Saturday, June 23, 2012

မူတူးတို့ တောကနေအာကျုးမားတို့ တောကိုပြောင်းခြင်း

မင်္ဂလာပါရှင်~~~


ဒီတခါတော့ နေဖူးခဲ့တဲ့မူတူးတို့ ကာဆင်းတို့ တသိုက်ကြားကနေခွာရတော့မယ်လေ။
တကယ်ဆိုကျမအမြဲခေါ်ဝေါ်သုံးနေတဲ့အသုံးအနှုံး နဲ့ ပြသာနာတွေဖြစ်တတ်တယ် ဆိုလို့ ။
ကိုမူတူး ကိုကာဆင်း ဆိုပြီးခေါ်ရတာပေါ့။
တခြားနိုင်ငံထပ်ပြောင်းရရင် ပြည်တော်ပြန်မယ်ဆိုပြီးစီစဉ်တာဘဲ။
ဒါပေမဲ့ ဒီနိုင်ငံမှာဘဲနောက်ပြည်နယ်တခုပြောင်းဖို့ ဖြစ်လာပါတယ်။
ဒီနေ့ ဘဲအိမ်သွားကြည့်၊စာချုပ်ချုပ်ခဲ့ပါတယ်။
ပတ်ပတ်လည် အာကျုးမား တွေဘဲတွေ့ ခဲ့ရတယ်။
ကျမကိုတောင် အညာဆီးယို ဆိုပြီးလာနှုတ်ဆက်နေသေးတယ်။
နားလည်ဘူးတော့..။ ကျုတီတို့ မြတ်ကြည်လေးတို့  ကိုတောင်သတိရမိတယ်။

ကဲ..မနက်အိမ်ကထွက် ပြီး ပေါတာကြီးGPS ပေါက်တတ်ကရခေါ်သွားလို့ ဖြတ်သွားခဲ့တဲ့၊
လမ်းခရီးလေးနဲ့ စပြီး အာလူးဖုတ်အုံးမှ..။

တကယ်ပါ..သူ့ ကိုပေါတာလို့ ခေါ်တာအကြောင်းရှိတယ်။
တခါခါသိပ်ကြောင်တဲ့လမ်းတွေရွှေးခေါ်သွားတတ်တယ်လေ။
ကျမတို့ နယူးဂျာစီသွားရင် Verrazano Bridge ဖက်ကနေသွားတာများတယ်။
လမ်းရှင်းတာရယ် ရေတွေကိုလှမ်းမြင်နေရတာဘဘောကျလို့ ။
ဒီတခါတော့ ရှေ့ တည့်တည့်မှာကျမရဲ့ ကြီးတော်တိုက်ကြီး Empire State Building ပေါ့။

ကားတွေလူတွေအရှုပ်ဆုံးနေရာ..ပေါ့။GPS ဒင်းကတော့လုပ်လိုက်ပြန်ပြီ။
နယ်သာလန် အမ်စတာဒမ်မှာလည်း လှိုင်ခေါင်းထဲမှာ ဘယ်ဖက်ကိုအတင်းကွေ့ ခိုင်းတယ်လေ။

နေပူပူ လေပူပူမှာ လူထူထူပေါ့..။

ဒီလိုလှိုင်ခေါင်းတွေဖြတ်ပြီ့းသကာလ ဂျာစီကိုရောက်ပါတယ်။
ဒီတခါ ပြောင်းတာလည်းနီးနီးလေးပါ။နယူးဂျာစီ..တဲ့။

မြင်ရတဲ့တိုက်ခန်းလေးပါ။ မူတူးတို့ ကာဆင်းတို့ တသိုက်လုံးအပြင်မှာပျော်ပွဲစားနေတာတွေ့ လို့ ၊
ဒီနေရာကို မယူဖြစ်တော့ဘူး။

ကားထားတဲ့နေရာကနေလှမ်းကြည့်ရင် နယူးယောက်ကို မြင်နေရပါတယ်။
နောက်တနေရာကျတော့ပိုပြီး အဆင်ပြေတာနဲ့ စာချုပ်ချုပ်လိုက်တယ်လေ။
အာကျုးမားတွေ အများကြီး။အခုနေတဲ့နေရာလည်း ကကြီးတွေ များပါတယ်။
ဒါပေမဲ့ ကာဆင်းတို့ မူတူးတို့ ကိုပိုတာပေါ့။
ဒါကြောင့် မယ်မီးတို့ လည်းမနက်စာကို နံပြား ပဲပြုတ်(ဆင်ခေါင်းပဲ)စားလို့ ရနေတာလေ။
အားလုံးပြီးတော့ နေ့ လည် ၂နာရီကျော်နေပြီ။လမ်းထိပ်မှာစားသောက်ဆိုင်တွေ များတယ်ဆို လို့ ၊
အဲ..ရောက်တော့လည်း ဆိုးမြို့ ကိုရောက်နေတဲ့ အတိုင်းပေါ့..။
ကကြီးဆံပင်ညှပ်ဆိုင်၊ ကော်ဖီဆိုင်၊ဘာဘီကျုးဆိုင်၊ဘုရားရှိခိုးကျောင်း...။
အားလုံးအားလုံး...ကကြီးစာတွေနဲ့ ဘဲ။
ဒါနဲ့ ဒီဆိုင်ကိုဘဲရွှေးလိုက်ရတယ်။ဘာဘီကျုးဆိုင်တဲ့။

 မေနူးလည်း မကြည့်တတ်တော့။ငါးဘဲပေးပါလို့ မှာလိုက်တယ်လေ။

ပူပူနွေးနွေးလေး။

ဘာငါးလဲ လို့ မေးရင်တော့သိဝူးဘဲ..အဟဲ။
၂ခြမ်းရှိတဲ့ဟာကနဲနဲငံတယ်။ဘဲဘဲကြီးနှိက်နေတဲ့ငါးကစားလို့ ကောင်းတယ်။

ဒီလိုဒီလို အပြောင်ရှင်းတာနော်။တန်တယ် တယောက် ၁၀.၉၉ တဲ့ အခွန်နဲ့ တစ်ပ် နဲ့ ပေါင်း ၂၅ လောက်ဘဲကျတာ။ဒီ longisland ဖက်ဆိုရင် အနဲဆုံး ၅၀ လောက်ပေးရတယ်။
ဆိုင်အနေအထားကွာတာလားမသိပါဘူး။ပြီးတော့ အိမ်ပြန်တာပေါ့။
တလမ်းလုံးအိပ်လိုက်လာတယ်လေ။ဒိတပတ်တကယ်ပင်ပန်းတယ်ဗျာ..။
ဘဲကြီး GPS ရန်ဖြစ်ပြီးမောင်းလာတာ ညနေ၄:၃ဝ မှရောက်တယ်။;P
တံတားတွေပြင် လမ်းတွေပြင်ရင် တခြားဖက်ကနေလှည့်ခေါ်လာတာလေ။

အားလုံးဘဲ ရွှင်လန်းအေးချမ်းကြပါစေနော့်...
မီးမီး

Sunday, June 17, 2012

နယူးဂျာစီကနိဗ္ဗာန်ဈေး

မင်္ဂလာပါရှင်~~~

ပြီးခဲ့တဲ့အပတ်တနင်္ဂနွေနေ့ မှာ နယူးဂျာစီက နိဗ္ဗာန်ဈေးပွဲတော်ကိုသွားခဲ့ပါတယ်။
မနှစ်ကတဲကအဲဒီမှာမြန်မာဘုန်းကြီးကျောင်း၊စေတီ ရှိတယ်ဆိုတာသိပေမဲ့ မသွားဖြစ်ခဲ့ဘူး။
နယူးဂျာစီကိုအမြဲရောက်ပေမဲ့ ဘုန်းကြီးဆီတော့မရောက်နိုင်တာ ကံတော်တော်ခေတာဘဲ။
လိပ်စာမသိလို့ အွန်လိုင်းပေါ်မှာ သူများနားမေးဖူးပါသေးတယ်။
မျောင်လင့်ထားတဲ့အတိုင်း။မသိပါဘူးရှင်..ဆိုတဲ့အဖြေဘဲရပါတယ်။
နောက်မှ အင်တာနက်ထဲရှာတော့တန်းတန်းမတ်မတ်ဘဲတွေ့ ပါတယ်။
(မသိတာရှိ ကွန်ပြူတာကိုမေး၊လုံးဝအဖြေရှာတွေ့ ပါလိမ့်မည်)..ဟဲဒေါ်မီးလက်တွေ့ နော်..။
ကျောင်းထိုင်ဘုန်းကြီးက ဦးပညာ
63,Gordons Comer Road,Englishtown/Manalapan,
NJ 07726 Tel:(732)446 1552
မဟာစည်ကျောင်းတိုက်ရဲ့ ကျောင်းခွဲဆိုတော့မဟာစည်ဆရာတော်ဘုရားရဲ့ ပုံတော်နဲ့ ပေါ့။
ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည်ညိုစရာကောင်းလှပါတယ်။
ကျောင်းခန်းလေးတော့ခပ်သေးသေးပါ။ဒါပေမဲ့ကျောင်းဝန်းကြီးတော့ ကျယ်ဝန်းပြီးအေးချမ်းလှပါတယ်။
ပတ်ဝန်းကျင်လည်း အိမ်ကြီးအိမ်ကောင်းတွေနဲ့ ဆိပ်ငြိမ်တဲ့နေရာလေးပါ။

 ဆရာတော်တို့ ဦးဆောင်ပြီး လောကချမ်းသာစေတီတော်နဲ့ အောက်ကပုံမှာမြင်ရတဲ့ ၂ ထပ်ကျောင်းဆောင်ကြီး ဆောက်နေပါတယ်။အလှုငွေလည်းလိုအပ်နေတာပေါ့။
ကျမတို့ ရောက်တာနောက်ကျသွားပေမဲ့ စေတီရံတံတိုင်းအတွက် အလှုငွေထည့်ခဲ့ကြပါတယ်။

ပါသွားတဲ့ပိုက်ဆံမလောက်လို့ စာတိုက်ကနေလွဲပြီးလှုရပါတယ်။
နောက်တခါပြန်သွားရမလားလည်း မသေချာလို့ ၊ကျမတော့ ဒီခေါင်းလောင်းမှာ အားလုံးကြားကြားသမျှ၊
ဆိုပြီး အားပါးတရ(ပလပ်စတိတ်ပိုက်ချောင်းနဲ့ ) ၉ ခါတီးပြီးအမျှဝေလိုက်ပါတယ်။ 
မိတ်ဆွေများ လမ်းကြုံရင်လည်း ၀င်ပြီးဖူးမျော်နိုင်ပါတယ်။အလှုလုပ်နိုင်ပါတယ်။ကုသိုလ်ယူနိုင်ကြပါတယ်။

ကျောင်းဒကာ ဒကာမတွေအများကြီးဘဲ၊ ကျမတော့သွားကြီးဖြီးပြီး အားလုံးကိုနှုတ်ဆက်ပါတယ်။
(အင်းးးးပေါတာကြီးများထင်လို့ လားမသိ၊တယောက်မှမိတ်ဆွေမရခဲ့ပါဘူးးးးဟီး)
ကဲလေ....စားသောက်ခန်းက ပိုအရေးကြီးပါတယ်။
ဘုန်းကြီးကျောင်းလာပြီး ဘာတွေများလိုအင်ဆန္ဒတွေများနေသလဲ..မယ်မီးရဲ့ ...။
 ကျမက မုန့် ဟင်းခါးစားတာပေါ့...နောက်ဆက်တွဲက ကြက်သားကင်၊ကြက်သားကောက်ညှင်းထုပ်။

စာရွက်ကိုကျကျနနပရင့်ထုတ်ပြီး ညကတဲကစဉ်းစားခန်းဝင်တာ...ကွ။
သူက နန်းကြီးသုပ်တဲ့..။

 ဆန်ထိုဖူးတဲ့..။
 ထိုဖူးသုပ်..။
ဘယာကြော်သုပ်..။
 အကြော်စုံ..။

ပဲပလာတာ..။
ဘုန်းကြီးပွဲလေ...။
ဘုန်းဘုန်းတို့ ဆွမ်းဘုန်းပေးနေကြတာ။

နောက်ဆုံးကျမ ကူပွန်ရောင်းတဲ့ နေရာကိုတောင် လှမ်းရိုက်လိုက်သေးတယ်..ဟီး..။
ပိုက်ပိုက်တွေ...တထောကြီးတော့..။
ပဲပြုတ် ၃ ဗူးဝယ်ပြီး အိမ်ပြန်ခဲ့ကြပါတယ်။
အသွားက ၂ နာရီလောက်မောင်းရပြီး ပြန်ခါကျတော့ လမ်းပိတ်နေတာနဲ့ ၃ နာရီနီးပါးကြာတယ်။
 ဒါက ကျမတို့ အသွားမှာ တံတား(Verrazano)အောက်က ကုန်တင်သဘောင်္ဖြတ်တာတွေ့ လို့ ..။
လက်စွမ်းလေးပေါ့...။
 ကားကြပ်တော့ ကျမ ဒါတ်တွေများများရိုက်နိုင်တာပေါ့နော့်...။

အိပ်ငိုက်နေတာ မော်တော်ဆိုင်ကယ်တသိုက်ဖြတ်သွားတာကမ္ဘာကြီးပျက်တော့မဲ့အတိုင်းဘဲ။
ကဲ....အိမ်ရောက်ပြီ တပတ်ကျော်ကြာမှ ရေးပြီးတော့တယ်။
အလွန်နှေးသော မနှေးကွေးလေးပါ...။

အားလုံးဘဲ ချမ်းမြေ့ ကြပါစေ..။
မီးမီး



Monday, June 11, 2012

နိုက်ဂါရာ(Horseshoe Falls)အနီးသို့ အလည်တခေါက်


မင်္ဂလာပါရှင်~~~
ဒီတခါတော့ တကယ်ကြီးကိုလင်းလင်းထင်းထင်းမြင်ရတဲ့ အချိန်ဆိုတော့၊
ဓါတ်ပုံလေးတွေနဲ့ ဘဲအလည်ခေါ်သွားအုံးမယ်လေ။

အဆင်သင့်ဖြစ်ပြီလားဟေ့..သွားကြရအောင်:P
မနေ့ ညကသွားခဲ့တာက Bridal Veil Falls ရေတံခွန်။ဒီနေ့ တော့ ကျန်တဲ့ American Falls 
နဲ့  Horseshoe Falls(Canadian Falls) ကိုသွားကြမယ်လေ။

မနက်ခင်းမှာခရီးသွားတာလန်းဆန်းတက်ကြွနေကြတယ်လေ။ကျမဆိုမနက်စာကိုမစားဘူး။
ညကကျန်တဲ့မုန့် ခြောက်တွေနဲ့ အလကားရတဲ့အခန်းထဲကကော်ဖီဘဲသောက်တာ။(ဟီး..ဈေးကြီးလို့ )


ထုံးစံအတိုင်းကောင်တာရှေ့ မှာတန်းစီပေါ့


ဓါတ်လှေခါးစီးပြီး၊ဟိုး..အောက်ထဲဆင်းဖို့ လေ။ဟိုဖက်ကမ်းဖက်ကိုလှမ်းမြင်ရတာ..။


ဓါတ်လှေခါးအောက်ရောက်တော့အပြာရောင်မိုးကာတွေထုတ်ပေးပါတယ်။ဒီတခါဖိနပ်တော့ပေးတော့ဘူး။ 
သဘောင်္ပေါ်ကနေလှမ်းမြင်နေရတာ ရေတံခွန်ကြီးက အမေရိကန်ဖုဖု ပေါ့:))



ရေတွေက နံမည်ကြီးတဲ့အတိုင်းဘဲ တကယ်အစိမ်းရောင်တွေနဲ့ ဘဲ..။

သူ့ ကိုကျော်တာနဲ့ ဟိုးရှေ့ ကမြင်းခွါပုံရေတံခွန်ဆိုတာပေါ့..။

အနားရောက်တာနဲ့ ရေမွှားတွေ စင်လိုက်တာ..။
ကင်မရာမှန်ကတခါရိုက်တခါသုတ်ရမှာ..။ကျမ သတိမထားလိုက်မိဘူး..။
ဓါတ်ပုံတော်တော်များများက ရေစက်တွေနဲ့ ပိတ်နေတာ၊ကြည့်လို့ သိပ်မကောင်းဘူး။

ကနေဒါဖက်ကနေကြည့်တဲ့သူတွေ..သူတို့ ကဘေးကနေအနီးကပ်ကြည့်လို့ ရတယ်။



ကဲ..တာတာလိုက်တော့မယ် ရေတံခွန်ရေ..။
မုန့် စားချင်နေတာရယ်၊ဗိုက်ဆာတာရယ် စားသောက်ဆိုင်ကိုသူများထက်အရင်ပြေးဖို့ လေ။



 အပေါ်ပြန်ရောက်တော့ နဲနဲဘဲဓါတ်ပုံရိုက်ပြီး သုတ်ခြေတင်တာပေါ့ဗျာ..။
လူအများနဲ့ ခရီးထွက်ရင် ဒီလိုဘဲ ပြေးလွှားရတယ်လေ..။
ဂိုက်မမကလေး မှာထားတယ် တရုတ်ဆိုင်ကမကောင်းဘူး။ အိန္ဒိဆိုင်ကအကောင်းဆုံးဘဲတဲ့။
နိုင်ဂါရာဖုဖုရဲ့ ဖုတ်ကုတ်ကြီးပေါ့..။အပေါ်ဆုံးတက်ပြီးရူခင်းတွေကြည့်လို့ ရတယ်။



ကျမက ကြက်သားဟင်း၊ထမင်းနဲ့ နံပြား။သူက သက်သက်လွှတ်ဟင်း။
သူဝယ်တော့ ဈေးနူန်းမသိဘူး အမ်းပေးလိုက်တဲ့ပိုက်ဆံကိုလုံးထွေးလာတယ်လေ..။
ရေဗူးအသေးတလုံးကို ၂.၅၀ ဒေါ်လာ....ဟင်း။
ဒင်းတို့ လည်းဒီအချိန်မှ ဈေးတင်ရောင်းတာလေ။များတို့ တိုင်းပြည်လိုပေါ့။


နိုက်ဂါရာမြစ်ကိုလည်းနူတ်ဆက်ခဲ့ပါတယ်။

ကားပေါ်မှာမောမောနဲ့ အိပ်လိုက်လာကြတယ်။ကျမတော့နိုးလာရင်ဓါတ်ပုံရိုက်တယ်။
လမ်းပြင်နေတဲ့ဆိုင်းဘုတ်ဘဲရှိတယ်။လူလည်းရှိဘူး။ပိတ်ရက်မှာရှောက်လည်နေကြတာပေါ့နော်..။
 ဂုတ်ထိပ်တံတားလေးနဲ့ တူသလားလို့ ထင်ယောင်မှားခံစားလိုက်သေးတယ်။
ရှမ်းတောင်တန်းနဲ့ တူသလားလို့ ..။
ဘော်စတွန်ကိုညမိုးချုပ်မှရောက်တော့တယ်။
အဲ..ကောင်းခန်းလေးက နောက်ဆုံးမှာ...တော့..။

 တရုတ်တန်းက lobster ဆိုတာသွားစားပါတယ်။

ပထမဆုံးလာချတဲ့ဟင်းတွေတော့ဒါတ်ဒါတ်တွေရိုက်သေးတယ်။

ရေညှိဟင်းရည်။
 ထိုဖူးဖြူဟင်း။
ငါးပေါင်း။
ဒါဟာကြီးကိုလက်နဲ့ အားရပါးရကိုက်စားနေတော့နောက် ၃ မျိုးကိုဒါတ်ဒါတ်လေးနဲ့ ကြွားနိုင်တော့ဘူး..ဟီး။
တယောက်ကို ၂၈ ဒေါ်လာတဲ့..။ကိုယ်မှမချက်တတ်တာ တန်ပါတယ်လေ။
 မနက်ကျတော့ Sheraton ဟိုတယ်က အခန်းထဲမှာ တယောက်စာဘဲ မှာစားပါတယ်။
(၂ယောက်အတွက်ကိုလုံလောက်ပါတယ်လေ) ဟွန့် ...၂၃ ဒေါ်လာတဲ့...။

ချစ်ချစ်ကြီးရိုက်ပေးတဲ့ဗီဒီယိုလေးပါ..။

ကဲ...အားလုံးဘဲ ကြည်စေအေးစေနော်...။
ခင်မင်တတ်တဲ့
မီးမီး
(နောက်တခါမှာ ဒီနေ့ နယူးဂျာစီက နိဗ္ဗာန်ဈေးအကြောင်းအာလူးဖုတ်မယ်ဗျို့ )။