Sunday, March 22, 2015

ခေါင်မိုးမလုံတော့..

မင်္ဂလာပါရှင်~~~
တနှစ်တခါထိုင်းကိုရောက်ရင်အမြဲမြင်ရကြားရအဖန်တရာတေနေပါပြီ။ ထုံးစံအတိုင်းကိုယ်တို့ဆီကနဲ့နိူင်းယှဉ်မိတာပေါ့။ ဟိုး.အဝေးကြီးက တိုးတက်နေတဲ့ နိုင်ငံတွေ အနောက်နိုင်ငံတွေ နဲ့ မယှဉ်ကြည့်ရဲပါဘူး။မမျှော်လင့် မော်ဝင့်လို့တောင်မကြည့်ရဲခဲ့ပါဘူး။ စိတ်ထဲဆင်းရဲလွန်းလို့ပါ။ လူချင်းတူပေမဲ့ ဘာလို့များ ငါတို့ကအနှိမ်ခံ အားငယ်သိမ်ငယ်နေရတာလည်း..ဒါကိုလည်း အမြဲအတွေးဝင်မိပါတယ်။

ကဲ..တနှစ်တခါလောက်တော့ မြင်တာလေး နိူင်းယှဉ်ပြောပြမယ်လေ။ဒီလို..ရှင့်..။ ကျမတို့ အမေရိကားကနေ ထိုင်းကို Non immigrant visa multiple re entry permit နဲ့ဝင်လာတာပါ။ အရင်တုံးကတော့ ထိုင်းမှာ Permanent resident ကြီးပေါ့လေ။ ခုတော့ ဟိုးဖက်က resident ဆိုတော့ ဒီဖက်ကိုဖြုတ်လိုက်တာနောက်မှ ပြန်လိုချင်လို့ ပြန်လျှောက်တယ်ဆိုပါတော့..။ အဝင်တုံးက ၃ လထုပေးလိုက်တော့ ဒီဖက်မှာ visa status ချက်ချင်းပြောင်းလို့မရဘူးတဲ့။ အနဲဆုံး visa ၄၅ ရက်ကျန်မှ စလုပ်ပေးနိုင်တယ်ဆိုတော့ နွေပူပူမှာ မယ်ငီးလည်း ဟတ်ကော့ကြီး ဒီမှာသောင်တင်နေပါတယ်။ အရင်တုံးကဟာတွေလည်း အနိစ္စသဘော
ကိစ္စချောသွားပြီဆိုတော့ စာရွှက်စာတမ်းအစကနေပြန်လုပ်ရတာပေါ့လေသူတို့အစိုးရရုံးတွေ ပြေးရတာပေါ့။ 

ကျမတို့က တခြားနိုင်ငံမှာ(ယောက်ကျားရဲ့အလုပ်လိုအပ်ချက်အရ)သွားနေရပေမဲ့ ထိုင်းမှာ ထိုင်း visa extension တနှစ်တခါလုပ်ရတယ်။ သူကထိုင်းအခြေစိုက် အနောက်နိုင်ငံတခုရဲ့ကုမ္မဏီမှာအလုပ် လုပ်တာကိုး..။ သက်တမ်းတိုးဖို့ one-stop services center ကိုသွားရပါတယ်။ သူတို့ကုမ္မဏီ HR ဖက်ကအားလုံးစီစဉ်ပေးရပါတယ်။ အားလုံးပြီးမှ ကျမတို့ကိုချိန်းပြီး အဲ့နေရာကိုလာခိုင်းတာပါ။ သူတို့ကုမ္မဏီက ကုမ္မဏီကြီးဆိုတော့ ကျမတို့အပြင် တခြားနိုင်ငံခြားသားတွေလည်း အများကြီးရှိတယ်။ လိုက်ပါဆောင်ရွှက်ပေးတဲ့လူမှာတောင် လက်ထောက်ကပါရသေးတယ်။ စာရွှက်စာတမ်းတပုံတခေါင်းပါတဲ့ ကျောပိုးအိတ်ကြီးထမ်း 
လို့ပေါ့။ ဟင်း...အဲ့ဒီတုံးက ဓါတ်ပုံရိုက်ထားဖို့မေ့သွားတယ်။ အဲ့ ဒီနေရာက ရင်းနှီးမြုပ်နှံမူ့ကြီးမားတဲ့ ဘတ် သန်းပေါင်း ၃ဝ အထက် ရှိတဲ့ ကုမ္မဏီတွေကိုမှဝနဆောင်မူ့ပေးတာပါ။ သူတို့ပြတဲ့စာရွှက်စာတမ်းနေရာမှာ လက်မှတ်ထိုးပေးပြီး ထိုင်စောင့်နေရုံပါဘဲ။ 
one stop service center
လေအေးစက်တွေစိမ့်အောင်အေးလို့ အနံမရှိသော ရေအိမ်တွေသပ်သပ်ရပ်ရပ်( ဒါကအရမ်းအရေးကြီးတယ်လေ) နဲ့ ကွန်ပြူတာတွေရှေ့မှာ အလုပ်ရူပ်နေတဲ့လူဝင်မူ့ကြီးကြပ်ရေးဌာနကဝန်ထမ်းတွေကလည်း ဗျူဌာစွာဖော်ရွှေပြီးအပြုံးမျက်နှာလေး
တွေနဲ့ အားလုံးကိုဆက်ဆံပါတယ်။ အဲ့ဒီမှာ နိုင်ငံခြားသား မိသားစုတွေအများကြီး ဆိုင်ရာဆိုင်ရာ Company HRတွေနဲ့ လာကြတာပေါ့လေ။အမျိုးသား Company HR ကလူ အရင်ကြိုရောက်ပြီး Queue တိုကင်နံပါတ် ယူထားပေးတယ်လေ။ ကိုယ့်အလှည့်ရောက်မှ လဝက အရာရှိ ကိုဝင်တွေ့ရပါတယ်။ 

အဲ့ဒီမှာ တခုပြောပြချင်တာ..ကျမတို့စာရွှက်စာတမ်းထဲက အရေးကြီးတာတခုကလက်ထပ်စာချုပ်ပါမူရင်းမြန်မာရော နိုကြီလုပ်ဘာသာပြန်ထားတဲ့ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးဌာနကတံဆိပ်တုံးကြီးခပ်နှိပ်ထားတဲ့စာရွှက်ပေါ့။ ကျမမိတ်ဆွေများမြင်ဘူးကြမှာပါ A4 size မဟုတ်တဲ့ ခပ်ရှည်ရှည်နဲ့ခေါက်ရခက်တဲ့ legal size 216mmx340mm( 8.4"x14") စာရွှက်ပါ။ ထိုင်းမှာရှိတဲ့မြန်မာသံရုံးကလည်း လက်မှတ်ထိုးတံဆိပ်တုံး ထုထားရပါသေးတယ်။တနိုင်ငံသွားတိုင်း ဘာ
သာတခုပြောင်း နိုတြီလုပ်လိုက် ဟိုကတုံးထု ဒီကတုံးထုနဲ့ အ မြဲတမ်းလုပ်လွန်းလို့ မူရင်းစာရွှက်လေးကလည်း ခပ်နွမ်းနွမ်းနဲ့ အောက်အနားတွေလည်းဖွာလံကြဲနေပေါ့။ 
ရှင်းရှင်းပြောရရင် စုတ်ပြတ်သတ်လို့ပေါ့ရှင်..😁

ပထမဆုံး အရာရှိမမလေးရဲ့ အခန်းထဲဝင်တော့ (ဘယ်နေရာသွားသွား HR ဖက်ကထိုင်းတယောက်လိုက်ပေးတယ်လေ) အရာရှိမကလည်း အဲဒီထိုင်းနဲ့ဘဲ စကားပြောတာပါ။ ကျမတို့ကိုတော့ ပြုံးပြတခုဘဲလုပ်တာပါ။ သူကစာရွှက်စာတမ်းတွေတပုံတခေါင်းကိုလှန်လှော်ကြည့်ရူလက်မှတ်တွေထိုးပေးရတယ်လေ။ သူကကျမရဲ့ ချိနဲ့နေတဲ့စာရွှက်လေးကို တရိုတသေလေးကိုင်တွယ်ရင်း HRကောင်လေးကို လှမ်းပြောပါတယ်။ ဒီလိုအနေအထားစာရွှက်ဆိုရင် ဘယ်နိုင်ငံကဘဲဖြစ်ဖြစ် ငါတို့လက်မခံနိုင်ပါဘူး။ ဒါပေမဲ့ မြန်မာပြည်ကတော့ငါလက်ခံတယ်။ ဒီလို စာရွှက်လေးရဖို့ ရန်ကုန်ကနေတဆင့် (လွန်ခဲ့သော ၁ဝနှစ်နီးပါးကအချိန်ပါ)လူကိုယ်တိုင်သွားရတာတဲ့။ နေပြည်တော်ဆိုတဲ့နေရာတခုကို တနေကုန်ကားစီးပြီးသွားရသေးတယ်တဲ့ ။ တနေ့ထဲနဲ့ လည်းမရဘူးလို့ ဆိုပါသတဲ့။ ခုနက စာရွှက်စာတမ်းညစ်ပတ်နေလို့ ဂျပန်တတွဲကိုအသစ်ပြန်တောင်းခိုင်း လိုက်တယ်လို့ဆိုတယ်။

ဟင်း...ဒီလဝက မမ ဘယ်လိုလုပ်အားလုံးကို သိနေ လည်းမသိဘူး ..နောက်ဆုံးတခွန်းက နားထဲကနေ ထွက်ကိုမထွက်ဘူး"သူတို့ဘဝတွေက သနားစရာကောင်း
လိုက်တာ"..တဲ့။ မယ်ငီးထိုင်းစကားတတ်တာ
မပြောခဲ့သလို သွားလေးဖြီးလို့ ပြန်ထွက်လာခဲ့တာပေါ့လေ..။ အစကတော့ တကဲ့ကုမ္မဏီကြီးတွေမို့ စပယ်ရှယ်(ဒီ..
ရှယ်ဆိုတဲ့စကားက ကိုယ်တို့ဆီမှာ အန်မတန်မှ အသုံးများတာကိုး..) ဝန်ဆောင်မူ့ပေးတယ်လို့ထင်ခဲ့တာ..။ လူသိပ်မရူပ်တဲ့ရုံးနဲ့ကုမ္မဏီကြီးတွေကိုသူတို့ကတရက်ထဲနဲ့အပြီးလုပ်ပေးတဲ့နေရာတဲ့။နောက် အမျိူးသားက အမေရိကားဖက်က ဌာနကိုပြောင်းရွှေ့သွားတော့ ကိုယ်တို့လည်း အဲ့နေရာကိုတာတာလုပ်ခဲ့ပါတယ်။ ကျမတို့ ၄နှစ်အတွက် ၄ခါလောက်သွားလိုက်ရပါတယ်။ 

(အော်..နေပူတော်က နိုင်ငံခြားရေးဌာနမှာ တံဆပ်တုံးသွားထုတာကိုတော့ တခါက တနေရာမှာ ပါးပါးလေးပြောဖူးပါတယ်ခုလည်းကြုံတုံး ထပ်ပြောပြအုံးမယ်) 
ကဲ..ပြီးခဲ့တဲ့နှစ်ကတည်းက ဒီလိုvisa extension ကိစ္စနဲ့ ပတ်သက်ပြီး နောက်အစိုးရရုံးထပ်သွားရပါတယ်။ဒီတခါတော့ one stop service မဟုတ်တော့ဘူး။ ဒီကအလုပ်နဲ့မသက်ဆိုင်တော့ဘူးလေ။ ကိုယ့်ဖာသာ ကိုယ်ဆိုတော့ အများသူဌာတွေ အသုံးပြုတဲ့ရိုးရိုး လဝကကို ဘဲသွားတာပါ။ ထိုင်းမှာနေတဲ့သူတွေအားလုံး
တော့သိကြမှာပါ။ Government complex Bangkok ဆိုတာလေ။ Chaeng Watthana လမ်းမပေါ်မှာရှိတော့ Chaeng Watthana Government Complex လို့လည်းခေါ်ကြပါတယ်။ ထိုင်းဘုရင့်သက်တော်၈ဝပြည့်နှစ်အတွက်အမှတ်တရ သက်ဆင်အစိုးရလက်ထက်မှာဆောက်လုပ်ခဲ့တာပါ။ 
အဆောက်အဦရဲ့အတွင်းပိုင်း
မြေအကျယ်(929,800 m2)ပေါ်မှာ စုစုပေါင်းဆောက်လုပ်ချိန်၃နှစ် နဲ့ ဘတ်သန်းပေါင်း ၂သောင်းကုန်ကျခဲ့တယ်တဲ့။ ထိုင်းလို rai ဆိုတာဗမာလိုမြေဧကကိုဆိုလိုတယ်ထင်တာဘဲ။ ဒါဆိုရင် မြေဧကပေါင်း ၃၄၉ ဧကကျယ်ဝန်းတယ်ပေါ့။ အဆောက်အဦနေရာကိုဇုံ ၃ဇုံနဲ့ခွဲခြားသတ်မှတ်ထားပြီး ဇုံအေ Zone A(110 rai ) Zone B(197 rai) Zone C(152 rai) စီရှိကြပါတယ်။ A နဲ့ B ကိုအစိုးရရုံးဋ္ဌာနတွေအတွက်သုံးပြီး ကျန်တဲ့C ကိုတော့နောက်ပိုင်းတိုးချဲ့လာမဲ့ နေရာနေအတွက်လျှာထားပါတယ်။

မယ်ငီးဘာတွေများလျှောက်ပြောနေပါလိမ့်လို့မထင်ပါနဲ့။အထူးသဖြင့်ရွှေမြို့တော်
ထဲမှာအစိုးရရုံးတွေအတွက်နေရာအခက်အခဲရှိတာ နိုင်ငံတိုင်းမှာပါ။ တဖြေးဖြေးနဲ့ စီစဉ်ပြီးပြောင်းရွှေ့ယူကြရတာချည်းပါဘဲ။ နယ်သာလန်နိုင်ငံမှာအစိုးရရုံးရောအ
ထူးသဖြင့် ပုဂ္ဂလိကရုံးခန်းကုမ္မဏီတွေပေါ့ သတ်မှတ်ထားတဲ့လူဦးရေ(ဒါလည်း 
ဆယ်ဂဏန်းလောက်ပါဘဲ) ထက်ပိုရင်ဂိုးထူ မြို့ပြင်ပါဘဲ။ ဆင်ခြေဖုံးရပ်ကွက်တခုမှာ အားလုံးတစုတစည်းမှာဖွင့်ကြရပါတယ်။ of course !!! အမှန်ဘဲပေါ့ရှင် သွားရေးလာရေးအတွက်လည်း ဘတ်စ်ကား ရထားအရမ်းလွယ်ကူချောမောစွာ အစိုးရကစီမံပေးထားပါတယ်။ လူတိုင်း ရုံးပြင်ကန်းနားမသွားချင်ကြပေမဲ့လည်းဆက်သွယ်မူ့တခုစီအတွက်အလုပ်ကိစ္စများပေါ်လာရင်လည်း ပြေးရတာပါဘဲ။ တိုင်း
ပြည်တခုမှာ လူဦးရေသန်းပေါင်းများစွာရှိတော့ တယောက်ကို တခါဘဲလာရတယ်ထား..တွက်ကြည့်ပါရှင်..။ အုပ်ချုပ်သူအစိုးရ များကလည်း မိဘပြည်သူများကို (အဟိ..ပြောကြည့်တာ)ပြည်သူများအတွက် အစအစအရာရာ အဆင်ပြေအောင်
တွက်ချက်ပြီး အများပြည်သူတွေဆက်သွယ်လာနိုင်တဲ့ရုံးတွေကို စနစ်တကျ တည်ဆောက်ပေးကြပါ တယ်။ အဟား..နဲနဲအဝေးရောက်သွားပြန်ပြီ..ပြန်လာပါ...နီးနီးနားနားလေးထိုင်းမှာဘဲကြည့်ရအောင်...


ကဲ..နိုင်ငံခြားသားတွေ ဗီဇာတွေဘာတွေသက်တမ်းတိုးမယ် နိုင်ငံသားတွေ ပတ်စ်ပို့လုပ်မယ်..အားလုံးဒီကိုလာရတာပေါ့။ မြို့နဲ့နဲနဲလှမ်းပေမဲ့ ဘတ်စ်ကားတွေ အဆင်ပြေပါတယ်။ BTS လို့ခေါ်တဲ့မိုးပျံရထားလိုင်းလည်းအကြီးအကျယ်ချဲ့ဆောက်နေပါပြီ။ ဒါကတပိုင်း..အထဲဝင်သွားတော့ အပြင်က ပူလောင်တာတွေ ခဏမေ့ထားလို့ရတယ်..အဲးယားကွန်းကြီးက အေးစက်လို့ စားသောက်ဆိုင်က သပ်သပ်ရပ်ရပ် လူတွေနားနေဖို့စောင့်နေဖို့နေရာထိုင်ခင်းတွေက စီစီရီရီ..။ လဝက ထဲဝင်လိုက်ရင်လည်း သူ့ကောင်တာနဲ့သူ တိုကင်လေး ယူထိုင်စောင့် ကိုယ့်နံပါတ်နဲ့ကိုယ်။ ကြီးမားခန်းနားလှတဲ့အဆောက်အဦထဲမှာတော့ အကြောင်း
ကြောင်း ကိစ္စများစွာအတွက်လာရောက်ဆက်သွယ်ကြတဲ့ ပြည်သူတွေလည်း စိတ်လက်ပေါ့ပါးစွာ သွားလာနေကြတာပါဘဲ။ အရေးကြီးဆုံးတခုကဝန်ထမ်းတွေရဲ့ဆက်ဆံရေးပါ။ လူတွေကိုမအော် မငေါက်ပါဘူး မျက်နှာကြီးရှစ်ခေါက်မချိုးထားတာတော့ အမှန်ပါဘဲ..ဟိုးတုံးက one stop center က စပယ်ရှယ်နေရာမို့လို့ထင် ခဲ့တာ။ ဒီမှာလည်း အိုကေစိုပြေစွာပါဘဲရှင်။

နေပူတော် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှာ ထောက်ခံစာတို့ တံဆိပ်ခပ်တာတို့သွားလုပ်တုံးက သတိရတယ်..အပေါက်သေးသေးလေးရှေ့မှာ စုပုံတိုးခွေ့ ဘာမှန်းမသိ နေရာမရှိ သစ်ပင်အောက်ဖိနပ်ခုထိုင် မနက်ဖေါင်တင်ပြီးရင် တကယ်ဖင်ထောင်စောင့်ပေတော့။ ထမင်းသွားစားချင်ရင် ကယ်ရီဆိုင်ကယ်နဲ့သွား ပိုက်ပိုက်ကုန်
ဘယ်သွားလို့ ဘယ်နားနေရမှန်းမသိ။ ကျမရန်ကုန်ကနေတူလေးတယောက်ကားမောင်းပို့ပေးတာ မနက်၅နာရီကတဲကထလာရတယ်။ လူကအိပ်ချင်မူးတူးနဲ့။ သူ့က အီအား(ရှမ်းလို အဖေ့ညီမကိုအဒေါ်လို့ခေါ်တာ)ရောက်ပြီပြောတော့ အဲ..တိုက်ပေါ်တီကိုတည့်တည့်သာမောင်း..ဘယ့်နှယ်အိမ်သာရှေ့လာရပ်တာလည်းလို့
ပြောတော့ သူကဟုတ်ဖူးတဲ့။ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနဂိတ်ပေါက်စောင့်တဲလား..လို့ကျမကပြောတော့ သူက ပြုံးစိစိ..ဆင်းပါအီအား..ဖေါင်အရင်ပြေးတင်..ဆိုတော့ ဖေါင်ကြီးတင်ဖို့ ဖင်ကြီးထောင်လို့ ဟီး..အူယားဖား ယားပြေးရတယ်လေ..ဖယားဖယား....စာဖတ်နေသူကျမမိတ်ဆွေများ ရောက်ဖူးတဲ့သူ လက်ညိုးထောင် !!

အိမ်သာရနံ့နဲ့သင်းထုံနေတဲ့ ပတ်ဝန်းကျင်အတွင်းမှာ ဇရပ်သာသာနေရာလေးတခုထဲက အခန်းငယ်..(အင်း ၅ပေပတ်လည်တောင်မရှိလောက်ဘူးနဲ့တူတယ်)တခုရှိပြီး အပေါက်ငယ်လေးလျှာထိုးတံခါးလေးလို လုပ်ထားတာ တွေ့ရပါလိမ့်မယ်..။ အပေါက်မှာ လူတွေကစုပုံလို့ပေါ့..ဘာလာလုပ်တာလည်း အစ်မလေး...အမြန်လား..အပြည့်စုံပါရဲ့လား..ဘလားဘလားနဲ့ ကပ်ပြီးလာမေးတဲ့သူလည်းမရှားပေါ့။ လက်မှတ်ထိုးဆိုတော့ ဘာမှန်းမသိလက်မှတ်ထိုးပေးလိုက်တယ်။ နောက်မှသိရတာ ဖောင်တင်ပြီးရင်ပြန်ပေးတဲ့အချိန်မှာ မှတ်ပုံတင်နဲ့တိုက်ပြီးကိုယ်ကဘဲပြန်ယူရမှာတဲ့။ ဇာတ်လမ်းတွေတော့အများကြီးပေါ့။ စျေးသက်သာချင်ရင်ရန်ကုန်ကနေ ညကတဲက ဘတ်စ်ကားစီး ရထားစီးလာ မနက်အစောကြီးရောက် ကားဂိတ် ဆိုင်ကယ်ဂိတ်ရုံးပေါက်ဝမှာ စောင့်ပေတော့ ရုံးချိန်ဖွင့်တဲ့အထိ။ ပြီးရင် ဆိုင်ကယ် ကားဌားပြီး ကားဂိတ်ဆီအမြန်ပြေးပေတော့နို့မို့ရင် ကားမမှီ ညအိပ်ရရင် ဟော်တယ် တည်းခိုခန်းခကုန်ရအုံးမယ်။ လူသက်သာချင်ရင်တော့ ကား စီးလုံးမနက်ကတဲကဌားလာ ညနေစောင်းမှပြီးရင် ရန်ကုန်အမြန်ပြန်မောင်းသွား။ ကျမတော့၂ခါကြုံဖူးတယ်။ ပထမ တခါတော့ ကိုယ်ကအချဉ်လေ.. ၃သိန်းကျပ်တိတိကားခပေးရပါတယ်..။ ဆိုလိုချင်တာက မလွယ်ဘူး ဆိုတာပါရှင်။

အစိုးရဝန်ကြီးဋ္ဌာနရဲ့လိုအပ်ချက်ရှိနေသူတွေအားလုံး ပြည်သူတွေအားလုံးဆိုပါတော့ အချိန်ကုန်လူပမ်း ရန်ကုန်ကနေ များသောအားဖြင့်လည်း ရန်ကုန်ကနေလာကြတာကိုး..(မြန်မာနိုင်ငံလူသားအားလုံးနေပူတော်မှာမနေကြပါဘူးရှင်) တဆင့်လာကြရတာ လူတဦးချင်းရဲ့ အချိန်တွေလုပ်အားခ ငွေကြေးတွက်ချက်ပြီး 
တနှစ်ဘယ်လောက်ဆုံးရူံးသွားတယ်ဆိုတဲ့ စာရင်းလေးတခုတောင်ထုတ်ပြန်ပေးလိုက်ချင်ပါရဲ့။ ရန်ကုန်ဆိုတာ အစိုးရကိစ္စနဲ့ဘဲလာလာ စီးပွားရေးကိစ္စဘဲဖြစ်ဖြစ် ရောက်ခဲ့ရင်ရွှေတိဂုံဘုရားဖူးမယ် တခြားအထင်ဂရနေရာတွေမှ အများကြီး။ ဒီ..ပူတော်ကြီးကိုတော့ ဟွန့်..ဆက်မပြောချင်တော့ပါဘု့..ရွှေညဏ်တော်စူး
ရောက်သောလူသားကြီးများရဲ့မဟာဦးနှောက်လေးကိုဘဲ ဂွနဲ့ဂလှော်ပြီး ဖွင့်ကြည့်ချင်ထှာ..အေ...

နောက်..ပြီးခဲ့တဲ့အပတ်ကတော့ သူတို့ရဲ့  နိုင်ငံခြားရေးရုံးကိုရောက်ခဲ့တယ်။ အဲဒီမှာ ထိုင်းတွေ ပတ်ပို့စ် လုပ်နေကြတာ တွေ့ခဲ့ရတယ်။ ဟင်းဟင်း...မြန်မာနိုင်ငံမှာ လွန်ခဲ့သော ၂ဝနှစ်..ဝေးလွန်းပါတယ်လေ..၁ဝနှစ်ဘဲထား..။ အဲဒီအချိန်မှာ ပတ်စ်ပို့တွေလုပ်ဖူးကြတယ်မူတ်လား..ဘယ်လိုလေးလဲ..စိမ့်စိမ့်လေးအဝါးခံရ အတီးခံရ အပေါ်တက် အောက်ဆင်း ဟိုလူ့ အဘခေါ်ရ ဒီလူ့အစ်မခေါ်ရနဲ့ ထိုင်မရှိခိုးရုံတမယ်..လူသားတွေ ရုံးပေါ်မှာ အာဏာပါဝါတွေရှိလိုက်ကြတာလေ..။ ကဲပါလေ..
အားလုံးသိပြီးသားကို ချေးခြောက်ရေနူးမနေတော့ပါဘူး..။ ဒီကဟာတွေဘဲ ပြောပြမယ်..။
ဒီပုံကတော့ သူတို့ပတ်စ်ပို့လုပ်ရင် ပထမဆုံးဖေါင်တင်တဲ့နေရာပါ...
 
အပြာရောင်ခေါင်းစည်းထားတဲ့ နေရာမှာ မသိလျှင်မေး..အားလုံးသေသေချာချာပြောပြတယ်..ဘယ်လိုလုပ်ဖို့ကမ္ဘာပေါ်မှာ ဘယ်နေရာဘယ်ဋ္ဌာနမဆို customer service ဆိုတဲ့ ဧည့်ဝန်ဆောင်မူ့ကောင်တာတခုက ရှိကိုရှိကြပါတယ်။ ဝင်လာပြီး ဘာလုပ်ရမှန်းမသိ ဘယ်သွားရမှန်းမသိ ကူညီပေးဖို့လေ.။ ရွှေပြည်ကြီးရဲ့ဇရပ်ထဲ
မှာတော့ ပွဲစားဆိုတဲ့လူတန်းစားတွေဘဲ တန်းစီကူညီဆောင်ရွှက်ပေးတာတွေ့ခဲ့ရပါတယ်။ ပြီးလက်ဖက်ရည်ဖိုးလေးပေါ့ရှင်..တခွက် ၅ဝဝတွက်ပြီးပေးရင် မယ်ငီးအတီးခံရမယ်..သောင်းဂဏန်း ထောင်ဂဏန်းတောင်းတာပါ..တော်သေး.. ၃သိန်းမဟုတ်လို့... ဖယားဖယား..

အော်..ပြောချင်တာတွေများနေလို့အရေးကြီးဆုံးတချက်ကိုမေ့သွားတော့မလို့
ကျမတို့ကမြန်မာသံရုံးထုတ်ပေးတဲ့ထောက်ခံစာတစောင်ကိုထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနတံဆိပ်ထုထောက်ခံချက်လာယူတာပါ။မနက်၉နာရီလောက်ရောက်
တိုကင်ယူပြီး အမြန်ကြေးနဲ့လုပ်လည်းရ ရိုးရိုးလည်းရတယ်တဲ့။ စာနဲ့ရေးကပ် ထားတာပါ။ နေ့ချင်းပြီးတာပါဘဲ။ အမြန်ကြေးနဲ့လုပ်ရင်တော့နေ့ဝက်နဲ့ပြီးတယ်တဲ့။ ကျမတို့က မြန်မာသံရုံးစာဆိုတာနဲ့ အမြန်ကြေးမရပါဘူးတဲ့။ ကဲပါလေပိုက်
ဆံသက်သာတယ်ထိုင်စောင့်ကြတာပေါ့ဆိုပြီးရိုးရိုးလုပ်ပါတယ်။ သူတို့ကကောင်း
ကောင်းရှင်းပြပါတယ်။ မြန်မာသံရုံးကိုဖုံးခေါ်ပြီး မေးရမှာဖြစ်တဲ့အတွက်ကြောင့်
တဲ့..။ဖုံးလေးတခါဆက် ဘာဖြစ်လည်းနော့်..အော်..မိုးကျရွှေကိုကိုတွေက အမြဲဖုံးမကိုင်ဘူးတဲ့ 😁၉နာရီကနေဆက်လိုက်တာ ၁ဝ နာရီအထိ မြင်နေရတယ်ကောင်
မလေးတွေ ဆက်ပေးတာ ၅ ခေါက်လောက်ရှိတယ်။ နောက်ကျမတို့ကိုခေါ်ပြီးပြောပြပါတယ်။ ဟိုဖက်က တာဝန်ရှိသောပုဂ္ဂိုလ်ကြီးလေယာဉ် ကွင်းသွားနေလို့ပါတဲ့။ နေ့လည်၂နာရီလောက်ပြန်ဆက်ပါတဲ့။ ဒီတော့လည်းစောင့်ပေါ့ရှင်။ နေ့လည် 
၂နာရီဆက်တော့ ကိုကိုကြီးမကိုင်ပါဘူးတဲ့ရှင်...။ ၃နာရီကျမှ အစည်းအဝေးခန်းမထဲရောက်နေလို့ပါတဲ့။သူပြန်ဆက်ပါ့မယ်တဲ့..။ ကဲ..စာရေးမတွေအားလုံးကိုယ်တို့ ၂ယောက်ကို ဝိုင်းကြည့်ကြတယ်။ သူများတွေတော့ ပြန်ကုန်ပြီ လိုတာတွေရလို့ပေါ့..ကိုယ်တို့ ၂ယောက်က ဒီကစောင့်နေသူသီချင်းဆိုနေတုံး။ နောက်ကျမကို
ခေါ်ပြီးပြောပြတယ် သူတို့ကြောင့်တနေကုန်စောင့်ရတာမဟုတ်ဘူးနော်တဲ့..ဟိုကဖုံးမကိုင်လို့ပါ..တဲ့နောက်ဆုံး ရုံးပိတ်ခါနီးလေး..မှမိုးကျရွှေကိုယ်တော်လေး ပြန်ဖုံးခေါ်ပေးတယ်လေ။ ကျမတို့လည်း ကဲ....ပိုက်ဆံသွင်း..အချိန်လည်းမရှိတော့ဘူး..
စာရွှက်ကိုတော့ နောက်နေ့မှာပြန်လာယူပါ..တဲ့။ ကဲ..ထပ်ကုန်ရပြီ တက်စီခ...
ဘတ် ၃ဝဝကျော်  တနေကုန်ညောင်းညာ...ဘယ်ကြောင့်လဲ!!!!!!


လူတွေအများကြီးလာတော့ ခုံတွေအများကြီးချထားပေးပါတယ်။ တဆင့်ပြီးဆင့် တခန်းပြီးတခန်းသွားရုံပါပဲ။အောက်ဆုံးထပ်က စားသောက်ဆိုင်မှာ မြန်မာက
လေးတွေတွေ့ခဲ့တယ်။သနားစရာကောင်းတယ် လခနည်းတယ်တဲ့ လက်မှတ်လည်းရှိဘူးတဲ့။ကဲ..မိုးရွှာတိုင်း မိုးယိုတဲ့ဒဏ်ကိုတော့ခံရအုံးမှာပေါ့။ခေါင်မိုးကမှ
မလုံတာ.....😔😒

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~
#meemeenage

Wednesday, March 11, 2015

ဘန်ကောက်ဆင်ခြေဖုံးဒေသမှအစားအသောက်များ..

မင်္ဂလာပါရှင်~~~
ပြီးခဲ့တဲ့လက ရာသီဥတုအရမ်းအေးတာရယ် ပစ္စည်းတွေသိမ်းနေတာရယ် နှာတွေစေး ခေါင်းတွေကိုက်တာ
ရော အလုပ်ကနေခွင့် ၂လယူတာမရလို့ အလုပ်ကနေ ခပ်တည်တည်ဘဲ အနားယူလိုက်တယ်လေ..။ ဘာ မှလည်းမရေးဖြစ်ဘူး။၂လလောက် ဘန်ကောက်နဲ့ မြန်မာပြည်ပြန်မလို့ ခုတော့ ဘန်ကောက်မှာသောင်တင်
နေပါတယ်။ အပူချိန် -20'C ကနေ -10'C ပတ်ဝန်းကျင်မှာ ခဲမတတ်ဖြစ်နေရာက ရုတ်ချည်း 30'C လောက် 92'F ပတ်ဝန်းကျင်ကိုခံစားရတော့ အော်...ငရဲဆိုတာကို နဲနဲသဘောပေါက်လာသလိုပါဘဲရှင်...။

ဒီဘန်ကောက်ရောက်ပြီး မယ်ငီးခန္ဓာကိုယ်ကလည်း ကျူံ့ ရာကနေပွလာတာပေါ့။ တချိန်လုံး ကောက်ညှင်း
ကျည်ထောက်လို အထပ်ထပ်ပတ်ထားရတဲ့ ဘဝကနေချက်ခြင်းလွှတ်မြောက်သွားရတာကို အရမ်းအရသာ
ရှိတယ်လို့ထင်မိတာဘဲ။အင်္ကျီတိုပါးပါးလေးတွေနဲ့ ဘောင်းဘီတိုတွေ စကဒ်တွေနဲ့ နေပူပူထဲမှာလမ်းသ လားနေရတာ ကိုယ့်ကိုယ်ကိုတော့ အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းကွိ လို့တောင်အောင်းမေ့မိပါတယ် :P

BKKရောက်ရင် အားလုံးသိကြတဲ့အတိုင်း ကိုယ်တို့တွေ အစားဘဲငမ်းကြောထကြပါတယ်...။ မနှစ်ကကျမ
မပြန်ဖြစ်ဘူးလေ။ ၂ဝ၁၂ နှစ်ကုန်ပိုင်းနဲ့ ၂ဝ၁၃ နှစ်ဆန်းပိုင်းကမြို့လေးကို ၄ လပြန်ဖြစ်ခဲ့တယ်။ အဲဒီတုံးက
တောင်ဘန်ကောက်ကစားစရာများဆိုပြီး အာလူးတွေတလှေကြီးပေးဖူးခဲ့ပါကောလား..။ ဒီတခါလည်း...
အဲ့ဒီဟာရဲ့ အဆက်ဆိုပါတော့ဗျာ...အဟီး..နောက်ပြီးမြို့တော်ထဲက မြင်နေကြ အစားအစာတွေမဟုတ်ဘဲ
ဇနပုဒ်ခေါ်မလား ဆင်ခြေဖုံးလို့ဆိုရမလား..အဲ့ဖက်က အကြောင်းတွေပြောပြမယ်..။

ကျမ တခါကပြောဖူးပါတယ်။ ကျိုင်းမယ်မှာ အတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ ထိုင်းသူငယ်ချင်းနဲ့ပြန်တွေ့တာလေ။
အခုလည်း သူက အတင်းခေါ်တာနဲ့ သူ့ဆီမှာ ညအိပ်သွားလည်ပါတယ်။ သူတို့နေရာက အခု သုဝဏ္ဏဘူမိ
လို့ခေါ်တဲ့လေယာဉ်ကွင်းအသစ်ပြေးလမ်းရဲ့ တဖက်မှာ ရှိတယ်။ အရင်ကတော့ လယ်ကွင်းတွေပေါ့။နောက်
တော့လေယာဉ်ကွင်းအသစ်လာဆောက် စက်မူ့ဇုံတွေ လာတည်တာပါ။ ကိုယ်တို့ဆီကနဲ့ မတူတာတခုက
အစိုးရတွေက မြေအလကားမသိမ်းတတ်ပါဘူး..။ လိုချင်ရင်မူလပိုင်ရှင်တွေဆီကဝယ်ယူပါတယ်။ လယ်မြေ ယာမြေအားလုံးလည်းဂရံတွေရှိကြတယ်လေ။ ကျမသူငယ်ချင်းနေတာ စက်မူ့ဇုံနယ်မြေမှာပါ။ သူတို့ကစက်ရုံ
ရှိတယ်။ စက်ရုံနဲ့ကပ်ရပ်မှာဘဲ အိမ်ဆောက်ထားတယ်။ မြို့ထဲကအိမ်ကိုသော့ပိတ်လို့ စက်ရုံမှာဘဲနေတာတဲ့။ အနီးအနားပတ်ဝန်းကျင်မှာလည်း စက်ရုံအလုပ်ရုံတွေချည်းပါဘဲ။ ကျမသူငယ်ချင်းစက်ရုံနဲ့ကပ်ရပ်မှာနေကြ တဲ့သူတွေကလည်း မူရင်းဒေသခံတွေများပါတယ်။

သူတို့တွေက မြေကွက်တွေပိုင်းရောင်းပြီး ကျန်တာတွေ အခန်းငယ်လေးတွေ တန်းလျားတွေဆောက်အခန်း
ဌားစားတာပေါ့ရှင်။ ပြီးကုန်စုံဆိုင်လေးဖွင့်အနီးပတ်ဝန်းကျင်က အလုပ်သမားလူတန်းစားထုကြီးကိုလက်ငင်း
ရော အကြွေးနဲ့ရော ရောင်းပေးတယ်တဲ့။ အလုပ်သမားတွေဆိုတာလည်းများသောအားဖြင့် ထိုင်းနိုင်ငံ
အောက်ဖက်ဒေသ(မလေးရှားနဲ့ကပ်ရပ်) နဲ့ ကျမတို့နိုင်ငံက လူတွေချည်းပါဘဲ။ မလေးရှားနဲ့ကပ်ရပ်ဒေသမှာ
နေတဲ့သူတွေလည်း မြန်မာနယ်စပ်မှာ နေတဲ့လူတွေနဲ့ဘဝချင်းတူကြပါတယ်။ နယ်မြေမအေးချမ်းဘူးလေ။
ဒီတော့ ရေကြည်ရာမြက်နုရာကိုရှာကြရတာပေါ့။ သူတို့ဖက်ကပိုဆိုးဝါးပါတယ်။ စာသင်ပေးတဲ့ဆရာမနဲ့ ဗုဒ္ဓ
ဘာသာကိုရင်ဘုန်းကြီးတွေဆိုရင် ဗုံးထောင်ပြီး လိုက်သတ်တာတဲ့။ စစ်သားအစောင့်နဲ့ နေရတာ..။

အဲ..စားစရာအကြောင်းကနေ..ဘယ်သောင်ဘယ်ကမ်းလှမ်းမှန်းတောင်မသိတော့ဘူး။ ပြန်ဆွဲခေါ်လာမယ်
နော်..။ ကဲ..စက်ရုံဒေသကနေအစပြန်ကောက်ရအောင်...။ အရင်ကလယ်ကွင်းတွေဆိုတော့ ချောင်းတွေ
မြောင်းတွေပေါများတာပေါ့။ ကျမတို့ရန်ကုန်ကနေဆိုရင် ပဲခူးအလွန် ငါးရံခြောက်တွေထွက်တဲ့အရပ်ဒေသ
လောက်ဆိုရမှာပေါ့..။ ပျဉ်ပုံကြီးရွှာလို့ခေါ်တယ်လေ။ အဲ့..လိုနေရာမျိုးနဲ့ခပ်ဆင်ဆင် ဆိုပါတော့ရှင်...။

အဲ့..မှာနေတဲ့သူတွေဘန်ကောက်မြို့ထဲကို တသက်နဲ့တကိုယ် ၁ ခါဘဲရောက်ဖူးတာတို့တွေလည်းရှိတယ်။
နဲနဲကျေးလက်ပိုဆန်တယ်။ မြို့တော်ဘန်ကောက်သူတွေလို ပါးပါးလျှလျှကိုယ်လုံးလေးတွေ တိုကပ်ကပ်ဝတ် တတ်တဲ့ လူတန်းစားတော့ မဟုတ်ဘူးပေါ့။။ဒီလိုမျိုး အမေရိကား နယူးဂျာစီမှာလည်း တွေ့ဖူးတယ်။ နယူး
ယောက်နဲ့နယူးဂျာစီ မြစ်ချောင်းလေးဘဲခြားတာ တံတားကျော်ရင်ရောက်တာကို တခါမှမရောက်ဖူးတဲ့ သူ
တောင်ရှိပါတယ်တဲ့။သူတို့ဘဝနဲ့ သူတို့တော့ ဟုတ်နေတာဘဲ။ ကိုယ့်ဘဝနဲ့ကိုယ်ကျေနပ်နေ ရင်ပြီးတာပါဘဲ
လေ။ ဘာများလိုအပ်နေသေးလဲ ..နော့်..။

မယ်ငီးရောက်သွားတော့ သူငယ်ချင်းရဲ့အိမ်နီးနားချင်းတွေက အိမ်ခေါ်ပြီးထမင်းတွေကျွေးကြတယ်။ ဒီက လည်း အားနာနာနဲ့တုတ်တာပေါ့ရှင်။ ဒီ ထိုင်းလူမျိုးတွေ တကယ်ဘဲ အပြင် အစားအစာကြိုက်ကြတာဘဲ။ မနက်မိုးလင်းကနေ မိုးချုပ် ဝယ်စားလို့မဆုံးတော့ဘူး။
မနက်စာကို မယ်ငီးအတွက် ကွေကြပ်လို့ခေါ်တဲ့ခေါက်ဆွဲအလိပ်ချောင်းသေးသေး နဲ့ ဝက်အူ ဝက်သားတွေ
သာမက ကြက်ဥတခြမ်း ဝက်သွေးတပိုင်း မျှစ်တချောင်း ပဲပြားကြော်တခြမ်း အမယ်ကတော့ အစုံပလုံ မျိုးစုံ ပါတယ်..အရသာကနဲနဲချိုပါတယ်။ ဝယ်ကျွေးတယ်လေ။ အချဉ်ရည်များများလေးထည့်စားရင်တော့ အရမ်း စားကောင်းတာပေါ့ရှင်။တရုတ်အစားအစာတခုပါဘဲ။ ထိုင်းမှာတော့ နံမည်ကြီးတယ်။ တရုတ်သွေးပါတဲ့ ထိုင်းတွေမနက်စာ အဖြစ် စားတတ်ကြတယ်။သူတို့အပြောဝက်သွေးက အူထဲကအမှိုက်တွေကို သန့်စင်ပေး တယ်..တဲ့ @_@

နေ့လည်ခင်းဆိုတော့ အထောင်းမျိုးစုံပေါ့။ ပဲသီးထောင်း သခွားသီးထောင်း သဘောင်္သီးထောင်း..
အားလုံးကို မုန့်တီဖတ်တွေနဲ့ ရုးရှဲစားကြတယ်။ မယ်ငီးတော့ ၃ လုတ် လောက်စားပြီး အိမ်နောက်ဖေး
ပြေးရတာတန်းနေတာဘဲ..ဟီး..။


ငပိရည်ကျိုတဲ့ ငပိတွေ ဆားရည်စိမ်ဂဏန်းလုံးတွေလည်းပါတယ်။ အနံ့ကတော့ ဟောင်နေတာပေါ့။ ညစာ
လည်းဝယ်စားဘဲ..ငပိထမင်းတဲ့..။ မိတ်ဆွေများ ဒီငပိထမင်းကိုသိကြမှာပါလေ..။ ကျမတော့အတော်ကြိုက် တယ်။ ငပိပါတော့ အရသာကလေးတယ်။ သရက်သီးချဉ်တာရယ် ဝက်သားရဲ့ အချိုရယ် ကြက်ဥအစိမ့်အရ သာရယ် ကုလားအော်သီးသေးသေးလေးကိုက်မိတဲ့အခါ အရသာအားလုံးပြည့်စုံသွားတာဘဲ..။
နောက်မနက်ကျတော့ သူတို့ပတ်ဝန်းကျင်က စားစရာတွေ နံမည်ကြီးတာတွေလိုက်ကျွေးပါတယ်။ ร้านก๋วย เตี๋ยวต้มยำริมคลองวัดศรีวารีน้อย မြန်မာလို ချောင်းနှာဘေးကချဉ်ငံစပ်တုံယမ်းခေါက်ဆွဲဆိုင်တဲ့ အရမ်း နံမည်ကြီးဆိုဘဲ။
ဒါကတော့ ဝက်သားလုံးနဲ့ဝက်သားချဉ်စပ်ဂျုံခေါက်ဆွဲ..

ကျမက ပင်လယ်စာချဉ်စပ် ဂျုံခေါက်ဆွဲမှာစားတယ်။
သူငယ်ချင်းက ပင်လယ်စာဆန်ခေါက်ဆွဲ ချဉ်ငံစပ်..
အရမ်းစားကောင်းလွန်းလို့ ဆန်ခေါက်ဆွဲအရည်မပါ ပင်လယ်စာအသုပ်သဘော လိုက်ပွဲဆွဲရသေးတယ်။
အဟဲ..သူငယ်ချင်းနဲ့မျှစားတာပါ။
သူတို့ဆိုင်ရှေ့ စားသောက်ဆိုင်
ဆိုင်လေးက မြင်နေကြ တကဲ့ဆိုင်ကြီးခန်းခန်းနားနားမဟုတ်ဘဲ..အရသာက ၁ဝ မှတ်အပြည့်ပေးလိုက်ရ
တယ်။ ခေါက်ဆွဲသူရဲ မယ်ငီး ဟင်းရည်ကောင်းမကောင်း ကြည့်တာနဲ့ကိုသိတယ်..။ ဆီတွေဝေ့တက်ပြီး ကြက်သွန်မြိတ်ဖတ်လေးတဖတ် နှစ်ဖတ်လောက် ပေါလောမျောနေတဲ့ ဟင်းရည်ချပေးတတ်တဲ့ ရန်ကုန်က
ရှမ်းခေါက်ဆွဲဆိုင်တွေကို ဒီတခါ ဝှေါင်ဝှေါင်ဆွေး ဝေးဝေးရှောင်တော့မယ်..လျှာအရသာလေးပျက်သွားမှာ
စိုးလို့.. ^_^

ဆိုင်ရှေ့က မြစ်ချောင်းလေးရှိတယ်..။ အဝင်က ဆိုင်နောက်ကနေဝင်ရတာ..
ခေါက်ဆွဲဆိုင်နေရာလေးပါ...မိတ်ဆွေများ လမ်းကြုံရင် သွားစားကြပါလို့..လက်တို့လိုက်ပါတယ်..။ အော်..
ခေါက်ဆွဲမစားချင်ရင် သူတို့ဆိုင်မှာ ဝက်ခေါက်ကင် ဝက်သားနီ ထမင်းလည်းရတယ်။ ဘဲဥပြုတ်တခြမ်ထည့်
ပေးတယ်..

အရသာကတော့ အထူးပြောစရာမလိုဘူး..ဂွတ်ထဂွတ်ထ..ပါဘဲ..
နောက်လေယာဉ်ကွင်းနဲ့နီးပြီး နံမည်ကြီးတဲ့ဆိုင်တခုကတော့ Koh lan Tar Bar and restaurant ပါ။ 
လွန်ခဲ့တဲ့ ၂နှစ်ကျော်အချိန်က သူငယ်ချင်းတို့က ကျမကိုအတင်းကျွေးချင်နေကြတာလေ...။
ဒီကလည်း ပြန်ဖို့လေယာဉ်ကွင်းဆင်းခါနီး..ပေါ့။လေယာဉ်ကွင်းကို အစောကြီးသွားပြီးအပြင်ပစ္စည်းတွေ
အပ်တဲ့နေရာမှာ အားလုံးအပ်ခဲ့ပြီးမှ သူတို့ကားနဲ့ အဲဒီဆိုင်ကိုသွားစားကြတာပါ။ ညကြီးလူတွေများလိုက်တာ
ဆိုင်ကလည်းကြီးမားကျယ်ပြန့်တယ်။ ကျွန်းလေးလိုဟိုတစုဒီတစုနဲ့ မီးရောင်မှိန်မှိန်လေးလေးတွေနဲ့အတော်
လှတာပါ။ ကျမအတွက်မဟာပြသာနာတခုက ကင်မရာကို ပစ္စည်းအပ်တဲ့အထဲ ထည့်ထားမိလိုက်တယ်လေ
ဒီတော့ ဒါတ်ဒါတ်လေးတွေနဲ့ ပြပေးလို့မရဘူးပေါ့။ဟင်းတွေကလည်းသိပ်အထူးဆန်းကြီးတော့မဟုတ်ပါဘူး ကာရာအိုကေအခန်းတွေ ဧည့်ခံပွဲတွေလုပ်ဖို့နေရာအကျယ်ကြီးရှိတော့ညတိုင်းအထူးဘဲစည်ကားလှပါတယ်

ဒီတခါတော့ သူငယ်ချင်းပြောပြတယ် ဟင်းတွေလည်းညံ့လာပြီး ဈေးကမတရားကြီးလွန်းတယ်တဲ့။ ကျမ တို့ကိုကျွေးတုံးက ၅ဝဝဝ ဘတ်နီးပါးပေးရတာ..။ လူ ၄ယောက်စားတာ အရက်မပါဘဲ ကိုယ်တို့ကလည်း
ခရီးဆက်ရမှာကတဖက်ဆိုတော့ လူလည်းစိတ်သိပ်မပါဘူးလေ။

သူငယ်ချင်းတို့ အုပ်စုက တကယ်အစားသောင်းကျန်းတယ်။ မယ်ငီးတူမလေးနဲ့တွေ့ဖို့ မြို့ထဲရောက်တုံးဆို
ပြီး ပေါက်ပေါက်ဆုပ်( အနောက်နိုင်ငံမှာတော့ တကယ်ပေါပါတယ်) ချိစ်တွေ ချောကလက်တွေနဲ့ လူးထား
တဲ့ မုန့်လေ..။ အဲဒါကို ၂၅ဝဝ ဘတ်ဖိုး အိမ်ဝယ်ပြန်တယ်...။ မယ်ငီးတော့ ပါးစပ်ဟောင်းလောင်းထလေ
သည်ပေါ့...မြန်မာငွေနဲ့တွက်ကြည့်ရင် ၇ သောင်းကျော်ဖိုးရှိနေပါကောလား..ဖယားဖယား..ပေါက်ပေါက် ဆုပ်လေးများ..

နောက်တခုရှိသေးတယ်...မယ်ငီးသွားအိပ်တဲ့ညက ရှင်ပြုအလှုရှိလို့ သူတို့သွားကြတယ်။ သူဌေးတယောက်
ရဲ့အလှုတဲ့။ ရှင်ပြုအလှုကလည်း ညစာကျွေးတာတဲ့ တရုတ်စားပွဲဝိုင်းတွေနဲ့ဆိုဘဲ ပွဲပေါင်း ၃ဝဝ တဲ့။ အလှုက
သိန်းချီ သန်းချီတောင်ကုန်တယ်ဆိုဘဲ။ စတိတ်ရိုးလည်းပါတယ်တဲ့..။ အော်..သူ့တို့ဓလေ့ထုံးစံ...ပေါ့..။

ကဲ..ဒီစားကြောခရီးက အစဘဲရှိသေးတာ..ဟင်းဟင်း...အချိန်မရှိလို့ မနဲအံကြိတ်ပြီး မိတ်ဆွေများကိုဘန်
ကောက်ကနေနူတ်ဆက်ချင်လို့ ညကြီးမင်းကြီး အာလူးပေးလိုက်ပြီနော့်....

မီးမီး