မင်္ဂလာပါရှင်~~~
ချက်လိုက် စားလိုက် သွားလိုက် လာလိုက်နဲ့ဘဲ အချိန်တွေကကုန်မြန်နေလွန်းသလိုပါဘဲနော့်။|
ဒီတနှစ်နွေ ရာသီက သိပ်မပူဘဲနဲ့ ပြီးတောင်ပြီးတော့မယ်။ နေပူပူလေပူပူမှာ အခုတလောအရည်တွေတော်တော်သောက်ချင်နေတဲ့စိတ်ဖြစ်လာပြန်ရော..ဒီတခါတော့ အိမ်ကကျား ကျားကြီးအမြဲသောက်တတ်တဲ့
ဒီတနှစ်နွေ ရာသီက သိပ်မပူဘဲနဲ့ ပြီးတောင်ပြီးတော့မယ်။ နေပူပူလေပူပူမှာ အခုတလောအရည်တွေတော်တော်သောက်ချင်နေတဲ့စိတ်ဖြစ်လာပြန်ရော..ဒီတခါတော့ အိမ်ကကျား ကျားကြီးအမြဲသောက်တတ်တဲ့
ဂျင်းရည်ကိုကြိုက်နေတယ်။ တနေ့တပုလင်းလောက်သောက်တယ်။ ချိုရှရှလေး။ ဘရွှတ်ကလင်ကလုပ်
တာတဲ့။ ငယ်ငယ်က အဖေလုပ်တတ်တဲ့ ဂျင်ဂျာဘီယာဆိုတာ သတိရတယ်။ အဖေကလုပ်ပြီးရင်မြေ
ကြီးထဲတဝက်မြုပ်ထားတဲ့ စဉ့်အိုးထဲမှာ၃ရက်လောက်ထားပြီးပုလင်းသွပ်ပါတယ်။ ပုလင်းကိုလည်း |
မြေကြီးတူးပြီးတဝက်မြုပ်ထားသေးတယ်။ အချိန်တန်ရင် ဖွင့်လိုက်တာနဲ့ တဖောင်းဖောင်းအသံတွေ
ဂက်စ်တွေထနေ ပြီလေ။ အရမ်းသောက်လို့ကောင်းတာဘဲ..။လုပ်နည်းကိုမမှတ်ထားမိတာခက်တယ် :(
မြေကြီးတူးပြီးတဝက်မြုပ်ထားသေးတယ်။ အချိန်တန်ရင် ဖွင့်လိုက်တာနဲ့ တဖောင်းဖောင်းအသံတွေ
ဂက်စ်တွေထနေ ပြီလေ။ အရမ်းသောက်လို့ကောင်းတာဘဲ..။လုပ်နည်းကိုမမှတ်ထားမိတာခက်တယ် :(
မိန်းခလေးတွေ အပျိုဝင်ကတည်းကစလို့ ရာသီတွေကုန်ဆုံးခါနီးအထိလည်း သတိထားရတယ်လေ။
သွေးဆုံးကိုင်တယ်ဆိုပြီးကြားဖူးမြင်ဖူးတော့ အဲဒီအချိန်ဆိုရင် ကိုယ့်ကိုယ်ကိုအရမ်းဂရုစိုက်မိပါတယ်။
မရိုးနိုင်သော မုန်ညှင်းစောပေါ့။ ကြက်ရိုးခုတ်ထစ်ပြီး ကြက်သွန်နီ၊ဖြူ ဂျင်းဆား အားလုံးပစ်ထဲ့တည်လိုက်ရုံ။
ချခါနီး မန်ကျဉ်းသီးလေးခပ်ပေါ့။ စပ်စပ်လိုချင်ရင် ကုလားအော်သီး ထောင်းထဲ့ နံနံပင်လေးရှိရင်ထဲ့..ပြီးရော။
ဒါကအလွှယ်ဆုံးပေါ့ ကကြီးဆိုင်ကဝယ်လာတဲ့ ငါးနီတူခြောက်ကြော်.သူတို့ကပဲငံပြာရည်ပါထဲ့ကြော်တာတဲ့။
ခုတော့ပဲပြုတ်ကောင်းကောင်းပြုတ်တတ်နေပြီလေ..။ white bean နဲ့ပြုတ်တာ။နံပြားက Costco ကနေ ဝယ်တာ ၈ ချပ်လောက်ရှိမယ်နဲ့တူတယ်။ 5/6 $လောက်ဘဲပေးရတယ်။ မနက်ဆိုရင် ပဲနံပြားလေးနဲ့..ဂွတ် း)

ပိတ်ရက်တို့ တနင်္ဂနွေတို့ဆိုရင် မအားရဘူး။ ထမင်းဘူးအတွက်ချက်ပြုတ်နေရလို့။ ကြက်သားကိုပင်စိမ်းရွှက်
နဲ့ငရုတ်သီးကြော်..(ကျားကျားအကြိုက်..လေ )

ကုလားဆိုင်မှာရခဲ့တာ တခါတောင်ထောင်းစားပြီးပြီ..ဇီးဖြူသီးဘယ်လိုထောင်းကြလဲဆိုပြီး ကိုဂူးဂဲကြီးနား
ကပ်ပြီးရှာဖွေတော့ အမျိုးပေါင်းသောင်းခြောက်ထောင်တောင်ရှိပါလား..ဟရို့။

တခါတုံးကထောင်းတော့ မြေပဲဆံနဲ့။ ဒီတခါတော့ ကုန်နေတယ်လေ။ ရှိတာလေးနဲ့ ဝအောင်စားတဲ့..
အမေကမှာလိုက်တယ်လေ..ဟီး..ဒီတော့ ရှိတဲ့ဗန်ဒါစေ့ ထောင်းတာပေါ့။ အော်..ကျမငရုတ်ဆုံကမြင်သူများ
မျက်ရည်တောင်လည်သွားမယ်..ထိုင်းမှာ အယုဒ္ဓယသွားလည်တုံးက ဝယ်လာတဲ့ ခလေးကစားစရာ သစ်သားဆုံသေးသေးလေးပါ..


တက္ကသိုလ်ကောလိပ်တက်တုံးက ရွှေဂေါင်းပြောင်ဟင်းဆို လုံးဝမထည့်ပါနဲ့လို့ ဟင်းဂျိုင့်မှာကတည်းကပြော
ထားရတယ်..။လုံးဝမကြိုက်ပါ။ခုတော့ ဘာစားရမှန်းမသိတာနဲ့ ချက်ပြီးစားနေရတယ်လေ.. း)))

ငါးကြီးအိုးကပ်ပေါ့..ငါးကမသေးဘူး..နဲနဲကြီးသွားလို့..။


ဝယ်လာမိပြီးမှ ဘာလုပ်စားရမှန်းမသိဘူး။ ဒယ်ပြားထဲထည့်လိုက်တာ ဆီအရမ်းထွက်တာဘဲ..။


အိုးထဲမှာကြော်တုံးရိုက်တော့ အရောင်ကဒီလိုလေး။ ဗူးထဲထည့်လိုက်တော့ ဝါထိန်နေတာဘဲ
^_^ ဘာဖြစ်လို့.ကြောင်း
.
tortilla chips(ပြောင်းဖူးမူန့်နဲ့လုပ်တာ) တွေဝယ်လာပြီး dip တို့စားရတဲ့ခရမ်းချဉ်သီးအသုပ်ခေါ်မလားဘဲ
မက်စီကန်တွေလုပ်သလိုမစားချင်တာနဲ့ ကိုယ့်ဖာသာ carrot နဲ့လုပ်တဲ့အချဉ်...
ဆူရှီကသိပ်အကြိုက်ကြီးမဟုတ်ပါဘူး..နောက်ဆုံးအဆင့်ရွှေးချယ်စရာမရှိမှစားတာ။ ထမင်းအေးနေရင်သိပ်
မစားတတ်ဘူးလေ..


နေ့လည်စာလည်းမဟုတ် ညစာလည်းမဟုတ်တော့ ဟမ်ဘာဂါသဘောမျိုးဘဲမှာတာ..အိုး..လာလိုက်တဲ့ပန်း
ကန်လင်ပန်းကြီးက ကြောက်စရာကြီး..။



အလုပ်လုပ်တဲ့နေရာနဲ့နီးတဲ့ Whole food market မှာလည်းခဏခဏစားဖြစ်နေတယ်။ တခါတလေလည်း
အိမ်ဝယ်ပြန်လာပြီးစားတာပါ။ ဒီတခါ ကြက်သားနဲ့ အသီးအရွှက်ဟင်းရည်တဲ့..။ ကောင်းသားဘဲ..။


ကုလားဆိုင်လည်းတပတ်တခါမှန်မှန်ချီတက်တာဘဲ.. ဘူဖေးလေ..။ လာချပေးတဲ့နံပြားနဲ့ ဆိတ်သားဟင်း
(၂ခါ ၃ခါလောက်ပြန်ထခပ်တာပေါ့..ဘာရမလဲနော့်..)တန်မှတန်..သေသေချာချာ လက်နဲ့ဖဲ့ဖဲ့ပြီးစားပစ်တယ်

ကျားကျားက ဟင်းနံတွေနံနေလို့ သူ့အနာကတော်တော်နဲ့မကျက်နိုင်ဘူး..ပွစိပွစိပြောလို့..
တချိန်လုံးအပြင်စာတွေစားနေရတာပါ...
တချိန်လုံးအပြင်စာတွေစားနေရတာပါ...
ဟီး...သူများတွေပြောပြောတဲ့ဘလော့ဒေးဆိုတာ မယ်ငီးဘယ်လိုရေးရမှန်းမသိပါဘူးလေ..။တော်တော်
များများတော့သွားဖူးခဲ့တာပါဘဲ..။သိတဲ့ဘလော့ဆိုတာကလည်း တယောက် ၂ယောက်လောက်
အဲ..ဟင်း ချက်တာတွေဘာတွေဆိုရင်တော့ တော်တော်သိတယ်။ ကိုယ်တော့ အားလုံးကိုသိပါတယ်။
သူတို့ကတော့ ကိုယ့်ကိုသိကြမယ်မထင်ပါဘူး... ^_^ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ ကျမပရိုဖိုင်ကို ဖွင့် ကြည့်လိုက်ရင်တွေ့ရမဲ့ကမ္ဘာအနှံကတပုံတခေါင်းဟင်းချက်ဆရာမများအားလုံးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..။
အဲ..ဟင်း ချက်တာတွေဘာတွေဆိုရင်တော့ တော်တော်သိတယ်။ ကိုယ်တော့ အားလုံးကိုသိပါတယ်။
သူတို့ကတော့ ကိုယ့်ကိုသိကြမယ်မထင်ပါဘူး... ^_^ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ ကျမပရိုဖိုင်ကို ဖွင့် ကြည့်လိုက်ရင်တွေ့ရမဲ့ကမ္ဘာအနှံကတပုံတခေါင်းဟင်းချက်ဆရာမများအားလုံးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး