Tuesday, September 6, 2011

ကုလားကုန်စုံဆိုင်က ချဉ်ပေါင်ရွက်နဲ့  ကျမ

မင်္ဂလာပါရှင်~~~
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကကုလားကုန်စုံဆိုင်ကိုသွားတာ၊ကံကောင်းထောက်မစွာလို့ ပြောရမှာလား၊
ထီပေါက်တယ်လို့ ၊ ပြောရမှာလား မသိပါဘူး ချဉ်ပေါင်ရွက် တွေတွေ့ တယ်။
၎စည်းဘဲတွေ့ လို့ အားလုံးယူလိုက်ပါတယ်။

ကျမတော့ ၄-၅ နှစ်ရှိပြီ၊တခါမှချဉ်ပေါင်ရောင်းတဲ့ဆိုင်ကိုရှာမတွေ့ တတ်ဘူး။
အဲဒီအချိန်မှာဘဲ ဆာရီအ၀ါဝတ်ထားတဲ့ ဒေါ်ကုလားမ ကြီးကလည်း၊ရောက်လာပြီးသူလည်းလိုချင်လို့ တဲ့။
ကျမနားမှာဘဲပတ်ပြီး မေးနေတော့တာဘဲ။ဘယ်လိုချက်စားလဲ၊ဘာလဲညာလဲပေါ့၊
သူ့ မျက်လုံးကိုကြည့်မိတော့သနားသွားမိပါတယ်။ အဲဒါနဲ့ တစည်းခွဲပေးတာ၊ 
အိုး..ကိုယ့်လူက အကောင်းဆုံးကိုရွှေးပြီး၊နောက်တစည်းပါပေးပါတဲ့၊ ဗုဒ္ဓမြတ်စွာဘုရား ....။
ကြားဖူးခဲ့တဲ့ သဲကန္တရကုလားအုတ်ပုံပြင် ဆိုတာတကယ်နော်။
သနားလို့  ကုလားအုတ်ကိုတဲထဲခေါင်းထဲ့ထားပေးမိတာနဲ့ ၊
တဲရှင်လည်း နောက်ဆုံးကန်ထုတ်ခြင်းခံရတာလေ။

ကျမလည်း ၁ စည်းထဲပေးပြီးလစ်တော့ တာပါဘဲ..ဟီး
အိမ်ရောက်တော့ ကျေးဇူးရှင်ကလည်း ချဉ်ပေါင်ရွက်ဟင်းရည်၊သူချက်မယ်ဆိုဘဲ။
ကျမက မျှစ်နဲ့ ကြော်မယ်ပေါ့ ၊နောက်တော့ တယောက်တ၀က်နူန်းချက်ကြမယ်ဆိုပြီး
သဘောတူညီမူ့ ရသွားပါတယ်။သူ့ ဟင်းကို အရင်စားရမယ်ဆိုတာတော့ အဲဒီတနပ်ကို၊
ကိုယ်အားလုံးကြည့်စီစဉ် မယ်တဲ့။
အိုးထဲမှာအားလုံးစုပေါင်းထည့်လိုက်တာပါဘဲ ခက်တာမှတ်လို့ 
လွယ်လိုက်တာ ကြက်ကင်နဲ့ ၊ကျမကအသီးအရွက်တခုဆိုတော့ ဘေဘီမုန်လာဥနီ။:((((
အရွက်သင်တာတောင် ကိုယ်တိုင်သင်တာဗျ~။
စားနေတုံး လျှာရှည်ပြီးမေးလိုက်မိပါသေးတယ် အဲဒါတောချက်နည်းလားဟင်..လို့ ၊
မျက်စောင်းထိုးခြင်းတော့ခံလိုက်ရတာပေါ့ ..ဟီး။
ကုလားပဲမူန့် စစ်စစ်ရလာတယ်၊ soya bean အမူန့် ကိုတော့ ထိုဖူးနွေးလုပ်စားရင်ပဲမူန့် နဲ့  ရောဖို့ ။
ထပ်တရာ နံပြား ပလာတာ အစုံရတယ်ဗျာ...ဆိုင်ထဲကိုတော့ ကင်မရာတကားကားနဲ့ ရိုက်ရဲဘူး။
ဖုံးနဲ့ ဆိုတော့ ခပ်မူံမူံလေးပေါ့ :))
 စာကလေးခွေတခုဘဲသိတယ်
သူတို့ လူမျိုးတွေကြီးဘဲ
မိတ်အင် အိန္ဒိယ..ကွ
မုန့် ပုံးကြီးတွေ

ဖွင့်ကြည့်မြည်းကြည့်တာပေါ့

ဘယာကြော်



စမူဆာ
ဘာမုန့် လဲသိဘူးတော့
အေးချမ်းရွင်လန်းကြပါစေနော်~~~~
ခင်မင်တဲ့
မီးမီး

4 comments:

  1. ရှမ်းတိုဖူးသုတ်စားချင်လို့ (တိုဖူးကကြည်ကြည်ပျော့ပျော့လေးလေ၊ ကြာညို့ချိုချိုလေးနဲ့ သံပုရာသီးလေးထည့်)အဲ့ဒါ ကုလားပဲတစ်ထုပ်ဝယ်ပြီးကြိုလိုက်တာ အေးလဲအေးရော အရမ်းမာနေပြီး မြန်မာတွေရောင်းတဲ့ တိုဖူးသုတ် တိုဖူးဖြစ်သွားတယ်...ဒွတ်ခ..ဒွတ်ခ...နှစ်ပြန်တွေ သုံးပြန်တွေပဲကြော်စားလိုက်ရတယ်..စု

    ReplyDelete
  2. ကောင်းလိုက်တာ ချဉ်ပေါင်ရွက်။ ဒီမှာတော့ တခါမှမတွေ့သေးဘူး။ ကိုယ်ကပဲ မနှံ့လို့လားတော့မသိဘူး။ ကုလားဆိုင်တော့ရှိတယ်။ သိပ်ကြီးခဏခဏမသွားဖြစ်ဘူး။ အဲလိုဆိုင်ကြီးမျိုးရှိရင်ကောင်းမယ်။ နယူးယောက်မှာ ကုလားတွေများတယ်ဆို။ တရုတ်တွေလည်းများတော့အတော်ပဲ ဘာစားချင်ချင်ရှာရလွယ်တာပေါ့နော်

    Mandy

    ReplyDelete
  3. မောင်တအိုးမယ်တအိုးချက်ကျတာပျော်စ၇ာကြီး။အိမ်က
    လူကြီးကတော.ချက်ဖို.နေနေသာသာစားအောင်တောင်
    မနည်းကျွေးနေ၇တယ်။အာ၇ှတိုက်သားတွေပေါတဲ.နေ
    ၇ာမှာနေ၇တာလည်းကောင်းတယ်။လိုချင်တာအကုန်၇ှာ
    ၇လွယ်တယ်။ကျမနေတဲ.မြို.ကအာ၇ှတိုက်သားနည်း
    တော.ကုလားဆိုင်၊တ၇ုတ်ဆိုင်တွေက၇ှိတော.၇ှိတယ်အ
    စုံမ၇ဘူး။ချဉ်ပေါင်၇ွက်ကတော.ဒီမြို.ကတဦးတည်းသော
    ဗမာအန်တီကြီး၇ဲ.ကျေးဇူးကြောင်.ဝယ်စားစ၇ာကိုမလို
    ဘူး။သူကကိုယ်တိုင်စိုက်တာလေ။florida မှာကချဉ်ပေါင်
    စိုက်၇င်ဖြစ်တယ်.....

    ReplyDelete
  4. ဒေါ်ကြီးစုရေ.. သိပ်ညောင်စေးကျအောင်ကျိုနဲ့ လေ၊
    ထိုဖူးသုတ် သံပုရာသီးနဲ့ ဆို၊ အနံအရသာကြီးကတမျိုးကြီး
    ဖြစ်နေမလားလို့ :)

    Mandy ရေ..
    မြို့ ထဲမှာတော့တရုတ်တွေများမှများ၊
    တရုတ်တကမ္ဘာလုံး
    ဒီရောက်နေလားလို့ တောင်ထင်မိတယ်..
    Queen ဖက်မှာတော့ဗမာ ကုလား တရုတ် အာရှတွေများတယ်။
    ကုလားတော့ နေရာတကာဘဲ၊
    တက်စီမောင်းတဲ့လူဆိုရင် ကုလားချည်းဘဲ။
    ဆရာဝန်ဆိုလည်းသူတို့ ဘဲ။
    အဲဒီဆိုင်ကိုဆရာဝန်
    လိုက်ရှာရင်းတွေ့ တာလေ။
    ကျမတို့ ဖက်မှာကိုးရီးယား ကုလား ဂျုးပိုများတယ်လေ၊
    ဆိုင်က တရုတ်ဆိုင်ထက်စာရင် အများကြီးသန့် ရှင်းတယ်။
    ;P

    Jewel ရေ..
    ယောက်ကျားတော့ ညကြီးမင်းကြီးလက်နှိပ်ဓါတ်မီးနဲ့ ၊
    အိမ်ပြုတင်းပေါက်အပြင်ဖက်
    အောက်နားကမြေကွက်လပ်မှာ
    ချဉ်ပေါင်ရိုးတွေသွားစိုက်ထားပြီးပြီလေ။
    ကိုယ်ပိုင်မြေလည်းဟုတ်ဘူး။
    apartment ပိုင်မြေတွေ။
    ဘယ်တော့သူများလာနုတ်မလဲ
    မသိပါဘူး:)
    သူလည်းဒီတခါနဲ့ ပေါင်းမှ
    ၃ခါဘဲချက်ဖူးတာ။
    အထင်မကြီးနဲ့ ..အဟိ..

    ReplyDelete