Wednesday, September 20, 2017

ဝက်အူကြွပ်မုန့်တီ ခေါက်ဆိန့်ကျန်

မင်္ဂလာပါရှင်~~~

ခုတလောစိတ်တွေရူပ် လူတွေရူပ် တိုင်းပြည်ကြီးကရူပ် မွေးရပ်ပြည်မှာလည်းရူပ် တလောကလုံး ရူပ်နေ ကြတာ...နားအေးပါးအေးလေး..ဝက်အူကြွပ်ခေါက်ဆိန့်လေး စမြုံပြန်အုံးမှ..ဒါဘဲအကောင်းဆုံးပါဟယ်...
ကျိုင်းတုံမြီးရှည်ကနံမည်ကြီးသလို ဒီခေါက်ဆိန့်ကျန်ဆိုတာလည်း တချို့ကျိုင်းတုံမြို့ခံမဟုတ်ပေမဲ့မြင်ဖူးစားဖူးကြားဖူးကြမှာပါ..။
မြေးလေးတလပြည့်ကျော်နေပြီ နံမည်ပေးကင်ပွန်းတပ်တောင်မလုပ်နိုင်ကြသေးဘူး...ကျမတို့အိမ်မှာ တယောက်ပြီးတယောက်နာမကျမ်းဖြစ်နေကြတာလေ..။ ကိုယ်ကပြန်တုံးက အမေ့ကြည့်ဖို့ဆိုပေမဲ့ အမေကအိမ်မှာကျမ်းမာရေး အကောင်းဆုံးတဲ့..အဲ့အချိန်ကပါ.... ဒါနဲ့ သင်္ကြန်နီးပြီ အမြန်လုပ်မှရမယ်ဆိုတော့ မမ သူ
ငယ်ချင်းဆရာမက သူ့အိမ်နားက ခေါက်ဆိန့်စားကောင်းတယ်ဆိုပြီးမှာပေးပါတယ်။ ဆရာမကအိုးနားမှာဘဲ အားပါးတရထိုင်စားပါရစေတဲ့..။
ရန်ကုန်မှာမုန့်ဟင်းခါးအလူလုပ်သလိုပေါ့။ အပြီးအစီးမှာရင် ထဲ့စရာပန်းကန် ခွက်ယောက်ကအစ သူတို့ ဘယ်လာပေးပြီး ဟင်းပွဲပြင်ပေးပါတယ်။ကိုယ်တို့ဆီမှာ လင်ပန်းတချပ်ဆိုရင် ၃ပန်းကန်ထည့်ပါတယ်။
မီးဖိုကြီးကြီးတော့ ဖိုပေးရတာပေါ့။ သူတို့လိုချင်တဲ့ဆိုဒ်မရှိတော့ အိမ်နားကတိုက်သစ်ဆောက်နေတဲ့ အိမ်မှာအုတ်ခဲတွေသွားတောင်းပြီးခုလိုက်တော့ စပယ်ရှယ်မီးဖိုဖြစ်သွားပါလေရော...
မနက် ၄နာရီခွဲလောက်မှာ ရေနွေးသာဗွက်နေအောင်တည်ထားပေးပါဆိုလို့၊ မယ်ငီး ၂နာရီခွဲကတဲကထပြီးထင်းမီးထဲ့ရတာ...မီးခိုးတွေအူ..မျက်ရည်တွေကျလို့...
ရှမ်းခေါက်ဆွဲမှာမပါမဖြစ်တာက လက်ပံပွင့်ပေါ့ရှင်...ဓါတ်ပုံရိုက်ခါမှဘဲ မုန့်ဖတ်ကနဲနဲတင်နေတာတဲ့😄
ဝက်အူကြွပ်ဆိုတော့ အဓိကပါတဲ့ အဆာပလာကလည်း ဝက်အူကြွပ် ဝက်ဆီချက်(နမ့်မန်းဖူး) ကြက်သွန် မြိတ်အစိမ်းရော အခြောက်လှမ်းပြီး ကြွပ်ကြွပ်ကြော်ထားတာရော အစုံပါတယ်
မြေးကင်ပွန်းတပ် အမကခဏခဏ မကျမ်းမာလို့ သူ့ကို ဇာတာဆက်(ရှမ်းလို ဆစ်စိုင်းတာ) ၂ခုပေါင်းလုပ်ပါတယ်။ လင်ပန်းက ၄ချပ်ထည့်ရတယ်..အဒေါ်ပြောတဲ့အတိုင်းလုပ်ရတာ သူတို့သတ်မှတ်ထားတဲ့ အစားအစာထည့်ပေးရတယ်။ ဝါးချောင်းထောင်ထားတဲ့အောက်မှာ မမနဲ့ခလေးက နေရတယ်..ကျမတို့က ဘုန်း ကြီးကိုင်ထားတဲ့ ပရိတ်ကြိုးအစရဲ့အဖျားပိုင်းကိုလည်းကိုင်ထားရတယ်။ တအိမ်သားလုံးရဲ့ အဝတ်အစား လည်း တစုံစီထည့်ပေးရတယ်။ အော်...ထုံတမ်းစဉ်လာ..တဲ့...လိုက်နာရတယ်ရှင့်...
ပြီးရင် အဲဒီလင်ပန်းထဲကဟာတွေကို ဘုန်းကြီးကျောင်းသွားပို့ရတယ်။
နေ့ယမ်း(ဝက်သားကင်ပြီးပြန်ပေါင်း) ဆားငံဘဲဥ ရှမ်းဝက်အူချောင်း ငါးဒုက္ခ ဝက်ခေါက်ကြော် ကောင်ညှင်းရေ ပဲနို့ရည် လိမ္မောသီး ပန်းသီး...ဒီလိုအစုံထည့်ပေးရတယ်တဲ့...

ပရိတ်တရားတွေ ရွတ်ဖတ်ပြီးနောက် တန်းစီပြီး ကျမတို့ကို လက်ဖွဲ့ချည်မျှင်ပတ်ပေးပါတယ်..။
ကိုင်း..အောက်ထပ်မှာလည်း ဆွေမျိုးမိတ်သင်္ဂဟများရောက်လာကြပါပြီ..။ ခေါက်ဆိန့်ကျန်(ဝက်အူကြွပ် မုန့်တီ) ခပ်မူ(ဝက်ခေါက်) နေ့ယမ်း(ဝက်သားကင်ပြီးပြန်ပေါင်း) နမ့်ဖစ်(ငရုပ်သီးထောင်း).. နမ့်လာခုမ် (ရေနွေးကြမ်း) တကဲ့ ဂုံရှမ်းထုံးစံအစားအစာတွေပါ...။
ကျမက ကိုယ့်ဖာသာကိုယ်သွားထည့်စားတာ..သူတို့ထည့်သလို...မလှတာအမှန်ဘဲ😁
ကိုင်း..ဘာဘဲဖြစ်ဖြစ်..နယ်ဖတ်ပြီးစားကြမယ်..
ရောသမမွှေလိုက်ရင်တော့ ဒီလိုလေးပေါ့....
ဝက်သားမစားသူများ 786 မိတ်ဆွေအတွက် သူတို့ရောင်းတဲ့ဒန်ပေါက်လည်း ၁၅ပွဲစာလောက်မှာထားတယ်
မြေးလေး နံမည်က အွမ်ဖွမ်းတဲ့...ကျမပေးထားတာ.."ဆုတောင်းပေးကြတဲ့ကောင်းခြင်းမင်္ဂလာနဲ့စုထားတဲ့ စုဗူးလေးတဲ့... ကျမဂုံရှမ်းနံမည်လည်းရှိတယ်.. အဖိုးပေးခဲ့တာ  အရင်က မပုတင်အသစ်မရခင်အထိ သုံးပါတယ်။ အသစ်ကိုဘုန်းကြီးကျောင်းမှာ တိုးဝှေးပြီး လုပ်ရတော့ သူတို့က ကိုယ့်နံမည် မရေးတတ်ဘူးလေအေးမြတဲ့ငွေလရောင်လို့ အဓိပ္ပါယ်ရပါတယ်..မမနံမည်က တောက်ပတဲ့ရွှေနေရောင်...😊
ကျမဝေစုမဟုတ်ပါဘူး..ကိတ်ခွဲတော့ နောက်နေ့ဆွမ်းတော်တင်ရအောင်ဖယ်ထားတာပါ....
ခုဆိုမြေးလေးက ၆လကျော်ပါပြီ ပက်လက်ထားရင် အတင်းပြန်မှောက်တယ်တဲ့..အရမ်းအသားဖြူပြီး ချစ်စရာကောင်းတာအမှန်ပါဘဲ....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

4 comments:

  1. မမမီးက ကျိုင်းတုံမှာလားခု... ပို့စ်အသစ်လိုက်ကြည့်တော့ Roll မှာ ခေါက်ဆင့်ကျန်လို့တွေ့လိုက်တာနဲ့ လာခဲ့လိုက်တာ...။ ကျိုင်းတုံကိုမရောက်ဖူးပေမယ့် ကျိုင်းတုံအစားစာတွေကို အွန်လိုင်းကနေကြည့်ပြီး သရေကျနေရသူပါ..။ သွားလည်ဦးမယ်လို့ စိတ်ကူးထားပါတယ်..အရင်ဦးဆုံးဈေးထဲမုန့်လျှောက်စားမယ် ..။ ရည်ရွယ်ချက်ကြီးပုံ...။ ရန်ကုန်မှာတော့ ခေါက်ဆင့်ကျန်စားချင်ရင် Happy Noodles ဆိုင်မှာသွားစားတာပဲ ကျိုင်းတုံလောက်တော့မကောင်းဘူးထင်တယ်...။ ငယ်ငယ်ကမှတ်မိသေးတယ် ဆိုင်မှာ ရှမ်းခေါက်ဆွဲသွားစားရင် ခေါက်ဆွဲလေးအရောင်လှအောင်လို့ဆိုပြီး အမြဲတမ်း နမ့်မန်းဖူးတောင်းတယ်...။

    မိုးငွေ့

    ReplyDelete
    Replies
    1. ရန်ကုန်စမ်းချောင်း ပြည်လမ်းမ
      အရင်ကအောင်ကြီးလက်ဖက်ရည်ဆိုင်နေရာ
      အခုကုန်တိုက်တခုရှိတယ်
      အောက်ဆုံးတပ်မှာကျိုင်းတုံသားတွေ
      ရောင်းတယ်ပြောတယ်သွားစားကြည့်ပါလား
      စမ်းချောင်းမှာဘဲအခုတော့မရှိတော့ဘူး
      ကြက်အူနဲ့လုပ်ရောင်းတာရှိတယ်
      ကျိုင်းတုံမွတ်စလင်ရှမ်းအိမ်
      စားကောင်းတယ်

      Delete
  2. မမီးမီး ဖွားဖွား၂ယောက်လက်ထဲမှာကိုင်ထားတာကောက်ညှင်းပေါင်းလားဟင်။မရောက်ဘူး တဲ့ဒေသအစားအစာတွေတွေ့၇တာကျေးဇူးတင်ပါတယ်။
    စာချစ်သူ(Canada)

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ရှင့်
      အဲ့တာကောက်ညှင်းပေါင်းပါ
      အရင်ကတော့အင်ဖက်ခေါ်မလား
      ဆူးနဲနဲလေးရှိတယ်
      အဲ့လိုဖက်နဲ့ထုပ်ပေးတယ်
      ခုတော့ရှားပါးလာပြီဆိုတော့ပလပ်စတိတ်
      တထုပ်စာလေးပေါ့
      နောက်ကောက်ညှင်းတခုက
      ကုန်သွားလို့ဓာတ်ပုံထဲမပါတာ
      ခေါက်အူလို့ခေါ်တယ်
      စိမ်းနုရောင်လေး
      ကောက်ညှင်းစပါးနံပင်(နုတဲ့အပိုင်း)
      (ဗမာလိုမပြောတတ်လို့ရှင့်)
      ချက်ချင်းရိတ်ညတွင်းချင်းပေါင်းရတာ

      Delete