Friday, June 27, 2014

ကျိုင်းမိုင်@ဇင်းမယ်မှမနက်စာများ..


မင်္ဂလာပါရှင်~~~

ဟိုဟိုဒီဒီစဉ်းစားရင်လည်းတနေ့နေ့ ဘာချက်စားရင်ကောင်းမလဲ ဆိုတာဘဲစဉ်းစားမိပါတယ်။ တနေ့ ၃ နပ် 
စားဖို့ကကျမတို့မှာ တာဝန်ရှိတယ်လေ မဟုတ်ဘူးလား။ မနက်စာကို တော်တော်များများက ကော်ဖီ ပေါင် 
မုန့်တို့နဲ့ပြီးတတ်ပေမဲ့ ကိုယ်တို့ရှမ်းတွေကျတော့ အငွေ့တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲတို့ ကောက် ညှင်းပေါင်း နန်တုန်(အသားခဲ) ဝက်ခေါက်ကြော် ထိုဖူးသုပ် ဒါမျိုးတွေစားမှဝမ်းမီးကငြိမ်းတယ်လို့ထင်တာ ကိုး..။ ဒီမှာလည်းမနက်ဆိုရင် ကော်ဖီခွက်တွေကိုင်ပြီးအလုပ်ကိုအပြေးအလွှားသွားကြရင်းလမ်းမှာသောက်
ကြတာများတယ်။သူတို့ အခေါ် Cereal ပြောင်းဖူးတို့ ကွေကာအုပ်လို့ ကျမတို့သိတဲ့အစာတွေနဲ့နို့သောက် ကြတာဘဲ။ အိမ်မှာနေတဲ့အချိန်ဆိုရင် သူတို့လည်း မနက်စာကို ကျကျနနစားကြတာ။ ပရိုတိန်းဓါတ်ကအ
ရေးကြီးတယ်ဆိုပြီး ကြက်ဥ ဝက်ပေါင်ခြောက် ချိစ်တွေ အသီးအနှံတွေ ပန်ကိတ်တွေ စားကြတယ်။ ကိုယ် ကသိပ်မကြိုက်တော့ စားစရာမရှိသလိုခံစားရတယ်လေ။


ရန်ကုန်မှာဆိုရင် မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ပဲပြုတ်ထမင်းကြော် အကြော်စုံ..ရွှေးစရာတွေအများကြီး..။
ကျိုင်းတုံမှာတော့ ထိုဖူးနွေး ခေါက်ဆိန့်  ကောက်ညှင်းပေါင်း..အိုး...အများကြီးပါဘဲ။ ဒီမှာတော့ နောက်ဆုံး
ခုလောလောဆယ် ဒိန်ချဉ်ဗူးလေးနဲ့ နှစ်ပါးသွားလေးကနေရတာပေါ့ အရင်ကခေါက်ဆွဲထုတ်တွေပြုတ်စား
တတ်တယ်။ ဓါတုပစ္စည်းတွေပါတာများလို့ ခုရပ်လိုက်တယ်။ ဟိုး..တလောက တီဗီထဲမှာ ကျိုင်းမယ်ကစား
သောက်အကြောင်းတွေကြည့်ရင်း သတိရလာလို့..ပြောပြအုံးမယ်။


ကျမဟိုမှာ ၉ နှစ်နေခဲ့တဲ့ကာလတလျောက်လုံး မနက်မနက်ဆိုရင် ကော်ဖီတို့ဘာတို့ဆိုတာ ဝေးဝေးရှောင် တယ်။ အဟဲ..ရှောင်လို့လည်းရတယ်လေ..စားစရာမှအများကြီး..။ မနက် ၈ နာရီအလုပ်ထဲဝင်ရတာကို  ၇ နာရီထိုး နာရီနိုးစက်ကအော်မှ ပိတ်ပြီး ပြန်နှပ်နေတတ်သေးတယ်။ အိပ်ယာကထ ရေချိုးခန်းဝင် အဝတ် အစားလှဲပြီး အလုပ်ကို အပြေးအလွှားသွားရတယ်။ အိမ်နဲ့ အလုပ်က ၁ဝ မိနစ်တိတိ လမ်းလျောက်ရတယ်
လေ။ မနက်စာကိုအလုပ်ရောက်ပြီး Time-card လုပ်၊ အလှပြင်..ဟီး..အိမ်မှာကအဝတ်လောက်ဘဲလှဲဖို့အ ချိန်ရှိတာလေ။ အားလုံးအဆင်သင့်ပြီးသွားမှ မနက်စာကို မော်တော်ဆိုင်ကယ်ဘေးတွဲယာဉ်တွေလာရောင်း
တာကို ဒူးလေးနန့်လို့စောင့်နေရုံပါဘဲ။ 

လမ်းဘေးတနေရာကမော်တော်ယာဉ်
ခေါက်ဆွဲဆိုင် credit to google
ခေါက်ဆွဲသည်နဲ့ ထမင်းသည် မနက် ၉နာရီမထိုးခင်လောက်ဆိုလာတယ်။ထမင်းသည်က မနက်ဆိုရင်
ကောက်ညှင်းနဲ့ အသားကင်တွေ အမယ်စုံလှသော ငရုတ်သီးထောင်းအမျိုးမျိုးတွေ ရိုးရာဟင်းတွေ ပါလာတတ်တယ်။ ပိန္နဲသီးပြုတ်သုပ် နဲ့ ဟင်းပေါင်းတွေ မျှစ်ချဉ်စင်းအစပ်ချက်ကတော့ အမြဲပါတတ်တယ် ဇင်းမယ်သူတွေတော့ ကောက်ညှင်းပေါင်းတွေစားတတ်ကြတယ်။ ဟင်း၂ထုပ် နဲ့ ကောက်ညှင်းပေါင်း ၁ ထုပ်ဝယ်မှ ၁ဝ ဘတ်တောင်မကျဘူး။ တမျိုးမှ ၂ ဘတ် ၃ဘတ်လောက်ဘဲပေးရတာ..။ အဲဒီတုံးကငွေဈေး
ကလည်း ၂၅ ဘတ်ကို ၁ဒေါ်လာဈေးလေ..။ လွန်ခဲ့သော ၂၅နှစ်သာကာလလို့ပြောရင်တောင်ရပြီ..။ ခေါက်
ဆွဲခင်ကတော့ ခေါက်ဆွဲသည်ကိုဘဲစောင့်စားတာများတယ်။ 

အမဲသားခေါက်ဆွဲ
credit to google
အမဲသားလုံး ဝက်သားလုံး အမဲသားအကြောတွေပါတဲ့အသားတုံးကြီးကိုနူးနေအောင်ပြုတ်ထားပြီးဟင်း
ရည်အိုးထဲစိမ်ထားတာ၊ မှာစားမှ ဆယ်ပြီးလှီးချွတ်ပေးတာ..ဘေးကနေ အကြောပိုင်းတွေ နဲနဲပိုထည့်ပါ
ခေါက်ဆွဲနဲနဲဘဲထည့်ပါ ပဲပင်ပေါက်များများ အရွှက်များများ ဒီလိုအမှာစကားအများကြီးပြောတတ်တဲ့ဖေါက်
သည်ကြီးမယ်ငီးကို သူတို့တခါမှ မငြူစူဘူး၊ပြုံးပြုံးလေးနဲ့ထည့်ပေးတတ်တယ်။ "နမ့်တုတ်"လို့မှာရင် သွေးအ
စိမ်းကိုပန်းကန်ထဲတဇွန်းလောက်ခပ်ထည့်ပေးပြီးဟင်းရည်ပူပူနဲ့ ရေဆူဆူမှာဖျော်ထားတဲ့ခေါက်ဆွဲပူပူကို

လောင်းထည့်ပေးလိုက်ရင် ဟင်းရည်ကခပ်ညိုညိုအရောင်နဲ့ လေ..သူတို့တော့ အရမ်းစားကြတာဘဲ။ ကိုယ်
တော့တခါလောက်စားဖူးသွားရင်ပြီးတာဘဲ။ အမြဲတမ်းစားလေ့မရှိဘူး။ သူတို့အသားက အရမ်းနူးတော့
တော်ရုံသူ့ဆီမှာစားရင် အမဲသားလုံးဝက်သားလုံးမှာစားဖို့ သတိမရကြဘူး..။ နူးအိနေတဲ့ အသားနဲ့ စားကြ

တယ်လေ။ခေါက်ဆွဲသည်လင်မယားမှာ ခလေးလေးတယောက် ကျောင်းပိတ်ရင်လိုက်လာတတ်တယ်။ သူကအရုပ်တွေကို တန်းစီချထားပြီးပေါင်ချိန်တရားစီရင်ခန်းကွ..ဆိုပြီး..ဓါးနဲ့အားပါးတရ ခေါင်းတွေဖြတ်
နေလို့..တော်တော်လန့်သွားဖူးတာ အမှတ်ရနေသေးတယ်။ (အဲ..ခေတ်က
ပေါင်ချိန်ခေတ်လေ...) ခုံတွေပါတွေလည်းမပါပါဘူး။ ဒီလိုမိုးတိုးမတ်တပ် နဲ့ဘဲ ရှလွှတ်ရှလွှတ်လုပ်ခဲ့ရတာဘဲလေ..။
ငါးဆန်ပြုတ် credit to google
စိတ်ကူးပေါက်ရင် (မန်နေဂျာနဲ့လည်းကြည်တဲ့သူဆိုတော့..ဟီး) အပြင်မထွက်ရဆိုပေမဲ့ မားကတ်တင်း အဖွဲ့ကသူတွေဆိုင်ကယ်နောက်ကကပ်ပြီး လမ်းထိပ်ကဈေးထဲမှာ ပဲနို့ရည်နဲ့ အီကြာကွေး၊ နို့မို့ရင်လည်း သူတို့အခေါ် ကျူတ် ကိုယ်တို့ကတော့ဆန်ပြုတ်ပေါ့ ဒါပေမဲ့ ထိုင်းမှာ ဆန်ပြုတ် ၃မျိုးရှိတာဗျ..။ သူတို့မနက် မနက်စားတတ်တဲ့ဆန်ပြုတ်ဆိုတာက ထမင်းကိုအသားပြုတ်ရည်လေးနဲ့ပြန်ကျိုပြီး အသားလုံးတွေ တရုတ်နံနံပင်တွေထည့်တာ။ ငါးတွေ ပုဇွန်တွေနဲ့လည်းစားတတ်တယ်လေ။ ဒါကိုသူတို့က ဆန်ပြုတ်လို့ခေါ် ကြတယ်။ ခေါက်တုမ်..ပေါ့..ရှမ်းလိုအခေါ်ခြင်းတူကြပါတယ်။

ခေါက်တုမ်ကွီး credit to google
နောက်ဆန်ပြုတ်တခုက ဆန်ပြုတ်အဖြူထည်ကို ဟင်းတွေနဲ့စားတာ၊ ဟင်းကလည်း ခပ်ခြောက်ခြောက်ပေါ့ ဝက်အူချောင်းကြော် ဆားငံဘဲဥ မုန်ညှင်းရှလကာရည်စိမ် ကန်စွန်းရွှက်ကြော် ပုဇွန်ခြောက်သုတ်တို့ဘာတို့
ပေါ့..။ ညလည်စာတို့ ညစာခပ်ပေါ့ပေါ့စားချင်ရင် အဲလိုစားတတ်ကြတယ်။ ဒါကိုတော့ ခေါက်တုမ်ကွီး..တဲ့

ကျူ တ် credit to google
နောက်တခုကကျမကြိုက်တဲ့ "ကျူတ်"ဆိုတာပေါ့။ ဆန်ကိုအစေ့ပျောက်အောင်ကျိုထားတာလေ။ဂျင်းများများ
နဲ့ဆိုရင် ဂွတ်မှဂွတ်ဘဲ စပယ်ရှယ်ဆိုရင် ကြက်ဥတလုံးဖောက်ထည့်ပေးပါတယ်။

 
ကျိုင်းမယ်မုန့်ဟင်းခါး(ကျိုင်းတုံမုန့်တီနဲ့အတူတူဘဲ)
 credit to google
ဈေးသည်ဆီကနေ သူတို့မုန့်ဟင်းခါး (ကျမတို့ကျိုင်းတုံမုန့်တီလိုဘဲလေ ဝက်သွေးနဲ့ချက်တာ၊သူတို့ ကတော့ မုန့်တီဖတ်သေးသေးမျှင်မျှင်နဲ့စားတယ်လေ။မြန်မာမုန့်ဟင်းခါးလိုပေါ့) လည်း ၃မျိုးလောက်ပါတတ်ပါတယ်။
ကျိုင်းမယ်မုန့်ဟင်းခါးက ဝက်သားနဲ့ချက်ပြီး ထိုင်းမုန့်ဟင်းခါးက ငါးနဲ့အုန်းနို့ပါတယ်။ နောက်..အောက်ပြည်
နယ်ဖက်ကဆိုရင် တကယ်စပ်တယ်။ နောက် ကြက်သားနဲ့ချက်တဲ့ အစိမ်းရောင်ဟင်း( ကိုင်ခေဝ်ဝမ်)၊ အနီ
ရောင်ဟင်း(ကိုင်ဖစ်) တို့ဆိုတာက ထမင်းနဲ့စားသလိုမုန့်တီဖတ်နဲ့လည်းစားတတ်ကြတယ်။ ကျမတို့လို ဟင်း
ရည်အများကြီးဆမ်းစားတာမျိုးမဟုတ်ဘဲ အသုပ်သဘောမျိုး အရည်နဲနဲလောက်ဘဲစားတယ်လေ။မော်
တော်ဆိုင်ကယ်သမားလာရောင်းရင် ဟင်းရည်တွေကနဲနဲနွေးနွေးလာက်ဘဲရှိတော့တာ။ သိပ်မပူတော့
ကျမတော်ရုံမဝယ်စားဖြစ်ဘူး။ မုန့်ဟင်းခါးဆိုတာ ပူပူလေးမှ ရှလွှတ်လို့ကောင်းတာလေနော့် ^_^

ငါးနဲ့ချက်တဲ့မုန့်ဟင်းခါး(ခနုမ်ဂျင်းနမ့်ယာ..လိုခေါ်တယ်)
 credit to google
"ခနုမ်ဆိန့်" "ခနုမ်ဂျင်း" ဆိုတာမုန့်တီဖတ်ကိုခေါ်တာ။ ဒီတော့ ကျိုင်းမယ်ကမုန့်တီကို "ခနုမ်ဂျင်းနမ့်နေအိုဝ်" လို့ခေါ်ပြီး ငါး၊အုန်းနို့နဲ့ ချက်တာကိုတော့ "ခနုမ်ဂျင်းနမ့်ယာ" လို့ခေါ်ပါတယ်။ "ခနုမ်" တလုံးထဲကျတော့ မုန့်လို့အဓိပ္ပါယ်ရပါတယ်။ အင်း..မြန်လိုအသံထွက်ကိုအနီးစပ်ဆုံးရေးကြည့်တာပါဘဲ..နမ့်ယာဆိုတဲ့ ငါးနဲ့ ချက်တာ ခုနောက်ပိုင်းသွားတော့ ငါးအသားလုံးတွေထည့်ပေးတတ်တာတွေ့ရတယ်။ စားလို့အရမ်းကောင်း
ဘဲ။ အားလုံးတူတာတခုက ကပ်စားရတဲ့အရွှက်တွေ အမယ်အများကြီးရှိတာပါဘဲ။ ကျမတော့တကယ်ကြိုက်
တယ်။ 


သွားရင်းလာရင်းနဲ့ ဘန်ကောက်တနေရာမှာ မုန့်တီဘူဖေးတွေ့ဖူးတယ်။ ဟင်းရည်မျိုးစုံနဲ့ပေါ့။ အဲဒီအချိန်တုံး
ကဗိုက်ပြည့်နေတဲ့အချိန်ဆိုတော့ မဝင်လိုက်ရဘူး..။ ကဲ..နောက်တခါကျရင် ကျိုင်းမယ်က နံမည်ကြီးဆိုင်
ကနံမည်ကျော်တဲ့ ခေါက်ဆွဲတွေအကြောင်းပြောပြအာလူးဖုတ်မယ်နော်...ဒီနေ့တော့ မနက်စာ ဒိန်ချဉ်လေး
စားလိုက်အုံးမယ်...း))))


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Monday, June 16, 2014

မင်းတရားကြီးတိုင်းခန်းလှည့်လည်ခြင်း...

မင်္ဂလာပါရှင်~~~
ခလေးဘဝကတည်းက ပုံပြင်တွေ ကျောင်းသင်ခန်းစာတွေမှာ သင်ဖူးဖတ်ဖူးမှတ်ဖူးခဲ့ကြတာပါဘဲ။ တိုင်း
ပြည်အုပ်ချူ ပ်မင်း လုပ်နေတဲ့ ဘုရင်တွေ တခါခါသူတို့တိုင်းနေပြည်တော်တခွင် သွားရောက် လည့်လည်
ကြည့်ရူကြတာကို တိုင်းခန်းလှည့်လည်တယ်လို့ပြောတာတဲ့။
credited to google
အဲ..တနေ့မှာတော့လည်း ပထမဆုံး တိုင်းခန်းလှည့်လည်ခြင်းကို ကျမတို့မြို့လေးမှာနေတုံးက ကိုယ်တွေ့ကြုံ ဖူးတာပေါ့..။ လမ်းဘေးလေလွှင့်ခွေးတောင်မကျန် အရူးတွေကောဘဲ အားလုံးကားကြီးတွေနဲ့ သိမ်းကြုံးတင်
ပြီးရှင်းလင်းလိုက်တာဘဲ။ တကယ်တော့ အဲဒီနေ့မှာ ကျမက လမ်းမပေါ်မှာ သွားစောင့်နေချင်တာပေါ့။
ဖြစ်ချင်တော့ အိပ်ယာကနိုးတာနဲ့အိမ်ဝိုင်းထဲက လမ်းကြားထဲမှာစစ်ဝတ်စုံနဲ့စစ်သားကြီးတယောက် သေ
နတ်တွေ ဘာတွေနဲ့ ဝင်းတံခါးနားမှာ ရပ်နေတာတွေ့တာနဲ့ အားလုံးကိုမေ့သွားလိုက်တာပါဘဲ။ မမြင်

ဖူးတဲ့လူကြီးထက် ဒီစစ်သားကြီးက အန်မတန်မှ စိတ်ဝင်စားစရာကောင်းပြီး ကျူ ပ်တို့စပ်စုစိန်အတွက် မဟာ အခွင့်အရေးကြီးလေ..။ မျက်နှာလည်းကောင်းကောင်းမသစ်နိုင် မနက်စာလည်းဖြောင့်ဖြောင့်မစားနိုင်ပါဘူး။
အဲ့..စစ်သားကြီးနားတဝဲလည်လည်နေတာဘဲ..။ ပထမဦးဆုံးသူ့ကိုပြောတဲ့စကားက ဘယ်ကလာလဲတဲ့.. ဟီး ^_^ သူက ရခိုင်ကလာတယ်လို့ပြောတယ်..။တကယ်ဆိုကိုယ်မေးတာက ဒီလိုမဟုတ်ပါဘူး.. ဘယ့်နှယ်စောစောစီးစီး မယ်ငီးတို့ ဝိုင်းထဲကမှာ ဘွားကနဲပေါ်လာတာ ဘယ်ကနေရောက်လာသလဲပေါ့..။

ထားပါလေ..ကိုရခိုင်က ရှမ်းမစကားကောင်းကောင်းသဘောမပေါက်တာဖြစ်ပါလိမ့်မယ်..။ အဲနေ့က မှတ် မှတ်ရရ ကျောင်းပိတ်ရက်ပေါ့။ အပြင်ထွက်ပြီး သူငယ်ချင်းနဲ့ ကစားဖို့လည်း သတိမရတော့ဘူး..။ အမေတို့
ကျွေးတဲ့မုန့်တွေ ဖွတ်ပြီး သူ့ကိုသွားပေးရတာအမော..။ အမေ့ကိုအတင်း ရေနွေးအိုးထည့်ပေးဖို့ပူဆာတယ်။

ပြီးစစ်သားကြီးကိုသွားပေးတယ်လေ..အခါးရည်ခွက်လေး ဗန်းလေးနဲ့ပေါ့..။ သူအစက ဘာမှသိပ်မပြောဘူး
နောက် အရမ်းကြီးမေးတော့ နဲနဲပါးပါး (ခလေးစိတ်ကျေနပ်အောင်နေမှာပါလေ) ပြောတယ်။ ထမင်းစားချိန်
ကျတော့ ဟန်းကောလို့ခေါ်တဲ့ထမင်းချိုင့်ဖွင့်ပြီးစားတယ်..။ ဒီကလည်း အတင်းပြူးပြူးပြဲပြဲကြည့်နေတာ။

မီးဖိုချောင်ပြေး ဟင်းရည်တွေ ငရုတ်သီးထောင်းတွေ သွားယူလာတယ်။ အိမ်ကလူကြီးတွေတော့ မယ်ငီးကို
လက်မြှောက်ထားလိုက်ပြီလေ..။ဘာမှမပြောတော့ဘူး..။ စစ်သားကြီးချိုင့်ထဲမှာ ထမင်းခဲကြီးက မာတာတာ
ဝါကျင်ကျင်..သနားစရာလေးပါ..။ အင်း..တကယ်ပြောချင်တာက စစ်သားကြီးအကြောင်းမဟုတ်ပါဘူးလေ။

နောက်တော့လည်းစပ်စုစိန်ရဲ့ သေနတ်နဲ့တကယ့်လူကိုပစ်ဖူးလား!(ဓါတ်ရှင်ထဲကလိုအလကားဟန်ဆောင် တာဟုတ်မဟုတ်သေချာအောင်မေးတာလေ) တောထဲမှာလူဆိုးတွေမှန်း ဘယ်လိုလုပ်ခွဲခြားသိနိုင်လည်း! ဂလိုပြောင်မြောက်လှတဲ့ အူကြောင်ကြောင်မေးခွန်းတွေကြောင့် စစ်သားကြီးက ခင်သွားတယ်နဲ့တူတယ်။ ရာရှင်ပုံးတွေ ယူလာပေးတယ်။( ရာရှင်ဆိုတာကျမတို့နယ်ဖက်မှာ အဲဒီအချိန်ကဆိုပါတော့ နယ်မြေမအေး ချမ်းပါဘူး စစ်တပ်တွေ စစ်သားတွေခြေချင်းလိမ်လို့ပေါ့ စစ်တပ်က ရှေ့တန်းထွက်စစ်သားတွေအတွက် ထုတ်တဲ့သံပုံးတခုထဲမှာဆန်ဆီငါးသလောက်ဗူးအမဲသားဗူး ဒီလိုမျိုးနည်းနည်းစီထည့် ထားတဲ့ပုံးကိုခေါ် တာပါ။ စစ်သားတွေမြို့ ထဲရောက်ရင် သူတို့ယူလာရောင်းတတ်ကြတယ်။အမေကဝယ်ထားတတ်တယ်လေ)
သူ့ကိုပိုက်ဆံပေးလည်းမယူဘူး။ ခလေးတွေကိုစားစေချင်လို့ပါတဲ့..အိမ်ကဆေးလိပ်တွေ ဘာတွေပေး လိုက်တယ်။ သူလည်းခဏခဏလာတတ် တယ်။ နို့ဆီသကြားလာပေးတယ်လေ..။အဲဒီခေတ်ကသမဝါယမ
ဆိုင်မှာ တန်းစီပြီး စာအုပ်နဲ့ထုတ်စားရတဲ့ခေတ်လေ..။


ကဲပါလေ..ဒီလိုပါဘဲ..တချိန်တခါက မင်းကြီးများတိုင်းခန်းလှည့်လည်ရင်လည်း အလုပ်တွေရူပ်ကြတာပေါ့။
ဖုံးစရာရှိတာဖုံး ကာစရာရှိတာကာ ဖားဖို့ပြင်ဆင်ကြတာပေါ့...အဲလေ..မယ်ငီးတော့ အဟုတ်တွေပြောပြန်ပြီ အမှန်တရားကိုပြောပြတာပါ။ စစ်သားကြီးလည်း မယ်ငီးမျက်လုံးမဖွင့်ခင်ကတည်းကရောက်နေလိုက်တာ။
ညမိုးချူပ်လို့ သူနဲ့စကားပြောဖို့တောင်ပျင်းလာပြီ..ဆိုတဲ့အချိန်မှ ကားကြီးနဲ့ပြန်လာခေါ်သွားတာလေ။ တနေ ကုန်မိုးတိုးမတ်တပ်နဲ့။ နောက်ပိုင်းတွေမှာတော့ ကိုယ်လည်းကိုယ်တွေ့မကြုံဖူးပေမဲ့ အမကျောင်းဆရာမပြော
ပြလို့ကြားနေကြဇာတ်လမ်းတွေရှိတယ်။ မင်းတရားကြီးက အိပ်ယာကတောင်မထသေးလောက်ဘူး။ မြို့

လေးမှာတော့ မနက် ၅နာရီစောစောစီးစီး သွားစောင့်နေကြရတယ်တဲ့။ လာတော့ နေ့လည် ၁၁နာရီ...။
ကဲ..စီစဉ်သူကညံ့တာလား အဖားလွန်တာလားတော့ မသိဘူး..ကျောင်းသားတွေဆရာမတွေ မစားရ

မသောက်ရ မပေါက်ရ နဲ့တနေကုန်နေပူထဲနေရတာပါဘဲ..။ နောက်ပိုင်း မင်းတရားကြီးရော..မကြီးတကြီး
ရော..လူခဲတွေပေါ့(လူခဲ=အင်းသားလိုပြောတာ) လာလိုက်ကြတာ။ လက်ထောက်တော်ကြီးများက
ကောက်ညှင်းပေါင်းတွေဘာတွေ စီစဉ်ပေးရတော့တယ်တဲ့..။ ဟင်းဟင်း...ဂလိုအဖြစ်အပျက်မျိုးကို ကိုယ်တို့
ဆီမှာဘဲရှိတယ်ထင်ခဲ့တာ...အိုး.လား..လား...ဒီအမေရိက တိုင်းပြည်ရဲ့ နယူးယောက် လောင်းအိုင်းလိုင်း
ကနေရာတခုမှာ ဘွားကနဲ ကြုံတွေ့လိုက်တော့ ဟောင်းလောင်းပါးစပ်ဟလေသတည်းပေါ့...။


စီးပွားရေးလုပ်ငန်းတခုရဲ့ အင်ပါယာအရှင်သခင်ကြီးပေါ့...သူနဲ့ သူ့ရဲ့ရှယ်ယာပါတာနာ ဆိုတာလာမလို့တဲ့...။
နယူးယောက်မှာဆိုတာတော့ နယူးယောက်ဋ္ဌာနတွေထဲက အသစ်ပြင်ဆင်ထားခါစ အရမ်းကြီးသပ်ရပ် သစ်လွင်နေတဲ့ ကိုယ်တို့ရဲ့ ဆိုင်ကို လာရောက်ကြည့်ရူလေ့လာဖို့ ရွှေးချယ်ခြင်းခံရတာပေါ့လေ။ မလာခင် တပတ်ကတဲက လူပ်ရှားရတယ်။သူတို့အလုပ်ရာထူးကလည်း အရူပ်သားဘဲ။အရောင်းဌာနတခုစီမှာ မန်

နေဂျာတယောက်စီအပြင်  ပြည်နယ်တခုချင်းဆီကဌာနေဒါရိုက်တာတယောက်လည်းရှိတယ်။ဆိုင်ခွဲပေါင်းက
ထောင်ကျော်တော့လည်း ရူပ်တော့တာပေါ့လေ။ ကိုယ်တို့ဆိုင်က အလုပ်သမားတွေအပြင် နယူးယောက် မြို့ထဲက နောက်ထပ် ဆိုင်ခွဲတွေထဲက စူပါဗိုက်ဆာတွေလည်း လာရတယ်။ နယူးယောက်ပြည်နယ်ကပ်ရပ်
နယူးဂျားစီနဲ့ ကန်နက်တီကက်က ဌာနေဒါရိုက်တာကောလာရတယ်။ လူတွေမှအများကြီး ပြီးဗီဇာတွေမှာ
စားကြတာပေါ့..ခြင်ကောင်ရဲ့မစင်အထိရှာပြီး သန့်ရှင်းအောင်သုတ်သင်ရှင်းလင်းပြီး အားလုံးကို စက်နဲ့စီ ထားသလို တိကနဲညီနေအောင်လို့ လုပ်ရပါတယ်။ ၃ရက်တိတိပါ။ ကိုကိုသူဋ္ဌေးကြီးက သားရေဦးထုတ်နဲ့ ဟီးဟီးဟားဟားနဲ့ စကားတွေပြောပြီး ဖြတ်သွားတာဘဲ ဘေးတချက်တောင်လှည့်လို့ငဲ့မကြည့်ခဲ့ပါဘူး..။

မနက်ဖန်လာမယ်ဆိုရင် ဒီနေ့လို သူဋ္ဌေးရဲ့ စကဒ်ကြီးဆိုလား..အရင်လာကြည့်တယ် :P ။ သူဋ္ဌေးမျက်စိထဲ
မဖြတ်ခင် သူ့ကအရင်ခံစားကြည့်ရူရတယ်လေ..ပြီးလိုအပ်သည်များမှာကြားသွားပါတယ်ပေါ့..။

အားလုံးလက်ထဲမှာတက်ပလက်ကိုယ်စီနဲ့ ဆိုင်အားလုံးက ခင်းကျင်းတာတပုံစံထဲဖြစ်ရတယ်လေ။ ပင်မ ထုတ်ထားတဲ့ ပုံစံနဲ့တူမတူတိုက်ကြည့်ကြတယ်..။ နဲနဲလေးမှအမှားမခံဘူးတဲ့...အံ့ရော... သူတို့လည်းကိုယ် တို့ဆီလိုပါဘဲလား....။တဆိုင်ဆိုရင် တရက်ကို တသိန်းကျော်ရောင်းရတယ်လေ..ထောင်ကျော်ဆိုတော့ 
စဉ်းစားကြည့်ပေါ့...ဝင်ငွေတွေ..။ ဒီအလုပ်အပေါ်မှာမူတည်ပြီးစားနေရတော့လည်း ကောင်းစွာလုပ်ပါသည်
ဆိုတာကိုပြချင်တာလားတော့မသိဘူး..။ စကဒ်ကြီးက သူဋ္ဌေးဆီက ကောင်းကောင်းသာပြင်ဆင်ထားပေးပါ

ဆိုတဲ့စကားတခွန်းထဲယူလာတာ..။အားလုံးက ဖတ်ဖတ်မော...။

ဒါက စနစ်နဲ့မဆိုင်ဘူး..လူသားတွေရဲ့ ခံယူချက်နဲ့အပေါ်မှာ မူတည်တယ်လို့ထင်တာဘဲလေ...။ အရှိပြတာ
ကိုမလိုချင်ကြဘူး..ဖုံးကာပြသထားတာတွေမှ သဘောကျကြတာလားမသိဘူး..။ တခါခါ ဟိုနေရာမှာ ဟိုလို
ရှိတယ်။ ဒီနေရာမှာတော့ မရှိဘူးလို့လည်းမထင်ပါနဲ့..လူ့သဘောတွေက ဘာသာမခြား လူမျိုးမခြား နေရပ်
တိုင်းဋ္ဌာနေမခြားပါ..အားလုံးအတူတူလောက်ပါဘဲရှင်....။ ဒီမှာလည်း မင်းတရားကြီးတိုင်းခန်း လှည့်လည် လို့ ပဲကြီးဆယ်လှေချက်တော့မဟုတ်ပါဘူး..ဗီဇာတွေ အချပ်ကြီး ၂ဝကျော်ကုန်သွားရတယ်တဲ့...။


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး


Monday, June 9, 2014

စကားပြောခြင်း...

မင်္ဂလာပါရှင်~~~
စကားပြောခြင်းလို့ လှတပတလေးအမည်တပ်လို့ရသလို တနည်းအားဖြင့်လည်း မယ်ငီးအာချောင်ရခြင်းအ
ကြောင်းရင်းလို့ပြောလည်းရမယ်နဲ့ တူပါတယ်..အဟဲ


နေရင်းထိုင်ရင်းနဲ့ကိုအချိန်တွေဆင်းရဲလာလိုက်ကြတာ ..ဒီလိုနဲ့ဘဲတရက်ရက်ပြီးသွားတာလည်း ဟုတ်သေး
ဘူးလေ..ပြောချင်ရေးချင်အာလူးဖုတ်ချင်တာပေါ့..ဒီ နှစ်ယောက်ထဲရူးတဲ့ နယူးယောက် တဝိုက်မှာတော့မြန်
မာလိုအားပါးတရပြောဖို့မိတ်ဆွေက ရည်တွက်ကြည့်လည်း လက်ဝါးတဖက်စာမှမရှိတာကိုး... :P
 

အိမ်ကချစ်ချစ်လည်းသူ့အလုပ်နဲ့ လုံးချာလည် ကိုယ်လည်း ဒီအချိန်ပိုင်းအလုပ်လေးနဲ့ ချာချာလည်ပြီးမောနေ တယ်လေ..။ သူများတွေလို ပရိုတွေဘာတွေအမြှီးရှည်ရှည်နဲ့ကျောင်းပြီးတာမဟုတ်တော့လည်း ကိုယ့်နဲ့တန် တဲ့အလုပ်ကိုဘဲ ကုပ်ချောင်းချောင်းလေးသွားလုပ်နေရတာကိုဘဲကျေနပ်နေတာပါ။ ကျမ ထိုင်းမှာတုံးက အ တူတူအလုပ်လုပ်ခဲ့ဖူးတဲ့အမပြောသလိုပါဘဲ..သူကပြောပါတယ် ကျမတို့ထိုင်းမှာ ထိုင်းစကားကို အချိန်တိုတို နဲ့ တော်တော်ပြောတတ်လာတာ လုပ်တဲ့အလုပ်ပေါ်မှာလည်းသက်ဆိုင်တာပါတဲ့။ လွယ်လွယ်ပြောရင်ဈေး
ရောင်းတာကိုး...အာချောင်ရတာပေါ့.ပြောနေမှပိုက်ဆံဝင်မှာလေ.နိုင်ငံခြားခရီးသွားတွေကိုအဓိကထားပြီး
ရောင်းတော့ ဘာသာစကားကအဓိကကျတယ်လေ။ ဘာသာစကားအများကြီး တတ်ရင်လခပိုကောင်းတယ်

လေ..။ အင်္ဂလိပ်အပြင် ပြင်သစ် ဂျာမဏီ စပိန်စကား ဒီ ၃ ခုထဲကတခုခု တတ်ကိုတတ်မှရတယ် ။ ရန်ကုန် တက္ကသိုလ်ကျောင်းပြီးတိုင်း အေဘီစီ တတ်တိုင်းလည်း ဘွတ်ဒွတ်ရွှတ်က မရွှတ်တတ်..ပထမဦးဆုံးအလုပ် ကဗိုလ်ချူ ပ်ကတော်တယောက်ရဲ့ ရတနာဆိုင်မှာ ရတနာရောင်းစာရေးပေါ့ အဓိကဖေါက်သည်တွေက ထိုင်းအတက်တန်းစားတွေများပါတယ်။ ဒီတော့ ဘိုစကား မပြောတတ်လည်းရတယ်လေ..။ အိမ်လည် လာပြီးမယ်ငီးနဲ့တွေ့ သဘောလည်းကောင်း ဗိုလ်ချူပ်ကတော်နဲ့ ရှယ်ယာဝင်ထားတဲ့ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ မြန်မာကရင် အန်ကယ်ကြီးကျေးဇူးနဲ့ အဲဒီအလုပ်ရတာပါ။အဲဒီမှာကတဲက အာချောင်ဖို့ စခဲ့ တယ်ဆိုပါတော့။ ဟီး...

သူတို့တွေလည်း ကိုယ်တို့ဆီမှာလိုပါဘဲဘယ်လောက်အသက်ကြီးကြီး "မမ မမ"လို့ခေါ်ပြီး ဖားရ တာပါဘဲ။
အဟဲ..နဂိုလ်ကတည်းက ထိုင်းစကားကအိညောင်အိညောင်ပြောရပါတယ်ဆိုမှ ကျိုင်းမယ်စကားက ပိုဆိုး
သေးတယ်ဆရာ..စကားလုံးနောက်ဆုံးမှာ "ခ " လို့မပြောဘူး..ကျောက်!!!!!!!!!!! ဆိုပြီး ရှည်ရှည် လေး
ဆွဲတယ်လေ ကိုယ့်ကိုကိုယ်"ခကျောက်"ဗမာလိုဆိုရင်"ကျွန်တော်မ"ဒီလိုဘာသာပြန်ရမယ်နဲ့တူတယ်။ ကျမ တို့ကျိုင်းတုံရှမ်းတွေ ယဉ်ယဉ်ကျေးကျေးပြောမယ်ဆိုရင် ကိုယ့်ကိုကို"ဟောင်းခ" "ခဟောင်း" ပြောသလို

ပေါ့ရှုင်..။ အဲဒီဗိုလ်ချု ပ်ကတော်ဆိုင်မှာ တနှစ်ကျော်လုပ်ခဲ့တာ အိညောင်အိညောင်စကားတော်တော်တတ်
ခဲ့တယ်လေ..ဟီး..အဓိကတော့ သူတို့ဆီမှာ မျိုးရိုးနံမည်ကြည့်ပြီး ဆက်ဆံရေး ပုံစံတွေ အမျိုးမျိုး ရှိပါကော လား..မင်းမျိုးဆွေကြီးမျိုးတွေ သူတို့တွေ ဆိုင်ကို လာရင်တကယ်စကားပြောနူးညံ့တာဘဲ ...သူတို့ လည်း
တော်တော်ရိုရိုသေသေပြောရတာတွေ့ရတယ်။ ခါးရိုးကျိုးမတတ်ကုန်းပြီး စဝပ်ဒီကျောက်!!!!!!!! လုပ်ခဲ့ ရတာပေါ့။ 


မယ်ဆိုင်ကထိုင်းတွေ "မိန်း"စကားပြောတာ ဒီလောက်နားထောင်မကောင်းဘူး.. ထိုင်းမြောက်ပိုင်းကစကား ကို မိန်းစကားလို့ခေါ်တယ်လေ..။ ကျိုင်းမယ်ဖက်ကတော်တော်နားထောင်လို့ကောင်း တာ..ဘန်ကောက် မှာ သူငယ်ချင်းဟောင်းတွေနဲ့ပြန်တွေ့တာ ကျမလည်းမပြောရတာ ကြာတဲ့"မိန်း"စကားပြောတော့တော်
တော် အရသာ ရှိတာဘဲ..ပြီးခဲ့တဲ့အပတ်က CNN မှာလာတဲ့ PartsUnknown    ထဲက ထိုင်းမြောက် ပိုင်းဒေသအစားအစာနဲ့ပတ်သက်တာကြည့်ပြီးရင်ထဲမှာလိုက်ကနဲဘဲသတိရလိုက်တာ..အဲဒီ အထဲမှာနမ့်ဖစ်
အောင် ခရမ်းချဉ်သီးချက်ပြီး ကောက်ညှင်းပေါင်းနဲ့စားကြတာ အားပါးတရဘဲ..ကြည့်ရင်း သားရေတောင် ကျပါတယ်ဆို..^_^ 

တခြားတိုင်းပြည်မှာ ထိုင်းစားသောက်ဆိုင်တွေဝင်စားရင်း မေးမိတယ် ဘယ်အပိုင်းကလာကြလည်းလို့ ထိုင်းမြောက်ပိုင်း ကဆိုရင် အမျိုးတွေနဲ့ပြန်တွေ့တဲ့အတိုင်းဘဲ နေဖူးခဲ့တဲ့နေရာလေးတွေ စားဖူးခဲ့တဲ့ဆိုင်တွေ ဒီမှာစားသောက်ဖို့ဘယ်လိုကြံဖန်ရတာတွေ ပြောကြဆိုကြနဲ့ ကျမကထိုင်းမဟုတ်ဘူး မြန်မာပြည်ကလာ
တာလို့ပြောရင် သိပ်မယုံချင်ကြဘူး..။ "ထိုင်းယိုင်" လို့ခေါ်တဲ့ရှမ်းပါလို့ရှင်းပြရတယ်။ သူတို့က ထိုင်းယိုင် လည်း ထိုင်းတမျိုးပါဘဲ..ဆိုပြီး ခင်သွားကြတာချည်းဘဲ...။ တမြေထဲကလာတဲ့ နိုင်ငံသားအချင်းချင်းတော့
ဒီလိုမဟုတ်ပြန်ဘူး..ခပ်တည်တည်ပါဘဲ..ပြုံးပြမယ်..ပြီးရင်..ပြီးပြီလေ..ဘာမှမဆက်တော့ဘူး.. အပေါင်း အသင်း ရှားပါးတော့ ဒီနေရာမှာဘဲ အပေါင်းအသင်းထားတော့တယ်။ ဒီနေရာမှာအာချောင်ရတာပေါ့
နော့်..ဟီး..။


ထိုင်းမှာ အလုပ်လုပ်ခဲ့တာလည်း အာချောင်အလုပ်ဆိုပါတော့..ဟော..ခုလည်း..အာချောင်အလုပ်ပါဘဲ..။ ကြံဖန်ပြီးတွေးယူရင်တော့ ကြာလာရင် ဘိုလို ဘွတ်ဒွတ်ရွှတ်ဒွတ်တွေ အပေါ်ယံ စကားတွေ ဟန်ဆောင် စကားတွေ ဘန်းစကားတွေ တော်တော်တိုးတက်လာမဲ့သဘောရှိတယ်..။ cashier ကိုမလုပ်ချင်ဘူး ကောင် တာမှာဘဲတချိန်လုံးရပ်နေရတာမမိုက်သလိုဘဲ..။ အရောင်းစာရေးမ ဒီဖက်ကတော့ sale associate လို့ခေါ်တာပေါ့။ ဒီမှာက အရင်လုပ်ခဲ့တဲ့ Longisland ထက်ပိုကောင်းတဲ့တခုက အလုပ်သမား ဦးရေပို များတယ်။ အဆောက်အဦက ၂ထပ် ပိုကြီးတယ်။ ပစ္စည်းတွေကို စီတာ ဖြည့်တာ သိပ်လုပ်စရာမလိုဘူး။ ကျမလုပ်ရတဲ့ ဋ္ဌာနပတ်ဝန်းကျင်မှာ  kohl's kiosk စက် ၂လုံးတောင်ရှိတာ..။ အဲဒါက  shipping ပေးစရာ မလိုတဲ့ online ကနေမှာဝယ်တာ၊ အိမ်ကနေ online ပေါ်တက်ပြီးမှာရင်တော့ shipping ခပေးရတယ်လေ။ အဲနားတဝိုက်မှာ ဟိုယောင်ဟောင် ဒီယောင်ယောင်နဲ့ မယ်ငီး လမ်းသလားနေရတာများပါတယ်။  လူတော်
တော်များများက အွန်လိုင်းဝယ်တတ်ကြတယ်။ ဆိုင်မှာ သူတို့ လိုချင်တဲ့ ပစ္စည်း အရွှယ်အစားမရှိရင် မှာကြ တာပေါ့..။ touchscreen ပါ သူတို့လက်ညိုးနဲ့တို့တို့ပြီးလုပ်နေကြပေမဲ့ တချို့ကလည်း သိပ်မကျွှမ်းကျင် ဘူးဆိုပါတော့။ ဒီတော့Associate မယ်ငီးအလုပ်ရှိလာရပြီလေ ^_^ တကယ်တမ်းပြောရရင် ကိုယ်လည်း မကျွမ်းပါဘူး..တောင် နှိပ်မြောက်နှိပ်နဲ့ မှန်တဲ့အခါလည်း ရသွားတာပေါ့။ မရခဲ့ရင်လည်း တခါတလေစက်က
ကြောင်ပါတယ်ဆိုပြီးဈေးဝယ်သူတွေကို သွားလေးဖြီးလို့ ပေါ်တင်ကြီး မုသာဝါဒတတ်ပါတယ်..ဟီး..


ဈေးဝယ်သူတွေလည်း အတော်မေးချင်ကြတာဘဲ..။  လည်ပင်းမှာ ကဒ်ဆွဲထားတာမြင်ရင်မရဘူး အစ်ကျူ မီ..ကနေစတာဘဲ..။တနေ့နေ့ သူတို့မေးတာအဖြေရှိဖို့လိုတယ်လေ..။ ဒီကလည်း လာခဲ့ သိပ်ဖြေချင် ပါတယ်။ လူပေါင်းစုံ အင်္ဂလိတ်အသံထွက် မျိုးစုံ နားလည်တာရှိ နားမလည်ရင်သွားဖြီးပြတာပါဘဲ..။မွေးခါစ
ခလေးအတွက် ဘယ်လို လက်ဆောင်ပေးရင်ကောင်းမလဲ..ဆိုတာမျိုး၊ ပါတီတခုသွားစရာရှိလို့ အခုဝယ် ထားတဲ့အင်္ကျီနဲ့ လိုက်တဲ့ ဖိနပ် အကြံပေးပါအုံး..၊ ဖုံစုပ်စက်တွေထဲမှာ ဘယ်စက်ကကောင်းဆုံးလဲ..။
Game တွေထဲက ပုံစံမျိုး ကလေးကစားစရာ နံမည်တွေရှိတယ် လာရွှတ်ပြပြီး ရှိလားလို့မေးတာမျိုး၊ လူလတ်ပိုင်းလောက်ရှိတဲ့ အမျိုးသားတယောက်ကပိုဆိုးတယ်..ရှပ်အင်္ကျီ ဘောင်းဘီ ခါးပတ် အားလုံး
တခုပြီးတခုသွားယူလာပြီး မယ်ငီးကိုလာပြတယ် ငါ့နဲ့လိုက်မလိုက်ပြောပေးပါ ဘယ်ဖိနပ်နဲ့လိုက်လည်း ရှာ
ပေးပါ..ဆိုတာမျိုး..တကဲ့ကို ရီလည်းရီရ စိတ်လည်းရူပ်တဲ့ အာချောင်ရတဲ့အလုပ်ပါရှင်...။ နောက်ရှိသေး..

ဖုံးနဲ့ လည်းတနေ့အနဲဆုံး ၄ခါလောက်တော့ ဖြေရတယ်။ စတိုင်နံမည်ရွှတ်ပြမယ် အရောင်လေးပြောပြမယ်
အဲ့လိုမျိုးဖိနပ်ရှိလားဟင်..တဲ့။ တခါခါလည်း သူများဝတ်ထားတာမြင်ဖူးလို့ ဘာတံဆိပ်လည်းတော့ မသိပါ ဘူးတဲ့ ..ပန်းရောင်ဖိနပ်လှလှလေး..ဆိုဘဲ.. @_@ မယ်ငီးလည်း တခါခါပြောရင်း စိတ်ပေါက်ပေါက်နဲ့ မြန်
မာလိုပြောလိုက်တယ်..ပေါတာကြီးရေ..ငါလည်းချောင်ကုန်ပြီ..ဟားဟား.....


ကဲ..ဒီလိုနဲ့လုံးချာလိုက်နေတော့ စာလည်းမရေးအားပါဘူး..ချစ်လှစွာသော အိမ်ကကျေးဇူးရှင်လည်း ဓါတ်ပုံ
တွေအားလုံးသူ့ရန်ကြောက်လို့ 32 GB ရှိတဲ့ MEMORY CARD ထဲထဲ့သိမ်းထားတယ်ပါတယ်ဆို သူက အဲဒါကိုယူပြီးသူ့GPSစက်ထဲသွားထည့်တယ်။စက် က auto  format လုပ်ချလိုက်တယ်တဲ့........... အမေရိကားတခွင် ၅နှစ်လောက် ရိုက်ခဲ့တာတွေ ကျိုင်းတုံကပုံတွေ အားလုံး ပလုံ....go went gone..ပါဘဲ..ပြောစရာစကားတောင် မရှိတော့ဘူး..


နောက်ဆိုရင်လူ့အကြောင်းတွေ စရိုက်တွေ အာလူးလာဖုတ်ဖို့ ကုန်ကြမ်းတွေရှိလာပြီလေ..။ တွေ့ကြအုံး
မယ်နော့်..း)))


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး