Thursday, February 25, 2016

မန္တလေးညနေခင်းတခုမှာပေါ့..

မင်္ဂလာပါရှင်~~~
မန္တလေးတံတားဦးလေဆိပ်ရောက်တော့ ၂နာရီပတ်ဝန်းကျင်ပါဘဲ။ ကျမတို့လေယာဉ်နဲ့မရှေးမနှောင်းဆိုက်
တာက ကချင်မြစ်ကြီးနားလေယာဉ်နဲ့ တရုတ် ခွန်းမင်လေယာဉ်တဲ့။ အားပါးပါး..ဟိုက်ရှားလပတ်စ်..ကိုယ်တို့
ပြည်သားများ သုံးတဲ့ အာမေဍိတ် အသံလေးဘာလေးတောင်ပြုလိုက်ရတယ်..။ တရုတ်ပြည်များမှားဆင်း
လာမိသလားလို့ပါ...ကျုံးကျုံးကျန်းကျန်းရှိရှဲ့အသံမျိုးစုံနဲ့ ပြည်ကြီးတရုတ်တွေ တကွင်းလုံးပြည့်ဘဲ။

မိနစ် ၄ဝ ကျော်လောက်မှ လေဆိပ်ကနေထွက်လာနိုင်တယ်..။ တက်စီတွေ စုပေါင်းစီးလို့ရတဲ့ တောင်း အိတ်ကားတွေ ကြိုက်ရာစီးနိုင်တယ်..
အဟင်း..ကိုယ်တို့ကချွေတာရေး..ရှင့်..ပေါင်းစီးတာပေါ့ တယောက်မှ ၁ဝဝဝ ထဲရယ်။ ဘိုထီးဘိုမများနဲ့အတူ တူစီးခဲ့ရတယ်။ သူတို့ဟော်တယ်လည်း ကိုယ်တို့နဲ့နီးနီးလေးဘဲ..။ဈေးချိုနားတဝိုက်သွားကြမှာလေ..။
လေဆိပ်ကနေ တည်းခိုရာဟော်တယ်ရောက်တော့ ၄နာရီလောက်တောင်ရှိတော့မယ်။ လက်ထဲမှာမြန်မာ
ငွေတထောင်တောင်မရှိဘူး။ သူငယ်ချင်းကသူ့အိမ်နားတဝိုက်မှာရှိတဲ့ ဟော်တယ်တခုမှာ ကြိုတင်ဘွတ်ကင်
တင်ထားပေးတာလေ။ ဒီတော့ပစ္စည်းချပြီး သူ့ဆီတန်းပြေးရတယ်။ မြန်မာငွေတွေလှဲပြီးမှ ချက်ချင်းဘုရား
ကြီးလိုက်ပို့မယ်ဆိုတော့ အဝတ်အစားမလှဲဘဲ ဘောင်းဘီနဲ့ ဘုရားသွားရတာ။ ဘဝမှာစိတ်အကျဉ်းကျပ်ဆုံး က ဘုရားသွားတာ ဘောင်းဘီကြီးတကားကားနဲ့ပါဘဲ။ ထိုင်းမှာ မြဘုရားသွားရင် ဟိုနေရာဒီနေရာလည်း ဝင်ရမှာမို့လို့ ဘောင်းဘီနဲ့ဘဲသွားခဲ့ရတယ်။
ဒီမှာလည်း သူငယ်ချင်းကိုဟော်တယ်ပြန်ပြီး အဝတ်လှဲဖို့မပြောချင်တော့ဘူး တကွေ့တပတ်ကြီးသွားနေရမှာ။
ကဲပါလေ...မိုးချုပ်တော့ ရွှေချလို့မရတော့ဘူးတဲ့..ကိစ္စမရှိ ဖူးမျှော်ရတာဘဲ ကံကောင်းလှပါပြီလေ..။


ဒီတိုင်လုံးတွေက ဟိုးအရင်တုံးက ရွှေအဆင်းနဲ့ဝင်းခဲ့တာပေါ့တဲ့။ ခုတော့ ကျောက်စိမ်းကပ်လိုက်ပြီ...
သူငယ်ချင်းနဲ့အတူတူ..ဓါတ်ပုံ ရိုက်ပေးတဲ့ ကျားကျားကြီးကို ဘာပြောရမှန်းမသိဘူး အဝေးကြီး နောက်ပြီး မူန်ဝါးနေတာဘဲ။
ဘုရားဖူးပြီးတော့ ဘုရားနားက ထမင်းဆိုင်မှာ ဂျိုင့်နဲ့ဟင်းတွေ ဝယ်ပါတယ်။ ပြီး သူငယ်ချင်းအိမ်မှာ စားကြ မှာလေ..။
ဗမာဟင်းတွေဆိုတော့ ဆီပြန်ပေါ့..ဘာဟင်းတွေမှန်းတောင်မသိပါဘူး..အားလုံးအတူတူလို့ဘဲထင်နေတာ
အဟီး...

ပုန်းရည်ကြီးသုပ်..( သဲတွေ ဖုန်မူန့်တွေကင်းတဲ့ ပုန်းရည်ကြီးတွေများတွေ့ခဲ့ရင်လက်တို့ပါအုံး စားလိုက်တိုင်း
သဲဝါးမိလို့မစားရဲတော့ဘူး)



ထမင်းဆိုင်နံမည်က အောင်မိသားစု...တဲ့ နံမည်ကြီးတယ်တဲ့
ကျမတို့ရောက်တော့ ထမင်းဝိုင်းတဝိုင်းက လူ၂ယောက်ဘဲရှိတာပါ။ စားပြီးထပြန်ကြတယ်။ သူတို့ကျန်ခဲ့တဲ့
ဟင်းတွေပါ။ အသုပ်တဲ့ ပုဂံအပြည့်ဘဲ။ အထောင်းတွေ ဟင်းရည်တွေရော ဆီပြန်ဟင်းတွေရောဘဲ။ ဆိုင်
ကအားလုံးကိုသွန်ပစ်မှာလား။ ဘယ်လိုပြန်လုပ်မလဲမသိဘူး..တော်တော်စဉ်းစားမိခဲ့တယ်။

ဟင်းတွေထဲ့နေတော့ ကျမတို့ကို လက်ဖက်သုပ်နဲ့ ငှက်ပျော်သီးပေါင်းအလကားလာချကျွေးပါတယ်။ တကဲ့
ကို သူများတွေအပေါ်စေတနာရှိတဲ့ ထမင်းဆိုင်ပါဘဲ..
အိမ်ရောက်တော့  သူ့ဆီမှာရှိတဲ့ဟင်းတွေ ဝယ်လာတဲ့ဟင်းတွေ အားလုံးချ အားပါးတရဝါးတီးပေါ့ရှင်...
ဟော်တယ်ပြန်ရောက်တော့ တန်းအိပ်တာဘဲ..ပင်ပန်းတာလေ...။မနက်နိုးတော့ ဟော်တယ်ဘရိတ်ဖတ်က
မိုက်တယ်..မယ်ငီးကြိုက်တဲ့ ဆန်ပြုတ်...ဆန်ပြုတ်ဆိုတာ အတကယ်ဝါးရသက်သာတာနော်..ရှလောရှလော
နဲ့ဝင်သွားတာ..မိုက်တယ်..း)))

မနက် ၈ နာရီတိတိ သူ့အမျိုးတွေလာခေါ်မယ်ဆိုတော့ ၁နာရီလောက်လည်ပတ်ဖို့ အချိန်ရတယ်..
ဈေးပတ်ဝန်းကျင် ပတ်ကြည့်ကြတာပေါ့...
တကယ်ဗျာ...ဈေးချိုဆိုတာ တကဲ့နံမည်ကြီးနော်..မနက် ၇ နာရီကျော်မှာ ဆိုင်တွေတောင် မဖွင့်ကြသေးဘူး။
အမိုက်သိမ်းကားလာတယ်..မနက်မိုးလင်းမှာတဲ့..ဖြစ်သင့်တာ..မိုးမလင်းခင် လမ်းသွားလမ်းလာ ရှင်းလင်း
တဲ့အချိန်ဆိုရင် ပိုကောင်းမလားနော်..လမ်းမပေါ်မှာပုံထားတဲ့ စူပါဟီးထနေတဲ့အမိုက်ကိုလှဲ ကျုံးနေတာက နာရီနဲ့ချီကြာတယ်လေ။ အနံအသက်ကမကောင်း ပတ်ဝန်းကျင်မှာ မုန့်ဟင်းခါးဆိုင် အသုပ်ဆိုင်တွေကပတ်
လည်မှာဘဲ...အော်...နိုင်ငံခြားနဲ့မနိုင်းပါဘူးတော်..ကျုပ်တို့ ကျိုင်းတုံရှမ်းပြည်လောက်ပါဘဲ။ မနက် မီးခွက် ထွန်းပြီးဈေးတန်းခင်းကြတာ။

အဝေးကလာရင် ဟိုး..၃နာရီလောက်ကတဲက လာကြတာ...
ရှစ်နာရီဆိုရင်..အိမ်ရှင်မတွေဈေးဝယ်ပြီး ပြန်တောင်ပြန်ကြပြီ..အဟီး..ဒီမှာက လမ်းမတခုလုံးရှင်းလင်းလို့...
အိမ်ထဲကနေတောင် မထွက်လာကြသေးဘူး။

တကယ်အံသြစရာဘဲ..ဓလေ့ထုံးစံမတူတာနေမှာနော်...ဟေ့..ဗမာစော ရှမ်းတောပြန်ဆိုတာ ခုနားလည် ပြီရှင့်း))))) မန္တလေးသားများ စိတ်မဆိုးနဲ့နော်...မြင်တာပြောပြတာပါ..
မန္တလေးတောင်လည်း ဖြတ်သွားဖြတ်လာ ငေးမောမျှော်ကြည့်ခဲ့ရုံဘဲ...

အော်...သူ့အမျိုးတွေဆီလာလည်တာဆိုတော့...နောက်တခေါက်မှ ကိုယ် သွားချင်တာ သွားလည်ရဖို့ ဒုတိယအကြိမ်မန္တလေးကို ကြိုတင် ဘွတ်ကင်ထားလိုက်ပါမယ်လေ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ပါစေရှင်~~~
မီးမီး

Wednesday, February 17, 2016

BKK က၂၅ဘတ်တန်ခေါက်ဆွဲ

မင်္ဂလာပါရှင်~~~
စားစာရာအကြောင်းမတင်ရတာအတော်ကြာပေါ့နော်...ဒီခေါက်ဆွဲဆိုင်ကလွန်ခဲ့တဲ့ ၂ဝ၁၅ ဘန်ကောက် သွားကတဲကစားခဲ့တာပါ။ နောက်ပြီးသူငယ်ချင်းကပြောပါတယ်။ ဈေးပေါတယ်ထင်ပေမဲ့ ဗိုက်ပြည့်ဖို့ ဘတ်
၁ဝဝ မှလောက်တယ်တဲ့..။

တကယ်လည်း ပုံထဲမှာမြင်ရတဲ့အတိုင်း ပါလေရာဖင်ကပ်လေးဘဲ ထည့်ပေးတာကိုး..။
 ဆိုင်လေးကလည်း ခပ်သေးသေးပါ။ မိန်းမကထည့်ပေး ယောက်ကျားက စားပွဲထိုးလုပ်တာ။
ထိုင်တာနဲ့ စာရွှက်နဲ့ခဲတံတို လာချပေးတာပါ။ လူတယောက်ကို ၃ ပွဲကနေစမှာကြတာဘဲ။ ဂျုံရည်နဲ့တပွဲ
ညှပ်ခေါက်ဆွဲအသုပ်တပွဲ တုမ့်ယမ်းအသုပ် ဒီလိုပေါ့...။ တယောက်တပေါက်မှာရင် လုပ်ပေးတဲ့သူလည်း
ခေါင်းရူပ်လို့လားမသိ။ ကျမကရှည်ပြီးမေးကြည့်တာ ပုဂံကြီးကြီးနဲ့တခါထဲ လုပ်ပေးမရဘူးလားဆိုတော့
သူကနဲနဲစီဘဲလုပ်ပေးတတ်တယ်တဲ့။ အများကြီးမထဲ့တတ်လို့ပါတဲ့..။ပုဂံဆေးတဲ့သူကတော့ တချိန်လုံးဆေး
ပေတော့ပေါ့ရှင်..။

 လမ်းမကြီးနဲ့ကပ်ရပ် သုဝဏ္ဏသာမိလေယာဉ်ကွင်းနားက စက်မူ့ဇုံနားမှာပါ။ မြန်မာတွေအများကြီးဘဲ လမ်း
ပေါ်မှာလမ်းလျောက်ဖြတ်သွားတာတွေ့ရတယ်..။အနီးအနားစက်ရုံမှာလုပ်တဲ့ အလုပ်သမားတွေလို့ပြောပါ
တယ်။

ဆိုင်က သေးပေမဲ့ ထိုင်းထုံးစံအတိုင်း သပ်သပ်ရပ်ရပ်နဲ့စားချင်စရာဖြစ်အောင် သန့်ရှင်းအောင်ပြင်ဆင်ထား
ပါတယ်။ နေ့လည် ထမင်းစားချိန်ဆို ထိုင်ခုံမရတတ်ပါဘူး။ ကျမတို့ ၃ခါလောက်သွားစားဖြစ်တယ်။

 ကဲ...ပြော ဘယ်နှစ်ယောက်စားတယ်ထင်လဲ...၄ယောက်ဗျ....တပွဲကို မြန်မာငွေ ၈၆ဝ ကျပ်လောက်ကျမှာ
ပေါ့..။တယောက် ၃ပွဲဆိုတော့ ၂၅ဝဝ ကျပ် နေ့လည်စာတနပ် မဆိုးဘူးနော်..။ ရန်ကုန်ထက် အပုံကြီးဈေး
သက်သာတယ်။ အရင်က တပွဲမှ ၂ဝ ထဲရယ်တဲ့ အခုမှဈေးတက်သွားတာ..ဆိုဘဲ...

နောက်ဆိုင်တခုက ABAC တက္ကသိုလ်နားမှာ လမ်းဘေးလေးပန်းပေါ့ဗျာ...Apartment မှာတယောက်ထဲ
ဟင်းချက်ပျင်းရင် သွားစားလေ့ရှိတဲ့ဆိုင်..အပြင်လမ်းဘေးမဟုတ်တဲ့အတွက် ကားနံ့ ဆူညံခြင်းအလျှင်းကင်း
တဲ့ဆိုင်ပေါ့..

အဲဒီမှာ ငါးခေါက်ဆွဲလည်းရတယ်ဆိုလို့သဘောကျတာ...ခေါက်ဆွဲဖတ်က ငါးနဲ့လုပ်ထားတာလေ။ အဲဒီတုံး ကဓါတ်ပုံမရိုက်ထားမိဘူး..
နောက်ဆုံးသွားစားတဲ့အခါကျတော့မှ ရိုးရိုးဝက်သားလုံးနဲ့ ဝက်သား ညှပ်ခေါက်ဆွဲစားခဲ့တာ။ သူ့ဟင်းရည် က ကြက်ဟင်းခါးသီးနဲ့ မုန်လာဥဖြူထဲ့ပြုတ်ထားတာ ချိုမှချို..အချိုမူန့်မလိုဘူး..အဖွားကြီးပြောတာတော့ အချို မူန့်မထဲ့ ဘူးတဲ့..ဒါပေမဲ့ သူတို့က ဟင်းခပ်မူန့်တွေသိပ်သုံးတာ.. ပြီး ဖက်ထုပ်ခေါက်ဆွဲလုပ်တဲ့ အဖတ်ကို ကြွပ် ကြွပ်ကြော်ပြီးတပွဲလာချပေးတာ အရမ်းသဘောကျတယ်..တပွဲမှ ၃၅ ဘတ် ထဲရယ်...

စကားမစပ်နေမကောင်းလို့..ခေါက်ဆွဲအရမ်းစားချင်တာဘဲ..သိလား..အခုကျမရောဂါတခုခံစားနေရတယ်။ အအေးလောင်နေတာတဲ့ ပြီးခဲ့တဲ့အပတ်က အနုတ် ၁၇ လောက်အေးခဲသွားတဲ့အချိန် ကျားကျားကြီး မတော်
တဆချော်လှဲလို့ ဆေးခန်းသွားရတယ် အိမ်နဲ့ ၄ လမ်းလောက်ဘဲခြားတော့ လမ်းလျှောက်သွားတယ်လေ။
အပြန်မှာ အော်တောင်ငိုချင်တယ် လေကလည်းအရမ်းတိုက် အေးကအေး အနုတ် ၁၇ ဆိုတာ လေတိုက် ရင် အဲ့ထက် ၄၊၅ ဒီကရီလောက်နိမ့်ဆင်းတာလေ.. အိမ်ရောက်တော့ မျက်နှာပြင်တခုလုံးခဲပြီး အအေး
လောင်သွားတယ်တဲ့..နီရဲထွတ်ပြီး အင်ပြင်တွေထ ယားယံယောင်ယမ်းပေါ့ရှင်...မျက်နှာတခုလုံးဖူးယောင်
နေတာအပြင်လည်းမထွက်နိုင် မျက်ခွံတောင်အစ်ပြီးတွဲကျနေတာ..အော်..ဒုက္ခ ဒုက္ခ..အသက်တရာမနေ ရပေမဲ့ ရောဂါပေါင်းသောင်းခြောက်ထောင်ကြုံတွေ့နေရတာဘဲနော်...မိတ်ဆွေများလည်း သတိထားပါ။
အရမ်းအေး အရမ်းပူရင် မျက်နှာတို့ဘာတို့ အရင်ဆုံးကာရံထားဖို့မမေ့ကြနဲ့နော်..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
မီးမီး

Thursday, February 11, 2016

လူစုံရင်တက်ကုန်ဖွင့်ကြစို့...

(၂ဝ၁၄ ဖေဖော်ဝါရီ မှာရေးထားပြီး တခါမှ မတင်ဖြစ်ဘဲ ကျန်နေတာ ခုမှပြန်တင်လိုက်ပါတယ်)

မင်္ဂလာပါရှင်~~~
၁၉ရ၄ သီတင်းကျွတ်ခါနီး အင်းလေးဖောင်တော်ဦးဘုရားပွဲအချိန်ပေါ့..အဲဒီအခါတုံးကဆိုရင် အင်းလေးဟာ
ရေတွေပြည့်လျှံနေပြီး ခုလိုပုံစံမျိုးမဟုတ်ပါဘူး။ အဖွားရဲ့ဇာတိရွာက နန့်ပန်ရေလယ်ရွာပါ။ အဖွားကတောင် ကြီးမှာနေပြီးအင်းထဲက သူ့အကို ဆီအမြဲသွားလေ့ရှိတယ်။ခါတိုင်းဆိုရင်တော့ သူဖာသာသူသွားပေမဲ့ ဒီလို အခါနေ့မျိုးဆိုရင်မြေးအပေါင်း အားလုံးပါရပါတယ်။ အဖွားတို့ကမောင်နှမ၄ ယောက်ရှိပါတယ်။ အဖွားရဲ့ညီမ ဖွားပု၊ အဖွားကိုတော့ အားလုံးကပေါင်ဋ္ဌေးအိုလို့ခေါ်ပြီးအဖိုးကိုတော့ ပဉ္ဇင်းခေါင်လို့ခေါ်ပါတယ်။ အဖွားရဲ့ 
မောင်တယောက်ကျတော့ ဖိုးစာ လို့ခေါ်ပါတယ်။အဖိုးပဉ္ဇင်းခေါင်မှာတော့  မွေးစားသား (တူအရင်းကိုပြန်
မွေးစားတာ)ဘဲရှိပါတယ်။ ဖွားပု ပေါင်ဋ္ဌေးအို နဲ့ဖိုးစာ ဒီ၃ယောက်ကနေပေါက်ဖွားလာတဲ့ မြေးတွေဆိုတာ မနဲမနောပေါ့..ကျမရဲ့ အကိုအမဝမ်းကွဲ ၂ဝမ်းကွဲတွေ ၂ဝကျော် ၃ဝ နီးပါး အများကြီးထဲမှာကျမက မိန်းက
လေးတွေထဲကအငယ်ဆုံးပေါ့ရှင်..။

ဖေါင်တော်ဦးဘုရားပွဲက သီတင်းကျွတ်ကျောင်းပိတ်ရက်နဲ့လည်းတိုက်တော့ ဘုရားလည်းဖူး၊ အင်းထဲမှာ အမျိုးတွေတသိုက်နဲ့ အမြဲ တပတ် ၁ဝရက်နေကြပါတယ်။ ဟိုး..အရင်အဖိုးတို့ ခေတ်က (ကျမတို့ ရဲ့အဖိုး အရင်းက အဖေငယ်ငယ် ကတဲကဘဲဆုံးပါးသွားတယ်တဲ့) ပဉ္ဇင်းခေါင်(ပဇင်းခေါင်လို့အသံထွက်ပါတယ်) အတော်ပိုက်ဆံ ချမ်းသာခဲ့တယ်လို့ဆိုပါတယ်။ အဲဒီခေတ်ကာလက နန့်ပန်ရေလယ်ရွာမှာ ကုန်းမြေနဲ့ အိမ်ဆိုတာ အဖိုးအိမ်တခုဘဲရှိခဲ့ပါတယ်။ အိမ်အပြင် ပတ်ပတ်လည်မှာ မြေးတွေလာရင် ကစားဖို့ ဖိုးခေါင်
ကကွင်းပြင်တခုလုပ်ထားပါသေးတယ်။ အဖိုးတို့ မောင်နှမ၄ယောက်မှာ အဖွားက ဒုတိယလေ။ ဖိုးခေါင်က ငယ်ငယ်နဲ့ မုဆိုးမဖြစ်သွားတဲ့ အဖွားကိုကြည့်ရူစောင့်မခဲ့ရတယ်ဆိုပါတော့။ သူ့ညီညီမကပေါက်ဖွားလာ တဲ့မြေးတွေအားလုံးကိုလည်း အရမ်းချစ်တယ်။ တယောက်ချင်းရဲ့အကြိုက်တွေကိုသိတယ်။


ကျမကတော့ ငယ်ငယ်ကတဲက လူ့ကန့်လန့်ဂွစာလားမသိပါဘူးရှင်..။အင်းထဲဆင်းတော့မယ်ဆိုရင် ရေဗူး
တပြင်ပြင်နဲ့ ၊ဘယ်ညာမှာရေဗူးစလွယ်သိုင်းပါလို့ စောင်းငမ်းစောင်းငမ်းနဲ့ သွားပါတယ်။ တခြားရေကိုမ
သောက်ဘူး ကိုယ့်ရေဗူးထဲကရေဘဲသောက်တယ်။ တခုခုကျွေးရင် နှာခေါင်းတရူံရူံနဲ့ ရူရိုက်စမ်းသပ်ပြီးမှ
စားတော်မူပါတယ်။ သူများတွေပြေးလွားကစားကြ ရေကူးကြနဲ့ ကိုယ်တော့ ရေဗူးကြီးလွယ်လို့ အိမ်လည်မှာ
ငုတ်တုတ်ကြီး။ အဲဒီတော့ အကိုအမတော်တွေကလည်း သိပ်မကြည်ဘူး ဘယ်သွားသွားမခေါ်ချင်ကြဘူး
လေ။ ကျမ စကားမပြောတတ်တဲ့အရွယ်မှာကတဲ တဲ့အရမ်းကြီးကို စိတ်ညစ်စရာကောင်းအောင် လူကြီးတွေ ကိုကျီကျတတ်ပါတယ်တဲ့။ ထမင်းစားတော့မယ်ဆိုရင် ခူးခပ်ထဲ့ပေးမဲ့ပုဂံကအစ အရင်ပြရတယ်၊ ကျမက လက်နဲ့ တောက်ကြည့်တာတဲ့ တိန်းတိန်းလို့မြည်တဲ့သံပုဂံတွေဆိုရင် ကန်ထုတ်လိုက်တယ် ပုတ်ထုတ် လိုက်တယ်တဲ့။ ကျမတို့ အခေါ်တိုက်ပုဂံ ကြွေပုဂံလှလှလေးမှ စားတော်မူပါသတဲ့။ ^_^  အဝတ်
တောင်မှ ဝတ်ခါနီးနမ်းကြည့်သေးတယ်။ အနံသိပ်မကြိုက်ရင် မဝတ်ဘူးတဲ့ဆရာရေ့..။ အခုတော့ ဒီလို
မဟုတ်ပါဘူး..လိုက်လျောညီထွေစွာနေတတ်ပါပြီလေ..။

ဓါတ်ပုံကိုတော့ အင်တာနက်မှာ ဂူဂဲတန်ခိုးနဲ့ကြံဖန်ထားတာပါး))

ခင်ကြီးကျယ်ကို စာရင်းချုပ်တော့ ကစားချိန်ကြရင် ဘယ်သူမှမခေါ်ဘူးပေါ့။ အပျိုလူပျိုတွေဖြစ်နေတဲ့ အကို အမတွေက စက်တပ်လှေကြီးကို မော်တာဖြုတ်ပြီး လှော်တက်ကိုယ်စီနဲ့ သွားကြတယ်။ ဘုရားပေါက်
ကိုသွားကြတာပါ။ နဲနဲငယ်တဲ့ အကိုငယ်အမငယ်တွေက(လှော်တက်လည်းကုန်ပြီလေ) အိမ်နီးနားချင်း ကလှော်တက်တွေ သွားဌားပြီး လှေခပ်သေးသေးကို လှော်ပြီးထွက်လာကြပါတယ်။ ဒီကလည်း သူများမ
ခေါ်တော့ ပြူတင်းပေါက်ကနေငေးမောကြည့်ရူနေရုံကလွဲလို့ ဘာတတ်နိုင်မလဲ..။
ကျမကိုတော့ ငယ်လည်း ငယ်သေးတယ် နဲနဲဆိုရင် အတိုင်အတောလည်းထူတော့ သူတို့မခေါ်ချင်ကြတာ အဆန်းမဟုတ်ပါလေ။ ကျမအသက် ၁ဝနှစ် ပတ်ဝန်းကျင်ဘဲရှိသေးတာ..။ ထမင်းစားချိန် ရေကူးချိန်ဆိုရင်တအိမ်လုံးတုန်ခါနေ
တာဘဲ အော်ဟစ်ပြေးလွှားနေကြလိုက်တာ။ အင်းထဲကအိမ်တွေက သူတို့အပြောအရဆိုရင်၂ဆောင်ပြိုင် ၂ထပ်ကြီး..ဆိုတာလေ...။တကယ်ဘဲ အိမ်သိမ့်သိမ့်တုန်အောင် မျောက်ရူံးအောင်ဆော့ခဲ့ကြတာ။ကျမတို့အ
တွက် မုန့်ခေါင်းဘီးကို အဖိုးကမုန့်သည်ခေါ် သပ်သပ်ငါးများများနဲ့ (အထဲကအစာသွပ်တာ ငါးနဲ့ကြက် သွန်မြိတ်)စပယ်ရှယ်လုပ်ခိုင်းပြီး တောင်းလိုက်လာပို့ခိုင်းတာလေ။ အရမ်းစားကောင်းဘဲ။ ကျမတို့ဦးလေး
အဖိုးရဲ့မွေးစားသား ကျမတို့အခေါ်လေးဖေ ဆိုတာ အရမ်းဝတယ်။ ရေထဲကျရင် ရေမနှစ်ဘူးဆိုလို့ သူ့ကို အတင်းရေထဲတွန်းချကြတာ ကိုယ်တို့အားနဲ့ သူကလူပ်တောင်မလူပ်ဘူး။ အရမ်းဝတာကိုး..ဟီး..ပေါင်
၃ဝဝ ပတ်ဝန်းကျင်လောက်ရှိမယ်နဲ့တူတယ်။


အဖိုးအိမ်ကဟင်းချက်တဲ့ယောက်မကြီးတွေကအစ သူတို့ယူကြ တယ်။ ဟေး..ဟား..နဲ့ ပျော်စရာကြီး၊စိတ်
တခြမ်းကလည်းမနာလိုဘူး။ လိုက်လည်းမသွားရဲဘူး..။ နဲနဲကြီးတဲ့ အကိုအမတွေတော့ လှေကြီးနဲ့သွား လိုက်ပြီ ကျမကသူတို့နဲ့လိုက်ချင်တာ။ ခေါ်ကြဘူးလေ။အငယ်တသိုက် ကျမအကို ကိုကိုညီညီတို့ကတော့ တက်တိုတက်ရှည်တွေနဲ့ ပေါ့။ လှော်တက်တွေပြောတာပါ။ တယာက်ကညာဖက် လှော်ရင်တယောက်က ဘယ်ဖက်နဲ့ သူတို့ လှေက လှည်နေတယ် ရှေ့မ သွားဘူး။ ဘာရမှာလည်း ခပ်ကျယ်ကျယ်အော်ရီပေးတာ
ပေါ့..လှောင်တာလေ..။ သူတို့က အိမ်ဝင်းထဲကနေမထွက်နိုင်သေးဘူး။လည်နေတာ နောက်တော့ တန်း တန်း မတ်မတ်တနေရာမှာ ခံနေပါတယ်..ဟီး.. အိမ်သာလေ အိမ်သာတိုင်ကြားထဲခံနေတာ..။ အော်လိုက် ကြတာ အပေါ်ကအိမ်သာထဲမှာသာလူရှိရင်တော်တော်ရီရမယ်။ အိမ်သာလည်းလူကြီးလူငယ်ခွဲထားတယ်။
အကိုငယ်က လူကြီးအိမ်သာသွားတက်ပြီးပြုတ်ကျဖူးတယ်လေ..။

အင်းထဲကအိမ်တွေပါ
တကယ်ဘဲ လူတွေစုံတော့ သူတို့တက်ကုန်ဖွင့်ပြီးသွားလိုက်ကြတာ နောက်ပြန်လှည့်မကြည့်တော့ဘူး။ လို
ရာပန်းတိုင်တွေရောက်သွားကြတာဘဲ။ ကြောက်ရွှံပြီး နောက်တွန့်နေရင်သာ ဘယ်မှမရောက်ဘဲ ရပ်နေ တယ်။ ဒီအချိန် ၂ဝမ်းကွဲ တဝမ်းကွဲ အကိုတွေအမတွေ ဘယ်ဘဝရောက်လို့ ဘာတွေဖြစ်နေကြမှန်းတောင် မသိဘူး။ ကိုယ့်ဘဝ နဲ့ကိုယ် အဆက်အသွယ်တွေလည်းမရှိဘူး။ အဖေနဲ့ အကို ၂ယောက်လုံးဆုံးတော့ အင်းထဲက အမျိုးတွေနဲ့ တော်တော်အဆက်ပြတ်သွားတယ်...။ တနေ့နေ့တချိန်ချိန်မှာ ကျမလည်းကျမလှေ
နဲ့လှော်ပြီးသွားနေရမယ်လို့တခါမှမထင်မိခဲ့ဘူး..။ ဆက်လက်လှော်ရအုံးမယ်လေ...။ တနေ့တော့ ပန်းတိုင်ရောက်မှာပေါ့...။ လူမစုံလည်းတက်ကုန်ဖွင့်ပြီးလှော်ရအုံးမယ်...။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Friday, February 5, 2016

ဝေဟင်မှတဆင့်မန္တလေးမြင်ကွင်းများ

မင်္ဂလာပါရှင်~~~
ဒီတခါမမျှော်လင့်ဘဲဘန်ကောက်ကိုထွက်လာရတာ။ ဘန်ကောက်ရောက်တော့ မမျှော်လင့်ဘဲ ငယ်သူငယ်
ချင်းနဲ့ပြန်တွေ့တယ်။ သူတို့ကမန္တလေးကနေတိုက်ရိုက်လာတာတဲ့။အော်.. ဒီလိုလည်းသွားလို့ရတယ်ဆို ပြီး ပြောရင်းဆိုရင်းနဲ့ မမျှော်လင့်ဘဲ မန္တလေးထွက်ခဲ့ကြတယ်လေ..။ အဟင်း..စာရင်းချုပ်ရရင်တော့မမျှော်
လင့်ခရီးသည်ဇာတ်လမ်းဆိုပါတော့း)))
လေယာဉ်မှာအစားအသောက်ကို သူကဘယ်တုံးကတည်းက sea foodဆိုပြီးမှာထားမှန်းတောင်မသိလိုက်
မိဘူး။ (ငါးနဲ့အာလူး မုန်လာဥနီပြုတ်တွေပါဘဲ)

လက်မှတ်ဝယ်ကတဲကကြိုတင်အစားအစာရွှေးထားရင် သူများထက် အစောဆုံး လာပို့ပေးတယ်လေ..
အရင်ဆုံးစားရတာပေါ့..ဘာမှလည်းမထူးခြားပါဘူး..ကိုယ်ကတော့ ဆန်ခေါက်ဆွဲကြော်
ခရီးတိုတိုလည်းဘဲ သိပ်အစားအစာကောင်းမမျှော်လင့်မိပါဘူး..တခုကောင်းတာက လေဆိပ်မှာ အဲ့..လေ
ကြောင်းလိုင်းbangkok airways က lounge တွေဘာတွေနဲ့ စပယ်ရှယ်တီးခဲ့ရသေးတယ်။ ဖရီး..ဗျ

ကဲပါလေ...ဧရာဝတီမြစ်ကွေ့ကွေ့ကောက်ကောက်မြင်ရတော့ မနေနိုင်ပါဘူး...တဖြတ်ဖြတ် တချပ်ချပ်နဲ့ရိုက်
တော့တာပေါ့.

စစ်ကိုင်းတံတား....
ရေတွေခန်းတယ်နဲ့တူတယ် ရေလည်ခေါင် သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း..လားမသိ..
မူန်မူန်ပြပြနဲ့ စစ်ကိုင်းမန္တလေး..
လေယာဉ်ဆင်းခါနီး...
အမြန်လမ်းမကြီးကိုလည်းမြင်ရတယ်..
လမ်းမကြီးက သိပ်အဖြောင့်ကြီးလည်းမဟုတ်ပါဘူး..
အဲဒီအဝိုင်းကနေ..လေယဉ်ကွင်းသွားတဲ့ဖက် ကျောက်ဆည်သွား နောက်တခုကဘယ်ကိုသွားတယ်ဆိုလား
လမ်းခွဲတဲ့..ဆိုင်းဘုတ်လေးသေးသေး..သေသေချာချာမဖတ်လိုက်ရဘူး..

Toll gate သေးသေးလေးကချစ်စရာ...
မြန်မာပြည်ရောက်တာနဲ့ ထိပ်ဆုံးမြင်ရမှာက စေတီပုထိုးတွေပါဘဲ...
တံတားဦး..လေဆိပ်ဖွင့်တာ ၂ဝဝ၉ ဆိုတော့ သိပ်မကြာလှဘူးလို့..ပြောနိုင်ပါတယ်..
Wiki မှာတချက်သွားဖတ်ကြည့်တာ ခုစာရေးမှလေ..နဲနဲပြုံးစိစိတော့ ဖြစ်မိတယ်..အဟဲ..ဒီလိုရှင့်..သူတို့ရေး
ထားတာက"Completed in 1999, the airport is the largest and most modern airport in the country, connecting 11 domestic and four international destinations, complete with a 14,000-foot (4267-m) runway which is the longest runway in use in Southeast Asia and capacity to handle up to 3 million passengers a year."
ကိုင်း...ကျိုင်းတုံတခါပြန် အသွားအပြန်(၂ခါ) နောက်ဘန်ကောက်ပြန်ထွက် ၁ခါ စုစုပေါင်း နောက်ထပ်၃ခါ
ကြီးများတောင်လာရမှာ အသေအချာ လေ့လာကြည့်မယ်လေ..ဆိုပြီး..အားခဲထားမိလိုက်တယ်..
နောက်၂ညအိပ်ပြီး ကျိုင်းတုံကိုထွက်ခဲ့ပါတယ်..မနက်၈နာရီဟာ ရှမ်းမအတွက် အစောကြီး မဟုတ်ပေမဲ့ မန္တလေးသားတွေကစောနေသေးလားမသိ ကြမ်းတိုက် အိမ်သာသန့်ရှင်းရေးသမားတွေ မရောက်လာကြ
သေးဘူးတဲ့..သန့်စင်ခန်း အရမ်းညစ်ပတ်ပေါ့ရှင်...လေယာဉ်ကွင်းကြမ်းပြင်တခုလုံး ဖုံမူန့်တွေ မိတ်ကပ်ဖို့
ထားသလိုဖြူဖွေးနေတာပေါ့....
 ရာသီဥတုကလည်းအုံမိုင်းနေတာနဲ့..ထုံးစံအတိုင်း ဝယ်သာမကောင်း လေယာဉ်အချိန်နှောင်း..တဲ့ရှင့်
ဒီတော့လူလည်း..ငြိမ်ငြိမ်မနေနိုင်..ဟိုလျောက်ဒီလျောက်နဲ့..တံတားဦးလေယာဉ်ကွင်းအလှကို မိတ်ဆွေများ
ပြသဖို့..ဒါတ်ရိုက်တာပေါ့...

စတီးခုံပါးပါးလေးနဲ့ ခရီးသည်နားနေဖို့ချထားတာ..ပိန်လိမ်နေပြီ..သေတ္တာတွေ အလေးကြီးတွေ ပစ်တင်
တော့ပိန်ချိုင့်ကုန်တာပေါ့...ခရီးသည်ကိုအပြစ်မတင်နဲ့..ခရီးထွက်ရင် ပါလာတဲ့အလေးတွေတင်ဖို့ ချဖို့နားဖို့
တောင့်တင်းခိုင်မာတဲ့ ပစ္စည်းတွေနဲ့မှရမယ်ဆိုတာ..နားလည်ပေးလေ..မောင်မင်းကြီးသားများ..

စာရင်းတင်တုံးကတော့ ထိပ်တန်းအကောင်းစားတန်ဘိုးကြီးတွေဘဲ ဖြစ်မှာအသေအချာ..အဲ့ထိုင်ခုံအ
နောက်ကအပြာရောင် ခုံတန်းကိုတော့ အနီးကပ်ရိုက်ပြီးမှ မတင်ချင်တော့ပါဘူး..အားလုံးက အစွန်းအထင်း
တွေဘာအကွက်မှန်းမသိ အနီရောင်တွေ ရွှံစရာကြီးရယ်.. :( ထိုင်ဖို့စိတ်မသန့်တာအမှန် @_@
ကိုင်း..နောက်တခါ..ပြန်တက်..သွားကြမယ်...
ဒီတခါတော့ အားကစားကွင်းရော..ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းပါမြင်ရတယ်..လေယာဉ်ပျံသေး
သေးတစင်းတောင် မူန်မူန်လေးတွေ့ရတယ်..
မြို့ပုံစံက သပ်ရပ်တယ်...
မန္တလေးကန်တော်ကြီး..အဲ့နားကအိမ်မှာနေရရင်..မိုက်မှာ..
ဒီနေရာတော့..စစ်ကိုင်းလား..မန္တလေးလား..မခွဲခြားတတ်ပါရှင်..
စေတီတွေအများကြီးဘဲ....
ရေကန်ရှိတဲ့မြို့ဆိုရင် လှပတင့်တယ်တာအမှန်..အဟဲ..ကျိုင်းတုံမှာလည်း ကန်ရှိတယ်လေ ဒါကြောင့် :P
ထောင့်နားက ကျောက်စိမ်းစေတီ...ရောက်ခဲ့တယ်..နောက်တခါဆိုရင် အဲ့အကြောင်းပြောရအုံးမှာပေါ့..
အောက်ကပုံတွေကတော့ ဘန်ကောက်အပြန်ခရီးပေါ့..
ဟင်းဟင်း..မယ်ငီး Wikiမှာတ်ပြီးပြုံးရတဲ့အကြောင်းက ဒီလိုရှင့်...၂ဝဝ၉ ဆိုတော့ ၆နှစ်ဘဲရှိပါသေးတယ်။ မျက်နှာကြက်တွေဒီလိုဖြစ်နေပြီ..ပြုပြင်ထိန်းသိမ်းရေးကော်မတီတို့ဘာတို့ဆိုတော့ ရှိပါလိမ့်မယ်..ဒါပေမဲ့ အချိန်မကျသေးတာလားမသိ..
တချို့နေရာမှာတော့ ဟောင်းလောင်း....အဲဒါ အဝင်ကခရီးသည်တွေလာတဲ့ လမ်းတလျောက်မှာ..မိတ်ဆွေ
များလာခဲ့ရင် မော့သာကြည့်ခဲ့ သေချာတယ်..ပင့်ကူပါးစပ်ထဲပြုတ်ကျလာမယ်..အဟီး..

ခရီးသည်တွေကအများကြီး လေယာဉ်တက်ခါနီးနားနေဆောင်တခုထဲကို ခရီးစဉ် ၂ခုလောက်ပေါင်းထား တယ်။ မိုးတိုးမတ်တပ် မယ်ငီးတို့လို အရမ်းများတယ်..နောက်ပြီး ဆေးလိပ်နံ့အရမ်းနံတယ်..မသောက်ရလို့
တော့ဆိုင်းဘုတ်ရှိတာဘဲ။ ဘယ် A Bayတွေသောက်ကြလဲမသိ။ကျမမယ်ငီးနှာရည်တွေကျလိုက်တာ မပြော ချင်တော့ပါဘူး။

လေဆိပ်မှာ မိုးတိုးမတ်တပ် လူတန်းစားတွေများထှာ... စရောက်တဲ့နေ့က တရုတ်ပြည်ရောက်သွားပြီ မှတ်
နေတာ တရုတ်ပြည်ကနေလေယာဉ်တစီးဆိုက်တာ..အိုး..တကွင်းလုံးဆူညံသွားတာဘဲ..အားလုံးကို ဝိုင်း
ကြည့်နေကြတဲ့ သူတွေလည်းအများကြီးဘဲ..သူတို့ဘယ်လိုမျိုးလေယာဉ်ကွင်းမှာတာဝန်ယူကြလည်း မသိ ဘူး အဟီး..ကိုယ်တောင် လုပ်ချင်တာ..ဟိုနားရပ်လိုက် ဒီနားရပ်လိုက်နဲ့ အချိန်တန်လခရတယ် မိုက်တား)

ကဲ..ကြည့်..ဘယ်နားသွားထိုင်ရမှန်းကိုမသိတာ..
ဒီလိုဖြတ်ထုတ်ထားရင်..လေယာဉ်ကွင်းက အရမ်းလှ..
ဒီလိုလေးလည်း..မိုက်စ်..
အဲ..အပေါ်က မျက်နှာကြက်မကြည့်နဲ့ဗျို့...
အဲယားကွန်းကထွက်တဲ့လေ..ဘယ်လောက်တောင်သန့်ရှင်းလတ်ဆတ်လည်း..ဆိုတာ..တွေ့ပလား..
ဟီး..မီးကမလာ..စက်နဲ့နိုးရ ဆီကမသန့်..ဒီတော့ ဒီလိုဖြစ်တာဘာဆန်းလဲအေ..မယ်ငီးကလည်း..
ကဲပါလေ..ကျမလည်း ရူခဲ့ပြီးပါပြီ...
နေရာယူ...အသင့်ပြင်..ခရီးဆက်ကြမယ်
ခရစ်စမတ်ကာလဆိုတော့ ကိုကိုဆန်တာခလော့လေးလည်း တာတာပြရှာပါတယ်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး