မင်္ဂလာပါရှင်~~~
ဒီတခါတော့ နေဖူးခဲ့တဲ့မူတူးတို့ ကာဆင်းတို့ တသိုက်ကြားကနေခွာရတော့မယ်လေ။
တကယ်ဆိုကျမအမြဲခေါ်ဝေါ်သုံးနေတဲ့အသုံးအနှုံး နဲ့ ပြသာနာတွေဖြစ်တတ်တယ် ဆိုလို့ ။
ကိုမူတူး ကိုကာဆင်း ဆိုပြီးခေါ်ရတာပေါ့။
တခြားနိုင်ငံထပ်ပြောင်းရရင် ပြည်တော်ပြန်မယ်ဆိုပြီးစီစဉ်တာဘဲ။
ဒါပေမဲ့ ဒီနိုင်ငံမှာဘဲနောက်ပြည်နယ်တခုပြောင်းဖို့ ဖြစ်လာပါတယ်။
ဒီနေ့ ဘဲအိမ်သွားကြည့်၊စာချုပ်ချုပ်ခဲ့ပါတယ်။
ပတ်ပတ်လည် အာကျုးမား တွေဘဲတွေ့ ခဲ့ရတယ်။
ကျမကိုတောင် အညာဆီးယို ဆိုပြီးလာနှုတ်ဆက်နေသေးတယ်။
နားလည်ဘူးတော့..။ ကျုတီတို့ မြတ်ကြည်လေးတို့  ကိုတောင်သတိရမိတယ်။
ကဲ..မနက်အိမ်ကထွက် ပြီး ပေါတာကြီးGPS ပေါက်တတ်ကရခေါ်သွားလို့ ဖြတ်သွားခဲ့တဲ့၊
လမ်းခရီးလေးနဲ့ စပြီး အာလူးဖုတ်အုံးမှ..။
တကယ်ပါ..သူ့ ကိုပေါတာလို့ ခေါ်တာအကြောင်းရှိတယ်။
တခါခါသိပ်ကြောင်တဲ့လမ်းတွေရွှေးခေါ်သွားတတ်တယ်လေ။
ကျမတို့ နယူးဂျာစီသွားရင် Verrazano Bridge ဖက်ကနေသွားတာများတယ်။
လမ်းရှင်းတာရယ် ရေတွေကိုလှမ်းမြင်နေရတာဘဘောကျလို့ ။
ဒီတခါတော့ ရှေ့ တည့်တည့်မှာကျမရဲ့ ကြီးတော်တိုက်ကြီး Empire State Building ပေါ့။
ကားတွေလူတွေအရှုပ်ဆုံးနေရာ..ပေါ့။GPS ဒင်းကတော့လုပ်လိုက်ပြန်ပြီ။
နယ်သာလန် အမ်စတာဒမ်မှာလည်း လှိုင်ခေါင်းထဲမှာ ဘယ်ဖက်ကိုအတင်းကွေ့ ခိုင်းတယ်လေ။
နေပူပူ လေပူပူမှာ လူထူထူပေါ့..။
ဒီလိုလှိုင်ခေါင်းတွေဖြတ်ပြီ့းသကာလ ဂျာစီကိုရောက်ပါတယ်။
ဒီတခါ ပြောင်းတာလည်းနီးနီးလေးပါ။နယူးဂျာစီ..တဲ့။
မြင်ရတဲ့တိုက်ခန်းလေးပါ။ မူတူးတို့ ကာဆင်းတို့ တသိုက်လုံးအပြင်မှာပျော်ပွဲစားနေတာတွေ့ လို့ ၊
ဒီနေရာကို မယူဖြစ်တော့ဘူး။
ကားထားတဲ့နေရာကနေလှမ်းကြည့်ရင် နယူးယောက်ကို မြင်နေရပါတယ်။
နောက်တနေရာကျတော့ပိုပြီး အဆင်ပြေတာနဲ့ စာချုပ်ချုပ်လိုက်တယ်လေ။
အာကျုးမားတွေ အများကြီး။အခုနေတဲ့နေရာလည်း ကကြီးတွေ များပါတယ်။
ဒါပေမဲ့ ကာဆင်းတို့ မူတူးတို့ ကိုပိုတာပေါ့။
ဒါကြောင့် မယ်မီးတို့ လည်းမနက်စာကို နံပြား ပဲပြုတ်(ဆင်ခေါင်းပဲ)စားလို့ ရနေတာလေ။
အားလုံးပြီးတော့ နေ့ လည် ၂နာရီကျော်နေပြီ။လမ်းထိပ်မှာစားသောက်ဆိုင်တွေ များတယ်ဆို လို့ ၊
အဲ..ရောက်တော့လည်း ဆိုးမြို့ ကိုရောက်နေတဲ့ အတိုင်းပေါ့..။
ကကြီးဆံပင်ညှပ်ဆိုင်၊ ကော်ဖီဆိုင်၊ဘာဘီကျုးဆိုင်၊ဘုရားရှိခိုးကျောင်း...။
အားလုံးအားလုံး...ကကြီးစာတွေနဲ့ ဘဲ။
ဒါနဲ့ ဒီဆိုင်ကိုဘဲရွှေးလိုက်ရတယ်။ဘာဘီကျုးဆိုင်တဲ့။
မေနူးလည်း မကြည့်တတ်တော့။ငါးဘဲပေးပါလို့ မှာလိုက်တယ်လေ။
ပူပူနွေးနွေးလေး။
ဘာငါးလဲ လို့ မေးရင်တော့သိဝူးဘဲ..အဟဲ။
၂ခြမ်းရှိတဲ့ဟာကနဲနဲငံတယ်။ဘဲဘဲကြီးနှိက်နေတဲ့ငါးကစားလို့ ကောင်းတယ်။
ဒီလိုဒီလို အပြောင်ရှင်းတာနော်။တန်တယ် တယောက် ၁၀.၉၉ တဲ့ အခွန်နဲ့ တစ်ပ် နဲ့ ပေါင်း ၂၅ လောက်ဘဲကျတာ။ဒီ longisland ဖက်ဆိုရင် အနဲဆုံး ၅၀ လောက်ပေးရတယ်။
ဆိုင်အနေအထားကွာတာလားမသိပါဘူး။ပြီးတော့ အိမ်ပြန်တာပေါ့။
တလမ်းလုံးအိပ်လိုက်လာတယ်လေ။ဒိတပတ်တကယ်ပင်ပန်းတယ်ဗျာ..။
ဘဲကြီး GPS ရန်ဖြစ်ပြီးမောင်းလာတာ ညနေ၄:၃ဝ မှရောက်တယ်။;P
တံတားတွေပြင် လမ်းတွေပြင်ရင် တခြားဖက်ကနေလှည့်ခေါ်လာတာလေ။
အားလုံးဘဲ ရွှင်လန်းအေးချမ်းကြပါစေနော့်...
မီးမီး