မင်္ဂလာပါရှင်~~~
ကိုင်း..ကျမမယ်ငီး..မနေမနားသွားလာလုပ်ရှားခဲ့တာကို ပြန်ပြောပြနိုင်ရင်
တထောင့်တညပုံပြင်တောင်၊အရှုံးပေးရပါလိမ့်မယ်...:D
တကယ်ဆိုရင် ကျိုင်းတုံမှာနေလာခဲ့တဲ့ ၄ လတာကာလ အချိန်ကိုအရမ်း အာလူးပေးချင်နေတာပါ။
ရှမ်းကောက်သစ်စားပွဲ အကြောင်း စားစရာတွေအကြောင်း တောအကြောင်းတောင်အကြောင်းတွေပေါ့...။
ဒါပေမဲ့..ကြားဖြတ်ပြီး ပြီးခဲ့တဲ့ အပတ်က အန်ကောဝပ် ဘုရားဖူး ဆိုပြီး ကမန်းကတန်းသွားခဲ့ရတဲ့ ခရီးစဉ်၊
အကြောင်းလေး ဖေါက်သည်ချလိုက်အုံးမယ်နော်...;P
ကမ္ဘောဒီးယား အန်ကောဝပ်ဘုရားဖူး ဆိုတာ ခုနောက်ပိုင်းမှာတော်တော် ခေတ်စားလာတယ်။
ဗီဇာလည် လွှတ်လွယ်တယ်လေ..အွန်လိုင်းနဲ့ လျောက်လို့ ရတယ်။ အီးမေးနဲ့ ပြန်ပို့ ပေးတယ်။
arrival visa လည်းရတယ်လေ..။သူတို့ လည်းပြောပါတယ် ဒီ၃ နှစ်အတွင်းမှာ တိုးရစ်တွေ အစပိုင်းက တနှစ်ကို ၄/၅ သိန်းကနေ ၃ သန်းအထိတက်လာတာတဲ့...။
နောက်ခရီးဆက်ဖို့ ရှိတာနဲ့ ကျမတို့ က လေယာဉ်နဲ့ သွားကြတာပါ။
Siem Reap ဆိုတဲ့ မြို့ ကို အရင်သွားကြတယ်။
ဒီတခါတော့ ဂိုက်မယူဘဲကိုယ့်ဖာသာကိုစာဖတ်ပြီးသွားပါတယ်။
သူများတွေကမနက် စောစော အန်ကောဝပ်ဘုရားပတ်ဝန်းကျင်ရဲ့ နေထွက်ချိန်ဟာ အန်မတန်မှ ရင်သပ်ရူမောဘွယ်ကောင်းတယ်ဆိုလို့ မနက် ၅ နာရီထပြီး လက်နှိပ်ဓါတ်မီးနဲ့ 
(မိုးရွှာလို့ )ထီးနဲ့ ပြေးလွာသွားခဲ့ကြတယ်လေ..။ ညီအကိုမသိ သတိအချိန်မဟုတ်ပါဘူး။
လုံးဝကိုဘာမှာမမြင်ရတဲ့အချိန်ပါဘဲ..ဟီး။
အားလုံးရဲ့ ရှေ့ မှာမြင်ရတဲ့ပုံတော့...ဂလိုလေးပေါ့...။
မိုးကလေးကရွာထားတော့ မျှော်လင့်ချက်တွေ တအားကြီးမထားရဲပါဘူးလေ..။
မှန်းချက်နဲ့ လွဲခဲ့ကြသူများပေါ့... |
ဘာဖြစ်လဲနော့်...မျော်လင့်ချက်ဆိုတာ အရံတွေကိုအများကြီးထားရတာဘဲလေ၊
တခုဖြစ်မလာရင် နောက်တခုပေါ့နော်....။
အ၀င်ဝကိုနောက်ပြန်လှည့်ပြီးရိုက်ထားတာပါ |
တချို့ နေရာတွေမှာတော်တော်လေးပြန်ပြင်ထားပါတယ်။
ဂျပန်ပညာရှင် တွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်ထားတယ်တဲ့၊
ဘုရားဟောင်းတွေကိုရွှေပြန်ချတာ၊ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ပြန်ပြင်တာတွေ ကို အရမ်းနှမြောမိတယ်။
ဒီအတိုင်းလေးထားပြီး ရှေးမူမပျက်ပြန်မွမ်းမံလို့ မရဘူးလားတဲ့နော်...။
ကျိုင်းတုံဟော်(စော်ဘွားရဲ့ နန်းတော်)ကိုလည်း အတင်းဖျက်ပြီး ဟော်တယ်လာဆောက်ကြတယ်လေ...။
အော်...ရွှေဥာဏ်တော် စူးရောက်(စကားလိမ်လေးနဲ့ ဖတ်လည်းရတယ်နော့်:P)ကြပါပေတယ်လေ...။
ဒေသခံတွေက ပြောပါတယ်။bird tour တွေများတယ်တဲ့...ဟီး...။
ဌက်တွေလို ကျလိကျလိနဲ့ ဆူညံအော်ဟစ်နေတာကိုပြောတာလေ...။
တရုတ်နဲ့ ကိုးရီးယား ဆို အားလုံးဆလံတိုက်ပါတယ်တဲ့..:))))
ကိုယ်တို့မြန်မာနိုင်ငံသားခရီးထွက် ဘုရားဖူးနေပြီနော့်...လုံးကုန္တွဆိုတော့..ရှမ်းနံမည်ပါဘဲ..။
ရှင်ပြုအလှုတခုလည်းတွေ့ ခဲ့ပါတယ်။ဘုရားစာဆိုတော့ ဂုံရှမ်းဘုရားစာနဲ့ ပိုဆင်ပါတယ်။
ဆွဲဆွဲငင်ငင်နဲ့ ဆိုတာလေ...။နောက်ဘုန်းကြီး ကမောင်ရင်လောင်းဦးခေါင်းထိပ်က ဆံပင်နဲနဲကျန်တာကို ရိပ်ပေးပါတယ်။
ဘုရားကျောင်းကနေ ၀င်ရာလမ်းကိုပြန်ကြည့်လိုက်တော့ အဝေးကြီး...။
ဟိုး...ရေကန်ရှေ့ နားမှာ တမနက်လုံးထိုင်ကြည့်ခဲ့ကြတာလေ...။
မုန့် စားတန်းနားက ဘုန်းကြီးကျောင်းအဆောက်ဦတခုရဲ့ အမိုးမျက်နှာကျက်က ဗုဒ္ဓ ဘာသာဘုရား ဇတ်တော်တွေရဲ့ ပုံ...။
မောလာပြီ ရေငတ်တယ် ပူတယ် စားသောက်ဆိုင်သွားကြတယ်..။
အုန်းရည်လေးထိုင်သောက်..ရေကန်လေးပြန်ကြည့်...ကြာပင်တွေနဲ့ ...။
ဇွန်းခြစ်လေးစားချင်တယ်ဆိုလို့ ...ဒီလိုဇွန်းလေးနဲ့ ဗျ....:)))
ဟော...Bird Tour တွေလေ...ဟီး..
အထွက်တံတားပေါ်မှာ လူတွေမှ အော..တိုက်နေတာဘဲ...မင်္ဂလာဆောင်မဲ့ အတွဲတတွဲကိုလည်းတွေ့ တယ်။
နဂါးခေါင်းကြီးပျက်သွားတာ ပြန်ပြင်ထားတာတဲ့..။
ကိုင်း.....တမနက်ခရီးဘဲရှိသေးတာနော့်....တော်တော်မောသွားတာဘဲ....။
ဗမာစာလက်ကွက်ကိုတောင် မနဲပြန်နှိပ်နေရတယ် မေ့ချင်နေပြီလေ..အဟဲ။
ဒီမှာ ခဏလောက်နားပါရစေနော့်...။
အားလုံးဘဲကျမ်းမာရွှင်လန်းကြပါစေ...
မီးမီး
ခေတ္တဘန်ကောက်