စနေနေ့ ညနေပိုင်းက ပြူတင်းပေါက်ပိတ်ပြီး ရှပ်ရုင်ကြည့်နေတာ.
အိမ်အောက်မှာဆူဆူညံညံအသံတွေကြားရလို့ မှဖွင့်ကြည့်မိတယ်
ခလေးလူကြီး လှတပတတွေဝတ်စားပြီး ကားတွေစက်ဘီးတွေကိုပြင်ဆင် မီးပုံးတွေကိုင်ပြီးစီတန်းလှည့်လည်နေကြတာ..ဘာပွဲလုပ်ပြန်ပြီလဲမသိပါဘူး.
တော်တော်ပွဲကြိုက်တဲ့ဒေသပါဘဲ..ကြော်ညာပေမဲ့လည်းနားမလည်တော့.
ထုံးစံအတိုင်းဓါတ်ပုံဘဲရိုက်ယူထားတာပေါ့..အိမ်ရှေ့ မျက်စောင်းထိုးမှာ မြို့ နယ်စည်ပင်သာရုံးရှိတော့
အဲဒီရှေ့ မှာဘဲစုရပ်နေရာထားတာတွေ့ ရ တယ်..
ပြင်ဆင်နေကြတာအကြာကြီး.ည ရး၃၀ နာရီလောက်မှ စီတန်းလှည့်လည်ပါတော့တယ်..
ညဆိုတော့ မီးတွေနဲ့ လှနေတာဘဲ..ဒါပေမဲ့ဓါတ်ပုံရိုက်တာမလှဘူး.နောက် တခြားမြို့ ရွာကိုလှည့်သွားကြတယ်..ည ၁၀နာရီလောက်မှ အိမ်ရှေ့ဖက်ကိုပြန်လာကြတယ်..
ခလေးတွေကအိပ်ပျော်လို့ ..ဆုတွေဘာတွေပေးလို့ ..
ကြည့်ရတာကို ပျော်စရာကောင်းတယ် ည ၁၂ နာရီ မှပြီးတော့တယ်..
ခလေးနဲ့ အရုပ် ခွဲခြားလို့ ကိုမရဘူး
 |
ကိုင်းဖေဖေ နဲ့ မေမေ ဆွဲပေတော့ တလမ်းလုံးဘဲ… |
 |
ပျက်နေလို့ ပါ |
 |
မိသားတစု သွားကြမယ်. |
 |
မေမေ ကစက်ဘီးစီးပြီးပို့ ပေး မယ်..
|
 |
မိသားတစု သွားကြမယ်.. |
 |
ကျနော်က ဘယ်လိုနေရာမှာနေရ မလဲ..တဲ့ |
 |
စင်စင်တို့ အုပ်စုလေး |
 |
သားသားကတော့ ၉ ၆ ၉ ၃ ဘဲ…(ကိုယ်ခြေထောက်ကိုယ်သုံး) |
 |
ထော်လဂျီ နဲ့ သွားကြမယ်.. |