Friday, February 24, 2017

ရေခဲဟော်တယ်

မင်္ဂလာပါရှင်~~~
Photographer ကြီးတယောက်ပါလေ....
တည်းရမဲ့ Hotel ကလည်းမဆိုးပါဘူး။ မနက်စာမကကျွေး၊ စားမယ်ဆိုရင် ၁၅ $ ပေးပြီးဝယ်စားရပါတယ်။
ကိုယ်တော့ မနေ့ညကမုန့်လေး မိတ်ဆွေတို့ပေးတဲ့ ဒိန်ချဉ်တွေနဲ့ အိုကေလိုက်ရတယ်😆 ချွေတာစုဆောင်း
သူထေးလောင်းကွ..။ ဟော်တယ်ကနေလှမ်းကြည့်တော့ ကောင်းကင်ကြီးကသာယာလှပနေပါတယ်။ ဂိုက်
မမလေးပြောတာ ဒီနေ့ကသူတို့ဆီမှာ စပယ်ရှယ်အရမ်းအေးပါမယ်တဲ့.... -21ံC ဖယားဖယား...
ကိုင်း..လမ်းတလျှေက်ဖြတ်သန်းသွားတဲ့နေရာကြည့်လိုက် အေးစက်မာကြောနေသလို....။ မြစ်ပြင်ကြီး
လည်းရေတွေခဲလို့..။

ဒီဒေသက ပြင်သစ်စကားပြောဆိုတော့ အခေါ်အဝေါ်တွေကလည်း ပြင်သစ်တွေလိုပါဘဲ..


Quebec ထဲပြန်ရောက်လာပြီ။
ရေခဲဟော်တယ်ဆိုလို့...ရေခဲတုံးကြီးတွေလိုက်ရှာတာ..မတွေ့ရဘူး...ဒါကတော့ အဝင်ဝ..
ထုံးစံပေါ့..တံခါး ၂ ဆင့်ဖြတ်ပြီးသွားလိုက်ရင် အထဲမှာနွေးသွားတာဘဲ..လူတွေလည်း တရုန်းရုန်းနဲ့၊ လက် မှတ်ပြသွားချင်တဲ့နေရာပြော..၊ တာဝန်ကျသူတွေက လိုက်ပြပေးတယ်။ ကစားကွင်းရှိတယ်။ ရေကူးကန်ရှိ
တယ်။ ရေခဲဟော်တယ်ရှိတယ်။ ရိုးရိုးဟော်တယ်ရှိတယ်..ကဲပြော...ဘယ်နေရာသွားမှာလဲ...။
ကိုယ်တို့တော့ တနေရာရောက်ရင် ခင်သက်ထွေးလေ... ရေအိမ်ရှာရတာပါဘဲရှင်...😂
လူတွေအတော်များတာဘဲ.. ၃လလောက်ဘဲဖွင့်တာကို လာကြတာ သန်းချီပါတယ်တဲ့...။ ရေကူးဝတ် စုံတွေနဲ့ လူတွေကိုတွေ့တော့အစက အရမ်းအံသြနေတာ။ ကိုယ်တို့မှာတော့ စစ်ထွက်မဲ့အတိုင်းပတ်ရထပ်
ရ..သူတို့က ဘီကနီတွေနဲ့ ခေါင်မိုးတခုထဲအောက်မှာ လူတန်းစား၂ရပ်ရှိလေသည်..👀အင်္ကျီထူတွေကို
လက်ခံပေးတဲ့ကောင်တာတွေလည်းရှိတယ်။ ခလေးတွေအများကြီး အုပ်စုလိုက် အထူထည်တွေချွတ်ကြ
တော့ ခင်စပ်စုက သွားကပ်မေးပါတယ်။ သူတို့လို ငါလည်းချွတ်ပြီး အပ်ခဲ့ရမှာလား..လို့..။ ဘယ်သွားမှာ လဲမေးမှ ရေခဲဟော်တယ်...ဆိုရင် မလိုပါဘူး..တဲ့။ ဟိုကခလေးတွေက ရေကူး..တဲ့...အဲဒီနေရာအထဲကို ဝင်ကြည့်ချင်တာ..မဝင်ရလို့..ဘယ်လောက်ကြီးတဲ့ရေကူးကန်လည်း တကယ်သိချင်တာဆို...လူတွေအများ
ကြီးရာချီပြေးဝင်သွားကြတာ...
 ကဲပါလေ..မှန်တံခါးကြီးရဲ့ ဟိုဖက်မှာတော့ ဘောကွင်းတွေနဲ့ နှင်းလျှောစီးနေကြတာတွေ့ရပြီ....
ကဲ..အထဲဝင်ကြရအောင်...နှင်းကဖြူ ရေခဲကဖြူမယ်ငီးအင်္ကျီကဖြူ..ခင်ခင်ဖြူဖွေးနေတာဘဲ..
 
လူကလည်းအမြဲအိတ်တလုံးကိုင်နေတာ အဲ့ထဲမှာ သိုးမွှေးစောင်သဘက်တခုထဲ့လာတယ်..ချမ်းရင်ခြုံဖို့..
ဒါတ်ထဲမှာ ပုံပဲ့လိုက်တာဟယ်...😝
 အထဲမှာရေခဲတုံးတွေကို တိရစ္ဆာန်ပုံထုလုပ်ထားပါတယ်...
 တံခါးကို အထဲကနေပြန်ကြည့်ရင်...
 ချာဒ့်ကျောင်းထဲကထိုင်ခုံတွေ...
အဲ့ဒီနေရာမှာ တနှစ်ကို မင်္ဂလာဆောင်ပွဲပေါင်း ၂ဝဝ ကျော်ကျင်းပရတယ်တဲ့...
ရေခဲဟော်တယ်ကဂိုက်ကြီး....သူရှင်းပြနေတာ ကိုယ်လည်းထိုင်နားထောင်နေတာ..သူကပြီးတော့လာ
ပြောပါတယ်။ အဝင်ဝမှာ ၄၅မိနစ်တခါ လိုက်ပြောပေးတာရှိတယ်။ အဲဒီနေရာမှာနားသွားစောင့်နေပါ။ခုဟာ
ကတဝက်တပျက်ဖြစ်နေတာရယ်၊ သူတို့Tourကသပ်သပ်မို့လို့ပါ...တဲ့ မျက်နှာချိုချိုလေးနဲ့လာပြောပေးပါ တယ်။ အားနာလိုက်တာ အော်ငါလည်းအရှက်မရှိသူပြောတာနားထောင် သူ့ကို Video တွေရိုက်မိတာကိုး
ဘဲဒီးဆော်ဒီး.အခါတသောင်းပြောပြီး ပြေးထွက်လာရတယ်..နိုင်ငံကြီးသားကိုကိုရေ့......

ကဲပါလေ...အချိန်ရှိခိုက် ဓါတ်ပုံရိုက်....ဟီးဟီး ကိုယ်ကလည်းရိုက် မိတ်ဆွေကလည်း ပဲလိုက်ပေးနဲ့ အရမ်း
ကြီးဟန်ကျလို့..ပျော်စရာကောင်းထှာ...

 သူတို့ lobby ထဲကထိုင်ခုံနဲ့ပန်းသီးစားပွဲ
 အရက်ဘားတဲ့...
 မယ်ငီးနဲ့မိတ်ဆွေသားအမိ..
ဟေး..ရှားရှားပါးပါး..မီးလှုံလို့လည်းရတဲ့နေရာလည်းရှိ....
 ရေခဲဖုံးကြီး...
 ထိုင်ခုံတွေက သားမွေးထည်တွေခင်းထားတာ..ထိုင်ရင် ရေမစိုဘူး...
 ဓါတ်ပုံမရိုက်တတ်ရင် အားလုံးကဖြူနေတာ..ဘာမှမလှပါဘူး....
 လူတွေလည်း ဟိုနား ဒီနား...မပါအောင်ရိုက်တာ..တခုမှမကောင်းဘူး...
 ရေခဲဟော်တယ်အိပ်ခန်း... တခန်းကို 400 $လောက်ပေးရတယ်။ ပရိုမိုးရှင်းအချိန်ဆိုရင် 290$ ကျော်တဲ့။
ရေခဲလှော်ကား..သံပြားတော့ထဲ့ထားတာတွေ့ရတာဘဲ..အဲ့ထိပ်တက်ပြီး ဘေးကနေရေခဲပေါ်လျှော်ဆင်းလာ လို့ရတယ်...ကိုယ်တို့ထဲကတရုတ်အဖိုးကြီးတယောက်လျှောဆင်းတာ သူ့ကိုယ်ကြီးကလေးလို့ လျှော်ကနဲမ ဆင်းလာနိုင်တော့ လက်နဲ့ထောက်ထောက်ပြီးတွန်းလာရတယ်..ပါးစပ်ကလည်းအော်လိုက်တာ မိန်းမရေ.. ငါလာပြီ ကင်မရာချိန်ပါဟ ချိန်ပါဟ..နဲ့..တကယ်ရီရတယ်...
ကဲ..အချိန်စေ့တော့မယ်...သတ်မှတ်တဲ့နေရာအရောက်ပြေးရမယ်လေ...ရေခဲဟော်တယ်ဝင်းထဲက မုန့် ဆိုင်မှာ မုန့်ဝယ်စားတာ Video ဘဲရိုက်ထားမိတာ..အဲ့တာတင်တာမရဘူး..ဆိုက်ကြီးလို့တဲ့..အဲ့ဒီမှာပြော
ပြချင်တာက သကြားကွက်ကီးတဲ့..၃ခုကို (၄-၅ ဒေါ်လှလောက်ကျမယ်နဲ့တူတယ်) တခုမှ အမေရိကငွေ ၂၅ ပြားစေ့တန်လောက်ဘဲရှိတာ..သေးသေးလေး...စားဖူးသည်ရှိအောင်ဝယ်စားကြတာ..အိုးလာလား...
ပြင်သစ်လိုအော်ပါရစေ..သကြားခဲကြီးကိုက်ရသလိုဘဲ...ဘာမှအနံ့အရသာမရှိ...မြန်မာပြည်မှာ မိန်းခ
လေးတယောက် ထန်းညှက်တွေနဲ့ စားစရာလုပ်ပြီး အထုပ်လှလှလေးရောင်းတာ...အောင်မြင်တယ်ဆိုတာ
မထူးဆန်းပေဘူးဘဲ...မွှေးကလည်းမွှေး အချိုကစိမ့်နေတာ...။ တကယ်တန်းလုပ်မယ်ဆိုရင် ကိုယ်တို့ပြည်
ကဒေသအသီးသီးရဲ့ ရိုးရာမုန့်တွေကို အဆင့်မြင့်ပြီးသပ်သပ်ရပ်ရပ်ထုပ်ပိုးရောင်းချမယ်ဆိုရင် တကမ္ဘာလုံး
ဘယ်နေရာမဆို သွားရောင်းလို့ရတယ်...။ မယ်ငီးကိုလာပြောရောင်းပေးမယ်..ဈေးကွက်ရှာတာ လွယ်မှ လွယ်...😏

 နောက်တော့ ပြန်အထွက်မှာ ရိုရိုးဟော်တယ် lobby ကနေဖြတ်သွားရတာ..
 ခလေးတယောက်ကို ဆွဲလာတာ..မြင်လို့..
 ခလေးတင်မက လူကြီလည်းစီးကြတာပါဘဲ..ကိုယ်လည်းစီးချင်တာ..အချိန်မရလို့...
ကဲ...ကမန်းကတန်းရေးတဲ့စာလို့သာ မှတ်ယူပါ....နောက်အပတ်ခရီးထွက်ရမှာ မထွက်ခင်ရေးပြီး တင်တာ
ကိုဆက်တင်နဲ့ချိန်ထားတာ... မိတ်ဆွေများ ဒီစာဖတ်ချိန်မှာ မယ်ငီး ရေခဲအရပ်ကနေ ရေပူပူ နေပူပူရှိရာ အရပ်ကို သွားဖို့ လိမ်ပြန်ကြီးထဲကွေးပြီးအိပ်နေတဲ့အချိန်လို့သာ..မှတ်ကြပါရှင်.....နောက် ၃လလောက် ကြာမှပြန်လာမှာဖြစ်တဲ့အတွက်..ကြားထဲပျောက်နေရင်လည်း... ရွှေပြည်ကြီးတနေရာမှာ ဒူးနန့်နေတာဖြစ်
လို့ ခွင့်လွှတ်ပါရှင်.... (ဖုံးလေးနဲ့ အင်တာနက်လောကကြီးကိုမကြည့်တတ်ဘူးလေ) old fashion lady
ဖြစ်လို့ ဖုံးလေးကလည်း သေးသေးလေးဘဲကိုင်တာလေ.. 😀😂😋

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

10 comments:

  1. Replies
    1. Start from 27th Feb,
      until now non stop traveling:P
      Have fun but tired :D

      Delete
  2. Church ကထိုင်ခုံကို ချက်ချင်းကြည့်လိုက်တာ ထိုင်ခုံတွေကို ချောကလက်ရည်လောင်းထားတာ အထူးအဆန်းပဲ ထင်လိုက်တာ... နောက်မှသိတယ် ထိုင်ရင်မအေးအောင်လို့ကို အစားသမားမို့ အစားအသောက်ပဲတွဲမြင်တတ်တယ်ထင်တယ်..
    Have a safe trip မမီး..

    ReplyDelete
    Replies
    1. ကျမလည်းအထူးအဆန်းမို့လို့
      ရေးချင်ပြောပြချင်တာလေ..
      ရေခဲပွဲတော်တောင်မရေးရသေးဘူး...
      နောက်ထပ်ခရီးမျီုးစုံသွားနေတာ..
      နောက်ခရီးသွားအကြောင်းတွေ
      အာလူးလာဖုတ်ရအုံးမယ်...
      အခုကထိုင်းခဏရောက်တုံး
      ဝင်ဖတ်စာပြန်ရေးတာပါရှင့်း)))

      Delete
  3. သုံးလတောင်ပျောက်နေမှာလားလို့ ..
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အခုထိုင်းရောက်တုံးလေး..
      ရေးမလားလို့...
      ၃-၄ညဘဲအိပ်တာပါ..
      တနေကုန်လည်
      ညကျအရမ်းမိုးချုပ်တာ
      ဟီး..စဉ်းစားခန်းဘဲရှိတာ..

      Delete
  4. ကိုယ်တိုင်ရောက်သွားသလို ခံစားဖတ်သွားတယ် ကျေးဇူးပါ မီးငယ်။

    ReplyDelete
    Replies
    1. မတွေ့တာကြာပေါ့အန်တီတင့်
      နေကောင်းပါရဲ့လားရှင့်

      Delete
  5. ပုံတွေကြည့်ရင်းေ၇ာက်နေတယ်

    ReplyDelete
    Replies
    1. ဒီပို့စ်ရေးပြီး၃လလောက်ပျောက်သွားတာဘဲ
      စပယ်ရေ..

      Delete