအများကြီး...

မော်တော်၂ခါရပ်ပြီးရေငုပ်ကြတယ်..ကိုယ်ကတော့ မှတ်တမ်းတင်သူပါ..ဟီး..သတ္တိဗျတ္တိအပြည့်နဲ့နော်..

ရေကြည်တာကတော့ တကဲ့ကိုမှတ်တမ်းတင်စရာပါလေ..
နောက်ကမ်းခြေတခုမှာရပ်ပေးတယ်..ရေချိုးရေကစားဖို့..လူတွေက ကြပ်ခဲနေတာ ဘယ်နားသွားကစားရမှန်း
တောင်မသိတော့ဘူး..

သောင်ပြင်ကလည်း ကျဉ်းကျဉ်းလေးပါ..ဒါပေမဲ့ လူနေကမ်းခြေနဲ့ဝေးတဲ့ပင်လယ်ထဲက ကျွန်းဆိုတော့လည်း
ရေကြည်လင်နေတာကိုက စိတ်ဝင်စားစရာပေါ့...
မနက်ဖန်ည ခရီးထွက်ရမယ်..ညကြီးမင်းကြီးကြိုးစားပမ်းစား ပစ်ထားတာ ၃လလောက်ကြာပြီဆိုတော့
နူတ်ဆက်ရင်းနဲ့ တဝက်တပြတ်ထားခဲ့ပါရစေ...အမေရိကားရောက်မှာပြန်ဆက်မယ်နော်....
ဒီ ၃လအကြောင်းများရေးရမယ်ဆိုရင် များလွန်လွန်းလို့ ဘယ်ကအစချီရမှန်းတောင် မသိတော့ပါဘူး...
တနေ့နဲနဲနဲ့ အတွေ့အကြုံလေးတွေလာပြောပြအာလူးဖုတ်မယ်လေ...
အားလုံးဘဲ...ရွှင်လန်းချမ်းမြေ့ကြပါစေ...
မီးမီး